http://ashinmettacara.blogspot.com/
Internet connection မရှိပဲ အီးမေးကို ဘယ်လိုပို့၊ ဘယ်လိုချက်မလဲ
#fullpost {display:none;}
28/01/2008ဒီအိပ်မက်ကို Google ထက် ဟိုးအရင်ကတည်းက ၊ B.A နောက်ဆုံးနှစ်ကိုတက်နေစဉ် ကုလားဘုန်းကြီးကျောင်းတစ်ကျောင်းမှာ Python Programming Language ကို လေ့လာနေတဲ့ညအခါ လသာသာမှာ မက်ခဲ့ဖူးပါတယ်။အခုတော့ လုံးဝပြီးပြည့်စုံတဲ့စိတ်ကူးအိပ်မက်မဟုတ်ခဲ့ရင်တောင် အင်တာနက်မရှိပဲ သုံးစွဲနိုင်မည့်နည်းလမ်းအစလို့ ပြောလို့ရနေပါပြီ။ယခုလ ဇန်န၀ါရီလ ၂၇ရက်နေ့မှာ Gmail Offline ကိုတရားဝင်သုံးစွဲဖို့ကြေညာလိုက်ပါတယ်။ အဓိကအားဖြင့် ခရီးသွားနေသူတွေ၊ တိုက်ပွဲဝင်နေတဲ့ KNU တို့လိုလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ရှေ့တန်းမှာအဆင်ပြေအောင်ဆိုပြီး ဖန်တီးခဲ့တာ.....ဂဲဂဲ ... ထင်နဲ့...နောက်တာ။ :) :)မိမိတို့သုံ:စွဲနေတဲ့ Gmail ကို ကြိုက်တဲ့ကွန်ပျူတာပေါ်မှာ အင်တာနက်ကွန်နက်ရှင်းလိုင်းမရှိပဲသုံးစွဲနိုင်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ဖိုရမ်တွေမှာ ဆွေးနွေးနေခဲ့ကြတာတော့ကြာပါပြီ။Gears ကနေ မိမိတို့ဒေတာတွေကို သိုလှောင်ထားပေးပြီး မိမိတို့သုံးနေကြ Online မှာကဲ့သို့သုံးစွဲနိုင်ပါတယ်။ဦးဇင်းကတော့ Gmail engineer အဲန်ဒီပါလေကြွားပြီးလို့ ၁၅ မိနစ်မကြာဘူး စမ်းကြည့်တယ်။ ကောင်းမှကောင်း။ကဲဘယ်လိုလုပ်မလဲ။အရင်ဆုံး http://gears.google.com/ ကိုသွားပြီး ဒေါင်းလုပ်လုပ်ပါ။ ပြီး Installation လုပ်။ပြီးတာနဲ့ IE, Firefox Crome စတဲ့ Browser တွေကို Restart ပြန်လုပ်ပါ။(1)(2)Gmail ကိုသွားပါ။ ညာဘက်အပေါ်ဆုံးဒေါင့်ပေါ်မှာ Setting ဆိုတာကိုတွေ့အောင်ရှာပြီး ကလစ်တစ်ချက်နှိပ်ပါ။ Labs ဆိုတာကို တွေ့အောင်ရှာပြီး ကလစ်တစ်ချက်နှိပ်ပါ။ Offline Gmail ဆိုတာကို ရွေးပြီး Save Changes ဆိုတာကို နှိပ်လိုက်ပါ။ ရပြီ။နေအုံး၊ ပြောလို့မပြီးသေးဘူး။ Setting ဘေးနားလေးက "Offline 0.1" ဆိုတာကို ကလစ်တစ်ချက်လုပ်ပါ။ ဘောက်စ်တစ်ခုကျလာလိမ့်မယ်။ Agreement ပါ၊ ပြီးတာ သူက မိမိရဲ့ Gmail အိုင်ကွန်ကို ဘယ်မှာထာချင်းလဲဆိုတာမေးမယ်။ Desktop ကိုသာရွေးလိုက်ပါ။Ok? လား၊ No လား၊ Yes လား :) :)ပြီးတာနဲ့ Desktop သွားကြည့် Gmail အိုင်ကွန်တစ်ခုကိုတွေ့လိမ့်မယ်။ Good job! :)ကဲစမ်းကြည့်မယ်။ မိမိတို့သုံစွဲနေတဲ့အင်တာနက်ကို ဖြုတ်လိုက်ပါ။ ကွန်နက်ရှင်းမရှိတော့ဘူးနော်။ Desktop ပေါ်က Gmail အိုင်ကွန်ကိုနှိပ်လိုက်ပါ။ You see? How cool it is! You look great perfect.မိုက်တယ်ကွာ.........အင်တာနက်ကိုပြန်တတ်လိုက်တော့........အဲလိုလေး.......တစ်မိနစ်တောင်ကြာဘူး။ ကိုယ်ပို့လိုက်တဲ့အီးမှန်သမျှ သူတို့ဆီရောက်ပြီ။ကဲ...အဲန်ဒီရေ နောက်ထပ် Offline Blog အတွက် ထပ်ကြွားပေးပါအုံး။
အစအဆုံး..ကြည့်ချင်ပါက....
နေသားတကျ..ပြန်ခေါက်ထားခဲ့ပါ ..
checkFull("post-" + "6220494451742254449")
news article, news
Sunday, February 1, 2009
ကူးယူဖော်ပြခြင်း။
Posted by sunshinepaung at 7:29 PM
Labels: အီးမေးဆိုင်ရာ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment