CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, February 15, 2009

(ဖြစ်ရပ်မှန်ပုံပြင်တပုဒ်)တခါတလေတော့- ဘဝမှာရှုပ်ယှက်ခတ်အကြောင်းတွေကြောင့်ပေတရာလမ်းမပေါ် ရောက်သွားရတဲ့သစ်ရွက်ခြောက်လေးတွေလိုကြမ်းတမ်းစွာ ကားတစီးဖြတ်သွားတိုင်းမမီနိုင်မှန်းသိပါလျက်မဖြစ်သေးတဲ့ မာနလေးနဲ့ပယောဂ အဟုန်တွေကြောင့်မီလိုမီငြားမိုက်မဲမှုနဲ့ ပြေးလိုက်သလိုမျိုးပေါ့။တခါတလေတော့-အမြင်နဲ့အတွေ့ကွာခြားလှသလို နောင်တကြီး တခုကိုဆုအဖြစ်နဲ့ ပိုင်ဆိုင်သွားရစမြဲပေါ့။တိမ်းညွှတ်စေတတ်တဲ့မျက်လုံးစိမ်းစိမ်းကြီးနဲ့ဖြူမွမွ နှင်းပွင့်တွေကိုထွေးပိုက် ရင်ခုန်မိချင်တော့ငတ်ပြတ်တဲ့ဖုတ်ကောင်လိုချွန်ထက်တဲ့ အေးစက်ခြင်း အစွယ်များစွာနဲ့သွေးခဲမတတ်နေရာမလပ် အငမ်းမရ ထိုးနက် ကိုက်ဖက် ခံရတော့အားကိုးယုံစားမိခဲ့တဲ့နေရောင်ခြည်ရဲ့ အနွေးဓါတ်လည်းနှင်းထုရဲ့ အေးစက်ခြင်း ကွန်ခြာကိုမထိုးဖေါက်နိုင်ဘဲအလင်းရောင်တခုနဲ့သာ နှစ်သိမ့်မှုပေးပြီးအဝေးဆုံး တနေရာမှာ နေရရှာပေါ့။တခါတလေတော့-ဒုက္ခဟာ ယဉ်ကျေးလွန်းလှသလိုအန္တာရာယ်ဟာလည်း လှပလွန်းနေပြန်တယ်၊အကြင်နာတရားမရှိသက်ရွက်နဲ့ငှက်ကလေးကိုတောင်မသနားတတ်တဲ့နှင်းဖတ်တွေကြားမှာဝံပုလွေပါ ဝိုင်းရံခံရတော့တခါက၊၊၊၊၊၊၊၊၊၊၊၊မြတ်နိုးမိခဲ့တဲ့(မမေ့နိုင်သေးတဲ့)နွေးထွေးတဲ့ မိုးရည်စက်လေးတွေအိပ်ရာဝင် ဂီတသံတခုလိုချော့သိပ်တတ်တဲ့ မိုးချုန်းသံလေးတွေကိုမွတ်သိပ်စွာ ယောင်ယမ်း တမ်းတမိစဉ်-ဒဏ်ရာများစွာနဲ့ နှင်းခဲပေါ်လဲကျခန္ဓြွာကိုယ်ထဲ နောက်ဆုံးသက်စောင့်မျှောင်လင့်ချက် အားတဖျစ်နဲ့လေးလံလွန်းတဲ့ မျက်ခွံများကို တွန်းကန်ဖွင့်ရင်းကိုးစားခြင်းများစွာနဲ့ကောင်းကင်ကို မော့ကြည့်မိတဒင်္ဂအဆုပ်လိုက် အလိပ်လိုက်ပြေးလာနေတဲ့ တိမ်တွေမြင်တော့စင်္ကြာဝဠာ အမိုးကိုတက်ဆောင့်မိသွားတဲ့ ဝမ်းသာမှုနဲ့ကြည်နူး ရွှင်မြူးနေစဉ်ဖျတ်ကနဲ သတိဝင်ဖြန်းကနဲ ကြက်သီးထဖြုန်းကနဲ ရင်ကိုဝင်ဆောင့်ထိတ်ကနဲ တုန်လှုပ်မှုဖြင့်ဟင်၊၊၊၊နှင်းနှင်းနှင်းတိမ်။တခါတလေတော့-ဘဝမှာကိုယ်မျှော်လင့်အားကိုးမိတာကိုယ့်သေမင်း ဖြစ်နေပါရော့လား။ ။
ထူး

(ဆေးမရှိ)အရမ်းမြန်နေပြီဆိုကြင်နာမျက်ဝန်းနဲ့ ပက်ကျိကလှည့်ကြည့်ရလွန်းလို့အနှိပ်ခန်း ရောက်သွားရတဲ့ပဟေဠိတခု။ဟိုက်ဒြိုဂျင်နှစ်ဆနဲ့အောက်စီဂျင်တစ်ဆဟာဇာတ်အနိမ့်အမြင့် မရှိဘူးအသားအရောင် မခွဲခြားဘူး။မှောင်မိုက်မှ ကွယ်နေတာမဟုတ်လင်းလွန်းရင်လည်း မှုန်ဝါးတတ်တယ်။လက်ခံပါတယ်ခြေတလှမ်းရဲ့ ရာဇဝင်နဲ့တန်ဘိုးကိုဒါပေမဲ့အလယ်မလပ်ဖို့အရေးခွါမလိပ်ဖို့အရေးကြမ်းမကျွံဖို့အရေး။သစ်တပင်လို တည်ငြိမ်ဖို့ထက်အသံကြောင့် ဖါးသေနိုင်တာကအခြေခံ အကြောင်းရင်းများစွာနဲ့သစ်ရွက်ကြွေနိုင်သလိုမျိုးပေါ့။မိခင် နို့ရည်ကြည် တစက်ဟာဇီဝကရဲ့ အစွမ်းဆုံး ဆေးတခွက်ထက်အပြစ်ကင်းစင်တဲ့ ကလေးငယ်အတွက်တသက်စာ ဖူလုံတယ်နော်။ ။ထူး ရေအပြည့်ဖြည့်ထားကြ လူစည်ကားတဲ့နယူးယောက်မြို့ တနေရာကနှင်းတောမှာ လမ်းလျှောက်ရင်းတို့ကတော့အမ်အိုင်တို့ရဲ့ မျက်လုံးကို ထောက်ထားတဲ့ဒေါက်တိုင်တွေ ဘယ်လိုဖြုတ်ယုံကြည်ချက် အတွက်ဆိုထောင်ဆိုတာ လမ်းထောင့်ကိုဇယ်တောက်သွားရသလိုအပျင်းတောင်ပြေသေးဆိုပါလား။အော့စ်စလိုမြို့ရဲ့ အခန်းတခန်းကိုအလည်ရောက်သွားတော့ကိုယ်ကတော့၈၈ တုန်းကဟိုသပိတ်စခန်းက အမာခံပေါ့ပါတီဘယ်နှစ်ယောက်ကိုဖြုတ်ကောင်စီရုံးဘယ်နှစ်လုံးသိမ်းရပ်ကွက်ထဲမီးကွင်းနဲ့ အဆိပ်ခတ်သူတွေကိုဘယ်လိုဖမ်းပြီးစစ်ခဲ့တယ်ဆန္ဒပြရင်း ဟောခဲ့တယ်ပြည်သူအတွက်ဆိုရင်ဘတ် ဟက်တက်ကွဲပါစေဆိုပါလား။စစ်ဒနီမြို့ရဲ့ ပန်းခြံတနေရာတွေဝေ ငေးမော ထိုင်နေရင်းကျုပ်ကတော့နယ်စပ်က ဟိုစခန်းမှာပေါ့ငှက်ဖျားဆိုတာ ပါမွှားဘဲမျှစ်ပြုတ်လည်း အမြဲစားခဲ့ကျည်ဆံကြားမှာဟင်းရွက်လည်း ခူးစားဖူးခဲ့ တိုက်ပွဲဆိုတာအိမ်ကကြက် ခိုးစားရသလောက်ရင်မခုန်ဘူးခဲ့ဆိုပါလား။ဘန်ကောက်ရဲ့ ညကလပ်တခုမှာရီဝေစွာ ထိုင်နေရင်းကျနော်ကတော့လေ တော်လှန်ရေးဆိုတာလက်နက်ကိုင်မှမဟုတ်အမြင်တူ တဖွဲ့ထောင်အဝေးရောက် ရုံးစိုက်ပြီးကမBာကြီးနဲ့ ဘယ်လိုဆက်သွယ်ဟန်ချက်ညီညီပြည်တွင်းကို ဘယ်လိုထောက်ပံ့ပြည်ပမှာ ဘယ်လိုစောင့်ရှောက်အတိုက်အခံတွေကြားကအများအတွက်ဘဲလေရင်တွင်းဖြစ် စေတနာများနဲ့ခံနိုင်ရည် အပြည့်ပါဆိုပါလား။ငါလေ -သူတို့တွေကိုအားကျရင်း စဉ်းစားရင်းတောတန်းတခုကို ဖြတ်အလာတနေရာကို အကြည့်ရောက်တော့ခါချဉ်အုံတွေနဲ့ ဆူးခြုံတွေကြားမှာလှပတဲ့ ပန်းကလေးတပွင့်ကပြုံးလို့နေပါလား ။ ။
ထူး (ီနခနာဘနမ ၂၃ယ ၂ဝဝ၅)
(အရိပ်မဲ့သစ်ပင်)တနေကုန်တိတ်ဆိတ်ပူပြင်းလှောင်ပိတ်အခန်းကျဉ်းလေးထဲမှာကျိန်စာမိထားလို့ထွက်ပေါက်ရှာနေတဲ့ဦးနှောက်နဲ့တစ္ဆြေွခြောက်ခံထားရလို့ရူးကြောင်ကြောင်ဖြစ်နေတဲ့သိစိတ်တို့ထ ထပြီး သတ်ပုတ်ကြ ။ဆိတ်ငြိမ်ညမှော်ဆန်တဲ့သည်အမှောင်ခန်းထဲမှာအသက်ရှူမွန်းကြပ်လာ ဇောချွေးတွေ ဒလဟောအမောတွေဖေါက်အောက်စီဂျင်ကို တမ်းတရင်းနိုးတဝက်အိပ်မက်လိုယောင်ယမ်းလမ်းလျှောက်ပြီးပန်ကာခလုတ်ကိုဖိမိ။ကာလရှည်ကြာချောင်ထိုးခံထားရတဲ့ညစ်ညမ်းလေပူတွေနဲ့ထွေးပိုက်မြှူသိပ်ခံရတော့နှလုံး အဆုတ်ရောဂါနဲ့ဆေးသဟဇာတမဖြစ်တော့ခံနိုင်ရည် ချည့်နဲ့လာတဲ့အဆုံးထိတ်လန့်တကြားနဲ့အပြင်ကို တွန်းတိုးထွက်ခဲ့။ဟင် ၊၊၊၊၊၊၊မီးရောင်အောက်မှာခန္ဓြွာကိုယ်များစွာလမ်းလျှောက်နေကြပါလား ။ ။
ထူး (မီးအိမ်ရှင်)
အမှောင်တွေ ချိတ်ဆွဲထားတဲ့အခန်းကျဉ်းကျဉ်းလေးထဲသော့တံပါ မေ့ကျန်သွားတဲ့ည။ရသစုံ အာရုံရဲ့ပဋိပက္ခတွေကြားမှာမျက်စိမှိတ် အကျင့်ရှိလာတော့သန်းခေါင်ညဥ့်လည်းမွန်းတည့်လိုဖန်တီးခဲ့။အားငယ်မှု နာကျည်းမှုအဆိပ်အတောက်တွေစားသုံးလာရတော့ရင်ဘတ်ကြီးဟာလည်းအဆိပ်တွေနဲ့ပြီး။ဆန့်ကျင်ဘက်ဒွန်တွဲပြီးနေကြတဲ့သူတို့နှစ်ယောက်ကြားမှာသည်းခံမှုတွေ ကြိုးစားမှုတွေရာသီအလိုက်စိုက်ပျိုးလာခဲ့တော့ဒီအသီး အပွင့်တွေနဲ့ပင့်ကူမျှင်ကြားမှာမှောင်မိုက်ပေမဲ့ကောင်းကင်ကို မော့ကြည့်မြေကြီးပေါ် ငါရပ်တည်ပင်လယ်ဆီသွားတဲ့လမ်းဖြောင့်တန်းနေခဲ့တယ် ။ ။
ထူး
သစ်ကြီးဝါးကြီး(သို့)သံပုရာသီး ခြိမ်းချောက်မှုတခုလိုထစ်ချုန်းသံပေးပြီးအငြိုးကြီးစွာနဲ့သည်းသည်းမည်းမည်း ရွာနေတဲ့မိုးသီးမိုးပေါက် တွေကြားမှာကလေးငယ်လေး တယောက်ဟာအပျော်လွန်စွာနဲ့ပြေးလွှားဆော့ကစား ခဲ့ဖူးတယ်။အိနြေ္ဒရှင် အပျိုမ တယောက်လိုလှပသော ဖြူစင်သောအေးမြသောငွေနှင်းမှုန်တွေကြားမှာဦးနှောက်နဲ့ နှလုံးတို့အသေးစိတ် ဆွေးနွေးပြီးမှအပြင်ထွက် ထိတွေ့ရတိုင်းမှောင်မိုက်သောကြမ်းတမ်းသောအန္တရာယ်ပြွန်းသောတောကြီးမျက်မည်း အလယ်မှာတုတ်ထောက်နဲ့ လှမ်းလျှောက်ထွက်သလိုလူကြီးတယောက်က ရင်ထိတ်စွာ ဖြတ်သန်းနေရတယ်။တခါတရံလေမှာ လွှင့်လာတဲ့ရထားတစင်းရဲ့ ဥသြသံနဲ့အတူပျော်ရွှင်စွာ ဆော့ကစားနေတဲ့ကလေးငယ် တဦးရဲ့ရယ်သံလိုလိုကြားယောင်မိတဲ့အခါခြေတလှမ်းမသိမသာတိုးသွားမိတော့တယ်။ ။
(ထူး)
အတ္တရဲ့နောင်တ
ငါ ၊၊ဘယ်နေရာမှာ ဘာတွေဖြစ်ဘယ်စနစ်က ဘယ်လိုကောင်းအသစ်အဟောင်း အကုန်သိ။ငါ ၊၊၊ဟိုလူ သည်လူ ဘာတွေလုပ်အရှုပ်အရှင်း ဘယ်လိုကင်းအစင်းမြင် အကောင်သိ။ငါ ၊၊၊မပြောပလောက် မက်လုံးလေးနဲ့ဖြားယောင်းခံသွားရတဲ့အဆင့်မြင့် ဦးနှောက်မျှော့သွေးစမ်းတောင် မခံရဘဲအဖေါက်ခံလိုက်ရလေခြင်း။ငါ ၊၊၊ရှက်ပြီးရင်းရှက်ရင်းရှက်ရင်း ရင်း ရင်း ရင်း ။ ။ (ထူး)

အနီးဆုံးလူ
စားပွဲရှေ့ တွေဝေနေရင်းကမBာ့ရန်လို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့ သူတို့နှစ်ယောက်ကိုဘာမှမဆိုင်သလို ငြိမ်ငြိမ်လေး ထိုင်ကာအဆုံးအဖြတ် တခုကို စောင့်နေမိတယ်။ခဏလေးပါဘဲ အောင်နိုင်သူကြီးကထုံးစံအတိုင်းပေါ့ရင်လေးကော့ပြီး ဖေးဖေးမမနဲ့ငါ့ကိုနာတာရှည် ရောဂါသည် တယောက်လိုတွဲခေါ်လာပြီး ပြတင်းပေါက်တခုနား ခုံတလုံး ချကာအမိန့်ပေး ထိုင်ခိုင်းလိုက်တယ်။စိတ်အစဉ်က တွန်းပို့လို့အပြင်ကို ငေးကြည့်နေရင်းခေတ်မှီဖြောင့်ဖြူးတဲ့နှင်းခင်း လမ်းပေါ်မှာ လူတယောက်ကစိတ်ကို တမင်တင်းထားပြီးဟန်ဆောင်တဲ့ တည်ငြိမ်မှုနဲ့အတွဲလိုက် အုပ်စုလိုက်ပြေးဆင်းလာနေတဲ့ နှင်းတွေကြားမှာဝတ်စုံအပြည့်နဲ့ လူမြင်ကောင်းအောင်လမ်းလျှောက်ပြနေတယ်။ငေးကြည့်နေရင်းအေးစက်တဲ့ နှင်းတွေကအေးမြတဲ့ မိုးစက်လေးတွေဖြစ်လာအဲဒီလူကနို့ဆာပြီး ငိုကြွေးနေတဲ့ ကလေးငယ်ကပြေးလာနေတဲ့ မိခင်ကို တွေ့လိုက်သလိုကြောက်ရွံ့မှု ကင်းမဲ့စွာနဲ့ ဝတ်စုံတွေချွတ်ကာမိုးရေကြားက ရွှံ့ဗွက်လမ်းပေါ်မှာအနှိုင်းမဲ့ ပျော်ရွှင်မှုနဲ့ဆော့ပြေး ကစားနေလေရဲ့၊ပီတိဓါတ်ကလေးက ငါ့ဆီကူးအလာခါးတချက် အဆန့်မှာထူထပ်လာတဲ့ နှင်းထုအလယ်မှာလူကြီးတယောက်က တုန်ချိချိနဲ့အိနြေ္ဒကင်းစွာ ဦးတည်ရာမဲ့စက်ရုပ်တခုလို သွားနေပါလား။ငါ့မှာအသိတရားက ခန္ဓြွာနဲ့တွဲလျက်ပါအမြင်အာရုံ မမှားနိုင်ဘူးတခုခုတော့ လုပ်ရမယ်၊ရုတ်တရက်နိုးကြားမှုနဲ့ သိစိတ်တို့ပူးပေါင်းငါ့ကို ခေါ်လာတဲ့လူကိုအလစ်တိုက် အနိုင်ယူပြီးငါ့ကိုစားပွဲရှေ့ ပြန်ပို့ကြတယ်။သေချာတာ တစ်ခုငါ လုပ်ရတော့မယ်။ ။
ထူး

Úပိတောက်သို့တိုင်တည်ခြင်းÚ
Úပိတောက်သိလားသူတို့တွေပေါ့-သင်္ကြန်ရောက်မှအိပ်မက်က လန့်နိုးလာသလိုကယောင်ကတန်းနဲ့(ယောင်ယမ်းပြီး)ပိတောက်ကိုချွဲကြ၊ သဲကြ၊ မြှောက်ကြ၊ ပင့်ကြအလွမ်းသည်ကြနဲ့သင်္ကြန်လည်းပြန်ပိတောက်ကို ချန်ထားခဲ့ကြတာဘဲလေ။Úပိတောက်သိလားသူတို့တွေပေါ့-ပိတောက်ကွယ်ရာမှာအသံထက်မြန်တဲ့ လက်တွေကလျှပ်တပြက် ရိုက်ချက်တွေနဲ့ပြီးတော့ရန်ဖြစ်ကြ၊ထိုးကြ၊ကြိတ်ကြကွဲကြ၊ ပြဲကြနောက်ဆုံးတော့-အဟောသိကံပေါ့။Úပိတောက်သိလားသူတို့တွေပေါ့-ကြည့်တော့ ကောင်းကင်ရှင်သန်နေတာတော့ မြေကြီးအပြောက လေ မီးလက်မှာတော့ ဗလာကြီး။Úပိတောက်သိလားသူတို့တွေပေါ့-အဓိကကို ဘယ်နေရာသာမညကို ဘယ်မှာစိတ်ဖြာပြီး မခွဲခြားတတ်ဘဲနဲ့ရှင်သန်စေမည့်မျှော်လင့်ချက် အိပ်မက်တွေကိုဆောင်ကြဉ်းပေးဖို့ဆိုတာအတွေးဥယာဉ်ထဲ ရောက်ဖို့ထက်ဝင်ပေါက်နားတောင် မရစ်သီလာနိုင်ပါဘူး။Úပိတောက်သိလားသူတို့တွေပေါ့-နှုတ်ခမ်းနှစ်လွှာကြား အရှိန်ပြင်းပြင်းနဲ့ပြေးထွက်သွားတဲ့ အသံတွေဟာကောင်းကင်ယံ လေထုကိုထိုးဖေါက်မြေထုထဲ ဝင်ရောက်မွှေနှောက်သွားပေမဲ့တကယ့်ကို တဒင်္ဂဘဲတိတ်ဆိတ်ခြင်း၊ ကျဆုံးခြင်းရဲ့ခြေဖဝါးရှေ့မှာ(အောက်မှာ)ထာဝရ နားခိုသွာကြစမြဲလေ။Úပိတောက်ရေသူတို့တွေကို ပြောလိုက်ပါ-တကယ်နွေးထွေးမှုရှိရင်ဇော်ဂျီကို တကယ်အားကျခဲ့ရင်ဝါးတပြန် အမြင့်မှာဘဲပျံဝဲကာ မနေပါနဲ့လို့နော်။ ။ ထူး
Û ကိုယ်လုံးတီးမျက်စိ Û-ဥပဒေတခုဟာတမလွန်ထိ သက်ရောက်မှုရှိခဲ့ရင်နိမ့်နိမ့်မြင့်မြင့် တသမတ်သာဖြစ်ခဲ့ရင်သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုနဲ့(သစ်တောòပန်းတီးမှုနဲ့)ရှင်ဘုရင်တွေကို တရားစွဲရမယ်။သက်သေအထောက်အထားကတော့အညာဒေသ မိုးခေါင်ရေရှား ပြဿနာပေါ့။မိတ္တီလာကန်နဲ့ ဆည်ကြီးတွေကိုအထောက်အထားယူအိုင် အယ်လ် အိုနဲ့ပူးပေါင်းပြီးအဓမ္မ လုပ်အားပေးစေခိုင်းမှုနဲ့ပြင်းထန်စွာ အရေးယူရမယ်။-လူသားဝါဒ ကင်းမဲ့စွာနဲ့အပြစ်မဲ့ အသက်များစွာကိုရက်ရက်စက်ေ¹ခွဖျက်ပြီးကာမှသံဝေဂတရား များစွာနဲ့အကြောက်တရားတွေဖိစီးဆရာသမားတွေဆီချည်းကပ်အမျှဝေကာ ရှစ်ခိုးလည်းလွှတ်ရိုးထုံးစံလား။-ကိုယ်ဖြစ် ကိုယ်ခံကိုယ်ကံ ကိုယ်လုပ်အမှောင်တွေ ဖုံးအုပ်မှတော့တုန့်ပြန်မှု များစွာနဲ့ပေါ့။-ပါးစပ်နဲ့လက် အလှမ်းကွာသူတွေကဖြာကျတဲ့ မီးရောင်အောက်မှာ နေချင်ကြပေမဲ့ထိကပ် နီးစပ်သူတွေတော့ထောင့်နားမှာ နေတတ်ကြတယ်။ ။ ထူး
ÚခရီးသွားသူÚ
-သူငယ်ချင်းငါ ဆက်သွားရဦးမယ်၊ဒီခြံကလေးမှာ စောင့်လှည့်ပါ။အတ္တတခုရဲ့ ဘောင်ခတ်ခံထားရတဲ့ စံတခုမှာမကြားနိုင်တဲ့ ငိုသံများစွာရှိတယ်၊သဘာဝကို မနာလိုတဲ့လူတွေကအနားသတ်မျဉ်းနက်နက်တွေဆွဲပြီးကမBာကြီးကို အကျဉ်းချထားဖို့ ကြိုးစားနေတယ်။ခရီးတကွေ့မှာအပြောင်းအလဲမြန်ပြီးအငိုလွယ်တဲ့ တိမ်တွေကိုချော့နေဖို့ငါ့မှာ အချိန်မရှိဘူး၊ဒါပေမဲ့ခြောက်သွေ့တဲ့ လမ်းဘေးကအထီးကျန် သစ်ပင်အိုကြီးကိုတော့ငါ ဂုဏ်ပြု ဦးညွှတ်ခဲ့တယ်။ခရီးတလျှောက်မှာလေပြေညင်းနဲ့ လရောင်အောက်ထာဝစဉ်ဖြတ်သန်းသွားရမှာ မဟုတ်သလိုဖုန်းဆိုးတောနဲ့ အရည်ပျော်လုနေပြင်းပြင်းအောက်မှာလည်း မမှုခဲ့ဘူး။ကန္တာရ အလယ်ရောက်မှမီးထိဖယောင်း အတွေးတွေနဲ့အိုအေစစ် တခုငါ မတောင့်တဘူး၊ ရေဗူးတလုံး ယူလာတယ်။ငါ့ ရာဇဝင်မှာညင်သာ စီးနေတဲ့ စမ်းချောင်းရေလိုတည်ငြိမ်နေတတ်ပေမဲ့ကောက်ကျစ်ယုတ်မာမှုတွေအပြည့်တင်ထားတဲ့ဟန်ဆောင်လှေငယ်နဲ့ ဖြတ်ကူးမယ်ကြံရင်တော့တောင်ထိပ်မှာ မိုးပြိုလာပြီသာမှတ်။ငါ့ ခရီးက အဆုံးမဲ့တော့ မဖြစ်နိုင်ဘူးအနီးဆုံး အနာဂတ်မှာအိမ်တလုံး တဲတစုတော့ တွေ့မှာဘဲ။သူငယ်ချင်း-ခြံကလေးကိုတော့ပေါင်းနုတ်ပေးဖို့ မမေ့ပါနဲ့။ ။(ဘန်ကောက်တွင် ကျန်နေရစ်သော ဥ္မှုဥ လူငယ်များသို့) ထူး(၁၅-ဝ၁-ဝ၆)
ရှင်သန်နေမည့်သမိုင်းဆယ်စုစွန်းစအရွယ်အို---သစ်ပင်ငယ်ကြမ်းတမ်းတဲ့ ဖုန်းဆိုးတောအလယ်မှာကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းတွေကြားစိတ်ကူးယဉ်အိပ်မက် တသီတတန်းကိုရုပ်လုံးကြွဖေါ်ဆောင်ဖို့လူတစုကပေါ့---အေးမြတဲ့ မိုးရေစက်လိုရင်သွေးနဲ့ ချမ်းမြေ့တဲ့ လရောင်လို မေတ္တာမျိုးတို့ပေါင်းစပ်ကာမင်းကို သန္ဓြေွတည်စေပြီးခက်ခဲပင်ပန်းစွာဖွားမြင်သန့်စင်လိုက်တယ်လေ-။-ပင်လယ်ရေကို ခဏငှါးပြီးဆားခါးနဲ့ရောမွှေ ချိုးလေတဲ့လူတစုရဲ့ ထွေးပိုက်မှုကြောင့်မင်းကိုလေသွေးတိုးသမားတွေရဲ့အမုန်းဖက်ခြင်းခံခဲ့ရတယ်-၊-ပွေးကိုင်း ဆင်တုန်းမနွယ်ရဲ့ ချစ်သားနဲ့ကြက်ဟင်းခါး တမာတို့ရဲ့ ချစ်သ္မီးတို့ပေါင်းဖက်မွေးဖွါးလာတဲ့ ကလေးရဲ့လည်ဂုတ်သွေးကိုရက်စက်စွာ မှီဝဲလာတဲ့ လူ့ဘီလူးတချို့ရဲ့ ဖေးမမှုကြောင့်မင်းကိုလေဆေးသောက်ခက်တဲ့ လူနာတွေအတွက်ဆေးခါးကြီးတခွက် ဖြစ်ခဲ့ရတယ်-၊-အေးရင် ကြံပင်တွေနဲ့မီးလုံပူရင်သကာရည်ထဲ ဆင်းချိုးရေငတ်ရင် ပျားရည်အမြဲသောက်တဲ့လူချိုချို တချို့ရဲ့ ပွေ့ဖက်မှုကြောင့်မင်းကိုလေဆီးချိုသည်တွေက ဝေးဝေးရှောင်ကြတယ်-၊ဒါပေမဲ့ပေါ့လေ-မရင့်ကျက်သေးပေမဲ့ သမာသမကျတဲ့အန္တာရာယ်နှစ်ဖက်စွန်းကြားလမ်းကလေးပေါ်မှာကြိုးပမ်းလျှောက်လှမ်းနေကြတဲ့လူတစုကတဖက်မှာ ခေတ်မှီဆေးတခွက်နဲ့တဖက်မှာ ရေလဲသုံးနိုင်တဲ့ဆေးပုလဲပန်းနုကိုကိုင်ပြီးသုံးတတ်လျှင်ဆေး ဆိုတဲ့အတိုင်းအငန် အခါး အချိုတွေကိုဓါတ်စာသဘောနဲ့ နေရာမှန်ပြောသုံးနိုင်တာကြောင့်အပုပ်ချ ပယောဂ လေနီကြမ်းအလည်မှာမင်းမလွှင့်ပါးခဲ့သလိုအဆိုးမြင် ဝေဖန်ရှုပ်ချရေး ဓါးသွားတွေကြားသတိ အသိဥာဏ်နဲ့ယှဉ်ပြီးကာကွယ်ပြုစုပျိုးထောင်နိုင်ခဲ့တာကြောင့်အများအကျိုးနဲ့ မျိုးချစ်တဲ့သူတွေအတွက်မင်းလုံးဝမသေဆုံးနိုင်ဘူး ။ ။ ထူး(ဥ္မှုဥ လူငယ်မောင်မယ်များသို့)


အာသီသ-ရွာဦးဘုန်းကြီးကျောင်းကကုလားတက်နဲ့အိမ်နောက်ဖေးက ကြက်ဖကြီးတို့ရဲ့လှုပ်နှိုးခြင်းခံရတဲ့ကျနော့မှာ----တက်ကြွဖျတ်လတ်ပြီးညင်သာတဲ့ လေနုညင်းကို ရှုရှိုက်သွင်းပြင်းရိတဲ့ အာရုဏ်ဦးအလင်းနဲ့နှေးကွေးလို့ကျန်ရစ်နေတဲ့လရောင်ရဲ့ အလင်းတချို့ကြားမှာရိပ်ငြိမ်မြင်ကွင်းများစွာကိုအသက်သွင်းလိုက်သလိုလှုပ်ရှားလာတဲ့ ခလောက်သံ ခြူသံတွေနဲ့ကျေးလက်ရဲ့ နံနက်ခင်းများစွာကို။-ရှိသမျှအသံများနဲ့လှုပ်ရှားနိုင်သမျှအရာအားလုံးပေါင်းစုဖွဲ့စည်းထားပြီးကိုယ်စီမှာချွေးတွေရွဲလို့ကျေးလက်ရဲ့နေ့လယ်ခင်းများစွာကို။-နေညိုချိန်မှာလေပြေညင်းက ကလူထန်းတောက မြှူတိမ်ရောင်က ခြူတို့လူငယ်တစုတမင်အညှို့ခံကြပြီးချီတက်ခဲ့ကြတဲ့ကျေးလက်ရဲ့ ညနေခင်းများစွာကို။-သူငယ်အိပ်ချိန်လည်း ဂရုမထားသက်ကြီးခေါင်းချချိန်လည်း မေ့သွားတဲ့တို့လူငယ်တစုလရောင်ဆမ်းတဲ့ ရွာလမ်းတလျှောက်ရေကြောနီးရင် ရေထွက်နိုင်လောက်ရဲ့အဖြည့်ခံ မယ်ဒလင်တလက်နဲ့ရင်ထဲကစကား ကြားစေချင်လို့လားအသံဘဲ ကြွားချင်နေလို့လားယနေ့တိုင် မဝေခွဲနိုင်သေးတဲ့ကျေးလက်ရဲ့ ညများစွာကို။-ယခု --ငါရှင်သန်နေတဲ့ လက်တွေ့ဘဝနဲ့မသိစိတ်က တောင့်တတဲ့အဲဒီ(သည်)များစွာဆီကိုငါဘယ်ချိန်ခါမှတဖန်ပြန်ရောက်နိုင်မှာလဲ။ ။ ထူး(စက်တင်ဘာ၊၃၊၂ဝဝ၄)(အဝေးရောက်သူငယ်ချင်းများသို့)
အမြစ်တိုအပင်များအကြောင်း တခါက--ယုံကြည်ချက် လှော်တက်လေးကိုမလွတ်တမ်း တင်းတင်းဆုပ်ကိုင်လာရတော့အားထားရတဲ့ လက်ချောင်းလေးတွေလည်းသွေးချင်းချင်းနီယုံမကမျှော်လင့်ချက် လှေဦးဟာလည်း ဒဏ်ရာဗရပွနဲ့ပေါ့၊ဒါပေမဲ့--ရည်မှန်းချက် လှေငယ်လေးဟာအန္တရာယ် လှိုင်းလုံးနဲ့ကျောက်ဆောင်ကြားမှာရှေ့သို့ ရွှေ့နေခဲ့ဆဲ။ခုတော့--ကိုယ့်ခွန်အား ကိုယ်ပြန်စားသုံးနေရတော့ခန္ဓြွာကိုယ်သာ လုံးပါးချိနဲ့လာပြီးအတွေးအခေါ်တွေလည်း တလွှဲဆံပင်သန်သွေးခုန်နှုန်းလည်း မမှန်ကန်တော့အချိန်ဟာ တိမ်းညွတ်လွယ်စွာနဲ့မရဏမင်း သွေးဆောင်ရာပါသွားပေါ့။-ခံနိုင်ရည်အစွန်းနှစ်ဖက်မှာဖေါက်ပြန်မှု ဒီရေ အတက်အကျတွေမြန်ဆန်ကြမ်းတမ်းလွန်းတယ်။ -ဝိုင်ချိုတခွက်ဟာ ဆိုရှယ်လ်ကျပေမဲ့ရေကြည်စင်တစက်နဲ့တော့ မနှိုင်းသင့်ဘူး။-သာယာမှုမရှိတော့ရင် လူဟာဆင်ခြင်တွေပေးတတ်လွန်းသလိုအလွယ်ဆုံးနဲ့အမြန်ဆုံးပျော်ဝင်သွားရတာသမိုင်းရဲ့မြစ်ကျိုးအင်းတခုထဲမှာပေါ့။ ။
ထူး(မတ် ၂၂ ၊ ၂ဝဝ၆)
မြူတမှုံရဲ့ ပေါက်ကွဲမှုတပိုင်းတစ
-ရာဇဝင်ကိုရာဇဝင်က ပြန်ရေးတော့စင်္ကြဝဠာတံတိုင်းကြီးတွေကွာကျမတတ် ချီးမွမ်းသံတွေ ပဲ့တင်ရိုက်သွားတယ်။-သမိုင်းမသိလိုက်တဲ့အညတြများစွာရဲ့စွန့်လွတ်မှုတွေအတွက်သမုဒ္ဓြွရာကြီးတွေဟာယူကြုံးမရတဲ့ကောင်းကင်ကြီးရဲ့ မျက်ရည်တွေဘဲပေါ့။-ပုံပြောကောင်းသူတွေရဲ့လက်ဆင့်ကမ်း အမွေဆိုးတွေကြောင့်အနာဂါတ် ပိုင်စိုးရှင်တွေရဲ့ ဦးနှောင့်ဖြူဖြူလေးထဲမှာသိတတ်စ အိပ်ရာဝင်ချိန်ကစပြီးရေငွေ့ရိုက်မိတဲ့ သံချောင်းတွေလိုသံချေးတွေ စွဲကပ်ခဲ့ရတယ်။-ကာလသုံးပါးစလုံးကိုစေလိုရာစေနိုင်တဲ့ပညာရှင်ကြီးတွေရဲ့ စေတနာအမှားတွေကြောင့်တောင်တန်းကြီးတွေဟာမြေဇာပင်တွေရဲ့ အရိုးတွေနဲ့ဖြစ်တည်ခဲ့ရတယ်။လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်တဲ့တန်ခိုးရှင်တွေ ကလည်းကြောက်ရွှံ့မှု နတ်တွေဝင်ပူးပြီးအတ္တရဲ့ ပဲ့ကိုင်မှုကြောင့်မြစ်အားလုံး ကောက်ကွေ့စွာ စီးဆင်းသွားကြတယ်။-ငှက်ချစ်သူတွေကြောင့်ငှက်များစွာ လွတ်လပ်မှုဆုံးရှုံးနေရတာဘယ်တရားရုံးမှ ဖြေးရှင်းမပေးနိုင်သေးဘဲနဲ့ရူးသွပ်မှုတိုင်းကို ရှုတ်ချနေရင်လေယာဉ်ပျံတောင်မှ မြင်ရဦးမှာ မဟုတ်သလိုလူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခါ ဆိုပြီးဟန်ဆောင်အသိုက်အမြုံထဲမှာကမ္ကာကြီးဟာ ပြားနေဆဲပြောနေမှာပါ။-ဂန္ဓြွဝင်ကို မလွမ်းနဲ့ မတားပါဘူးဂလိုဘယ်လ်လိုက်ဇေးရှင်းထဲမှာလည်းပျော်ဝင်ကြည့်လှဲ့ပါ။-ဆီမှအပေါ်နေတတ်တာမဟုတ်ဆပ်ပြာအမြူပ်လည်းအောက်မှာနေရိုးထုံးစံမရှိ။-အသက်မဲ့ သက်ရွက်ခြောက်တွေတောင်လေတိုက်ရင်သက်ဝင်လှုပ်ရှားလာသလိုအမှန်တရားချစ်သူဆိုပြီးမှန်ကန်တဲ့ စကားတခွန်းကြောင့်ဆေးရွက်ကြီးနံ့ရတဲ့ မျှော့တွေလိုလူးလွန့် တွန့်လိမ်နေတာ သဘာဝဘဲ။-တံငါသည် ဖြစ်ဖူးတယ်ဆိုရင်လွတ်သွားတဲ့ငါးပြန်မရတတ်ဘူးလို့ ပြောရဲမှာမဟုတ်င်္။-အားလုံးအတွက် စိုက်ပျိုးထားတဲ့သစ်ပင်တွေထင်းမီးသွေးလုပ်ပစ်လိုက်တာစေတနာရေစီးကမ်းပြိုတယ်လို့ မပြောနဲ့ပေါ့--ချောင်းခြောက်တွေထဲမှာရေနစ်သေဆုံးသူတွေအတွက်ဘယ်သူ့မှာတာဝန်ရှိသလဲ။-ခရီးသွားအိပ်ထဲမှာသံသယခဲလုံးတွေ ထည့်ထည့်သွားတော့လက်ညှိုးထိုးသူဟာဒီမိုကရေစီနည်းအရမဲရှုံးသွားမှာဘဲ-တော်လှန်ရေးအသိပန်းခင်းမှာလည်းရှိတောင်ပေါ်မှာလည်းရှိပင်လယ်မှာလည်းရှိ။-ချော်ရည်လိုအတွေးဘေးထွက်ဆိုးကျိုးများစွာမမိုက်ချင်စမ်းပါနဲ့ဖားတွေရဲ့ အဘိဓါန်မှာလတ်ဆတ်နေဆဲ အတွေးအခေါ်တွေကြောင့်ရေငတ်သေတဲ့ မှတ်တမ်းမရှိ။--ဒီမှာနူးညံ့စွာနဲ့ဒဏ်ရာတွေကိုယုယ ပွတ်သပ်ဆေးလိမ်းပေးနေရတာမြတ်နိုးလွန်းလို့ မဟုတ်ဘူးနော်။ ။ ထူး(ကမBာကြီး ပိုပြီးပူပြင်း လာတာ အမေများရဲ့ သောကကြောင့်)
တပွင့်သောပန်းကလေး
နှလုံးသားမှာဗွေပါလာသူဂျစ်ပစီခြေထောက်တစုံပိုင်ထားသူစိတ်ကူးယဉ်မဆန် လမ်းချိုးတခုမှာခလုတ်တိုက်မိခဲ့ကြ၊မထင်မှတ်စွာနှစ်ဦးစလုံးကို ကြိုးစတွေတုတ်နှောင်မိခဲ့ကြ၊ချွန်ထက်တဲ့ မာနအသွားမြက် သံသယကိုယ်ကျင့်တရားကို ပြတ်သွားစေတဲ့အခါနှလုံးသားကို ရှထိသွားအားတင်းကြိတ်မှိတ်သွေးအလိမ်းလိမ်းနဲ့ လူးလိမ့်ထမျက်ရည် ဝေနေဆဲမှာဒဏ်ရာကို နှင်းခဲတွေအုံပေးခဲ့၊ လမ်းတလျှောက်မှာတော့နေခြည်လည်း နွေးနေပါတယ်လေနုအေးလည်း ညှင်းဆော်သွေးတယ်အနာဂတ်တခုအတွက်ပန်းပွင့်တချို့လည်း မွှေးပျံ့ပါတယ်ဒါပေမဲ့ငါ့ရင်ဘတ်တခုလုံးရေခဲပြင်တွေ ဖုံးလွှမ်းဆဲ၊သေဆုံးသွားတဲ့ ငါ့ရင်ခုန်သံအဖြစ်မှန်နဲ့ကဗျာတကြောင်းတနေ့မှာညီမလေး ဖတ်မိပါစေတော့။ရှင်သန်ခဲ့တယ်နှလုံးသွေးနဲ့လားပကာသနလားဝေခဲ့ပါတယ်ကေသာ မှာလားမြေပြင်လားဆံပင်ဖြူတချောင်းတိုးလာပေမဲ့ငါ့ရင်တခုလုံးစံပယ်ရနံ့တွေ သင်းထုံဆဲ။ ။
ထူး(၉-၃ဝ-ဝ၆)
ပယောဂစဉ်းစားကြည့်---တမ်းတနေတာတော့မဟုတ်ဘူး၊တချိန်ကပေါ့ --ခြေသလုံးနဲ့ပေါင်ရင်းထိထိုးဆွထိရှ နေတဲ့ရိုးပြတ်တောတွေအခုချိန်မှာတော့အဏုကြည့်မှန်တပ်ဇာဂနာနဲ့ဆွရလောက်အောင်အစအငုတ် လေးတွေသာ ဖြစ်တည်နေရတော့တာအက်စစ်မိုးကြောင့် မဖြစ်တန်ရာ။စဉ်းစားကြည့် ----မြေကြီးစားဖို့ မြေသြဇာကျွှဲ နွား စားဖို့ ဝမ်းစာရိုးပြတ်သာ မှီခိုနေရတော့တဲ့သေငယ်ဇော အခြေအနေမှာမျှော်လင့်ချက်မဲ့ ဘဝများစွာအတွက်သွေးတစက်အသက်တရက်ဆက်လက် ရှင်သန်ဖို့ရာမချိစွာရိုးပြတ်တွေကိုလည်လှီး ဈေးကွက်တင်ရပြန်တော့အနှစ်မဲ့သွားတဲ့ ငါတို့မြေကြီးအဟာရမဲ့သွားတဲ့ ငါတို့ကျွှဲနွားငြိမ်းလုလု ငါတို့ဘဝမီးအိမ်ကံကြမ္မာရဲ့ တိုက်ဆိုင်မှုကြောင့် မဖြစ်တန်ရာ။-ဥတုရာသီ တောကိုမှီတဲ့ဟာရီကိန်းမုန်တိုင်းကြီးတွေကြောင့်လျှပ်တပြက်အတွင်းမှာသစ်တောများ မပြုန်းတီးတန်ရာ။-သမု’္ဒာ ပင်လယ်ပြာမှာပြည့်လျှံနေတဲ့ ငါတို့ဝမ်းစာငါး၊ပုဇွန်၊ခရု၊ရေညှိ၊ရေမှော်တွေဆူနာမီကြောင့် မျိုးမပြုတ်တန်ရာ။မဖြစ်စေချင်ဘဲ ဖြစ်သွားရတာကတော့--အားထားရတဲ့ ငါတို့စပါးခင်းနေရာမှာခြုံနွယ်တွေ မင်းမူသွားကြပြီ။-ဝင့်ကြွှားခဲ့ရတဲ့ ငါတို့သစ်ပင်တွေလည်း-အမြစ်ပါမကျန် ကွယ်ပျောက်ပြီ။-အားထားခဲ့ရတဲ့ ငါတို့ပင်လယ်ပြာလည်းရင်ဘတ်ဟောင်းလောင်း ဖြစ်သွားပြီ။-တရားသမား စကားနဲ့ပြီးစလွယ်အနိစ္စသဘောပါ ပြောလာခဲ့ရင်တော့တာဝန်မဲ့ရာ ကျလိမ့်မယ်။ ။
ထူး(ဝ၂-၂၄-ဝ၈)

0 comments: