ဗိုလ်ချုပ် ဇာတ်ညွှန်း နဲ့တော့ မဆိုင်ပါဖူး။ဒါပေမဲ့သမိုင်းမှာ ဒီလို သီချင်းမျိုးပေါ်ပေါက်ခဲ့ဖူးတယ် ဆိုတာတော့မှတ်တမ်းလေးတင်ထားချင်လို့ပါ။ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့။ဖတ်ကြည့်ပါခင်ဗျာ။ပြည်ထောင်စုရယ် မောင်ရင်နု ရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်းလျတယ်တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ် မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေး မှာသီးခြားတည်တော့မယ်။ခေါင်းဆောင် အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။ကိုယ့်ဗမာ ကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သန်းသန်း ကုဋေကျော်တယ် ပုဒ်မ(၅)နဲ့အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ၇န်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ် အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ်စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ် အမိုက်မှောင် ဒုက္ခတွေ့တယ်သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ် တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ် ဟေ့ အသက်နဲ့လဲမယ် ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ် တို့လူမျိုးတွေ ရှေး၇ိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
Saturday, January 17, 2009
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment