ဆယ်စုစွန်းစအရွယ် သစ်ပင်ငယ်
ကြမ်းတဲ့ဖုန်းဆိုးတောအလယ်မှာ
ကြောက်မက်ဖွယ်မိုးကြိုးမုန်းတိုင်းတွေကြား
စိတ်ကူးယဉ်အိမ်မက်တသီတတန်းကို
ရုပ်လုံးကြွဖော်ဆောင်ဖို့ 
လူတစုကပေါ့-----
အေးမြတဲ့မိုးရေစက်လို ရင်သွေးနဲ့ 
ချမ်မြတဲ့လရောင်လိုမေတ္တာမျိုးတို့ ပေါင်းစပ်ကာ
မင်းကိုသန္ဓေတည်စေပြီး
ခက်ခဲပန်းပင်းစွာ
ဖွားမြင်သန့် စင်လိုက်တယ်လေ---။
ပင်လယ်ရေကိုခဏငှါးပြီး
ဆားခါးနဲ့ ရောမွှေ
ချိုလေတဲ့ လူတစုရဲ့ ထွေးပိုက်မူ့ ကြောင့်
မင်းကိုလေ သွေးတိုးသမားတွေရဲ့ အမုန်းဖက်ခြင်းခံခဲ့ရတယ်။
ပွေးကိုင်း ဆင်တုန်းမနွယ်ရဲ့ ချစ်သားနဲ့ 
ကြက်ဟင်းခါး တမာတို့ ရဲ့ ချစ်သမီးတို့ 
ပေါင်းဖက်မွေးဖွါးလာတဲ့ ကလေးရဲ့ 
လည်ဂုတ်သွေးကို
ရက်စက်စွာမှီဝဲလာတဲ့
လူဘီးလူးတခိ့ျူ့ရဲ့ဖေးမမူ့ ကြောင့်
မင်းကိုလေ
ဆေးသောက်ခက်တဲ့လူနာတွေအတွက်
ဆေးခါးကြီးတခွက်ဖြစ်ခဲ့ရတယ် ---
အေးရင်ကြံပင်တွေနဲ့ မီးလှုံ
ပူရင်သကာရည်ထဲဆင်းချိုး
ရေငတ်ရင်ပျားရည်အမြဲသောက်တဲ့
လူချိုချိုတချို့ ရဲ့ ပွေ့ ဖက်မူ့ ကြောင့်
မင်းကိုလေ
ဆီချိုသည်တွေက ဝေးဝေးရှောင်ကြတယ် -
ဒါပေမဲ့ပေါ့လေ-
မရင့်ကျက်သေးပေမဲ့ သမာသမကျတဲ့
အန္တာရာယ်နှစ်ဖက်စွန်းကြား
လမ်းကလေးပေါ်မှာ
ကြိုးပမ်းလျှောက်လှမ်းနေကြတဲ့
လူတစုက
တဖက်မှာ ခေတ်မှီဆေးတခွက်နဲ့ 
တဖက်မှာ ရေလဲသုံးနိုင်တဲ့
ဆေးပုလင်းပန်းနုကိုကိုင်ပြီး
သုံးတတ်လျှင်ဆေး ဆိုတဲ့အတိုင်း
အငန်း အခါး အချိုတွေကို
ှဓါတ်စာသဘောနဲ့ 
နေရာမှန်ပြောသုံးနိုင်တာကြောင့်
အပုပ်ချ ပယောဂ လေနီကြမ်းအလယ်မှာ
မင်းမလွင့်ပါးခဲ့သလို
အဆိုးမြင် ဝေဖန်ရူပ်ချရေး ဓါးသွားတွေကြား
သတိ အသိဉာဏ်နဲ့ ယှဉ်ပြီး
ကာကွယ်ပြုစုပျိုထောင်နိုင်ခဲ့တာကြောင့်
အများအကျိုးနဲ့ မျိုးချစ်တဲ့သူတွေအတွက်
မင်းလုံးဝမသေဆုံးနိုင်ဘူး ၊။ ၊၊၊
သူးလေထူး
OKRSO လူငယ်မောင်မယ်များသို့ 
Saturday, January 17, 2009
ရှင်သန်နေမည့်သမိုင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment