Sunday, January 18, 2009
Saturday, January 17, 2009
ရှင်သန်နေမည့်သမိုင်း
ဆယ်စုစွန်းစအရွယ် သစ်ပင်ငယ်
ကြမ်းတဲ့ဖုန်းဆိုးတောအလယ်မှာ
ကြောက်မက်ဖွယ်မိုးကြိုးမုန်းတိုင်းတွေကြား
စိတ်ကူးယဉ်အိမ်မက်တသီတတန်းကို
ရုပ်လုံးကြွဖော်ဆောင်ဖို့ 
လူတစုကပေါ့-----
အေးမြတဲ့မိုးရေစက်လို ရင်သွေးနဲ့ 
ချမ်မြတဲ့လရောင်လိုမေတ္တာမျိုးတို့ ပေါင်းစပ်ကာ
မင်းကိုသန္ဓေတည်စေပြီး
ခက်ခဲပန်းပင်းစွာ
ဖွားမြင်သန့် စင်လိုက်တယ်လေ---။
ပင်လယ်ရေကိုခဏငှါးပြီး
ဆားခါးနဲ့ ရောမွှေ
ချိုလေတဲ့ လူတစုရဲ့ ထွေးပိုက်မူ့ ကြောင့်
မင်းကိုလေ သွေးတိုးသမားတွေရဲ့ အမုန်းဖက်ခြင်းခံခဲ့ရတယ်။
ပွေးကိုင်း ဆင်တုန်းမနွယ်ရဲ့ ချစ်သားနဲ့ 
ကြက်ဟင်းခါး တမာတို့ ရဲ့ ချစ်သမီးတို့ 
ပေါင်းဖက်မွေးဖွါးလာတဲ့ ကလေးရဲ့ 
လည်ဂုတ်သွေးကို
ရက်စက်စွာမှီဝဲလာတဲ့
လူဘီးလူးတခိ့ျူ့ရဲ့ဖေးမမူ့ ကြောင့်
မင်းကိုလေ
ဆေးသောက်ခက်တဲ့လူနာတွေအတွက်
ဆေးခါးကြီးတခွက်ဖြစ်ခဲ့ရတယ် ---
အေးရင်ကြံပင်တွေနဲ့ မီးလှုံ
ပူရင်သကာရည်ထဲဆင်းချိုး
ရေငတ်ရင်ပျားရည်အမြဲသောက်တဲ့
လူချိုချိုတချို့ ရဲ့ ပွေ့ ဖက်မူ့ ကြောင့်
မင်းကိုလေ
ဆီချိုသည်တွေက ဝေးဝေးရှောင်ကြတယ် -
ဒါပေမဲ့ပေါ့လေ-
မရင့်ကျက်သေးပေမဲ့ သမာသမကျတဲ့
အန္တာရာယ်နှစ်ဖက်စွန်းကြား
လမ်းကလေးပေါ်မှာ
ကြိုးပမ်းလျှောက်လှမ်းနေကြတဲ့
လူတစုက
တဖက်မှာ ခေတ်မှီဆေးတခွက်နဲ့ 
တဖက်မှာ ရေလဲသုံးနိုင်တဲ့
ဆေးပုလင်းပန်းနုကိုကိုင်ပြီး
သုံးတတ်လျှင်ဆေး ဆိုတဲ့အတိုင်း
အငန်း အခါး အချိုတွေကို
ှဓါတ်စာသဘောနဲ့ 
နေရာမှန်ပြောသုံးနိုင်တာကြောင့်
အပုပ်ချ ပယောဂ လေနီကြမ်းအလယ်မှာ
မင်းမလွင့်ပါးခဲ့သလို
အဆိုးမြင် ဝေဖန်ရူပ်ချရေး ဓါးသွားတွေကြား
သတိ အသိဉာဏ်နဲ့ ယှဉ်ပြီး
ကာကွယ်ပြုစုပျိုထောင်နိုင်ခဲ့တာကြောင့်
အများအကျိုးနဲ့ မျိုးချစ်တဲ့သူတွေအတွက်
မင်းလုံးဝမသေဆုံးနိုင်ဘူး ၊။ ၊၊၊
သူးလေထူး
OKRSO လူငယ်မောင်မယ်များသို့ 
Posted by sunshinepaung at 5:21 PM 0 comments
Labels: POEM
KNDO သီးချင်း(http://zarganar-windoor.blogspot.com/2008_03_01_archive.html)ဘလော့မှကူးယူဖော်ပြသည်။
ဗိုလ်ချုပ် ဇာတ်ညွှန်း နဲ့တော့ မဆိုင်ပါဖူး။ဒါပေမဲ့သမိုင်းမှာ ဒီလို သီချင်းမျိုးပေါ်ပေါက်ခဲ့ဖူးတယ် ဆိုတာတော့မှတ်တမ်းလေးတင်ထားချင်လို့ပါ။ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့။ဖတ်ကြည့်ပါခင်ဗျာ။ပြည်ထောင်စုရယ် မောင်ရင်နု ရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်းလျတယ်တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ် မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေး မှာသီးခြားတည်တော့မယ်။ခေါင်းဆောင် အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။ကိုယ့်ဗမာ ကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သန်းသန်း ကုဋေကျော်တယ် ပုဒ်မ(၅)နဲ့အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ၇န်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ် အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ်စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ် အမိုက်မှောင် ဒုက္ခတွေ့တယ်သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ် တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ် ဟေ့ အသက်နဲ့လဲမယ် ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ် တို့လူမျိုးတွေ ရှေး၇ိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
Posted by sunshinepaung at 4:57 PM 0 comments
Labels: မှတ်တမ်း
ရေးမိရေးရာ
ဒီနေ့  Blog တခုကိုဖန်းတီးလိုက်တယ်။ File Hosting မလုပ်တတ်သေးဘူး၊ MS က Win Burmese နဲ့ ရေးထားတဲ့ ကဗျာ ၁၀ ပုဒ်လောက်ကို ဇော်ဂျီ conventer နဲ့ ပြောင်းထည့်လို့ မတတ်သေးဘူး။ စာမရိုက်ရတာကြာလို့ စာရိုက်မမြန်သေးဘူး။ English လိုလည်းကောင်းမတတ်တော့ ဂွကျတယ်။အခုမှစာလုံးရေစပဲ ရှိသေးတယ်။ ယူအစ်ရောက်တာ ၅ နှစ်ရှိတော့မယ်။ ဟိုကောင် ဆရာကြီး ၀င်းတင် နည်းပညာတွေရှိသေးရင် ရှယ်လုပ်ပါအုန်း။ နောက်တဆင့်မတက်တတ်တော့လို. ဒါပဲ
ကောင်မလေးနဲ့ အဆင်ပြေပါစေ။
Posted by sunshinepaung at 3:42 PM 0 comments
Labels: ပေါက်တတ်ကရ
မင်းလေးနားလည်
ဟိုကောင် ၀င်းတင်
ပျင်းနေရင် ဒီသီးချင်းကိုနားထောင်လိုက်
Posted by sunshinepaung at 1:56 PM 0 comments
Labels: သီးချင်း
