CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, February 1, 2009

ကူးယူဖော်ပြခြင်း

Thursday, January 29, 2009
http://www.mindin.info/2009/01/blog-post_29.html
ညများ
ညများ။
(ဘစောတင်)
ငါနဲ့ ငါရန်မဖြစ်တတ်ဘဲ
ကြီးမြတ်သူများနဲ့ ရန်ဖြစ်လိုတဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုများ
ဘင်္ဂလားပင်လယ်အော်တခုစာလောက်အသက်အောင့်ပြီး၊
ငါမြိုချခဲ့ဖူးတယ်
အတောင်မပါတဲ့အဲဒီအတွေးတွေဟာ
သမုဒ္ဒရာကြမ်းပြင်မှာ အိပ်စက်နေခဲ့ ၊
ပညာပရ၀ုဏ်ထဲက
မြို့ ပြသရဲတွေဆွဲချခံရလို
့ရန်ကုန်မြို့ ရဲ့အံဝှက်ကြီးထဲမှာ
သက္ကရာဇ်အတန်ကြာ နေခဲ့ရပြီးနောက်
အညှာမခိုင်တဲ့ရွက်ဝါလို
့နယ်စပ်ကိုဖြတ်ကျော်
အဆင်မပြေတာတွေအားလုံးကို
ရင်ဘတ်နဲ့ မွေးဖွါးလို့ 
ဘာမှန်းမသိတဲ့အရာတွေကြားမှာ
ပုဒ်မအတပ်မခံရတဲ့
အကျယ်သားဘ၀ကို ရခဲ့လေရဲ့၊
ဂယ်ပေါက်၊ မလွယ်ပေါက်တွေကြားကတဘ၀စာလေးများ
လျှာနဲ့ လျှက်စားလို့ ကတော့သေမသွားလောက်ပါဘူး
ဒါပေမဲ့
ငါဒီခရီးကိုနှင်ခဲ့တာ
ငါ့အရေပြားကလေး အရောင်လက်ရုံအတွက်မှမဟုတ်တာ
တကိုယ်စာဆိုရင်၊
ဆယ့်ခြောက်တန်းအောင်လက်မှတ်က
ဒုက္ခထူပြောတဲ့
ငါ့ဇာတိရွာမှာလည်း အလုပ်ဖြစ်ပါတယ်။
အခုဟာက
သိဒ္ဒတ္ထလိုစွန့် စားခန်းမဟုတ်ပေမဲ့
ငါ့ပခုံးနဲ့ နိုင်သလောက်ထမ်းဖို့ ရယ်လာတာ
ငါသာယာရုံဆိုဘာမှညည်းနေစရာမလိုပါဘူး
သောင်ရင်းမြစ်ဟာ အနော်မာမဟုတ်သလို
ငါတို့ ဟာလည်း မဟာလူသားတွေတော့ မဟုတ်ကြ၊
ခရီးကျွံထွက်ခဲ့ပြီ
ခရီးလွန်သွားတာမဟုတ်
နက်ဖြန်ကိုညွှန်ပြတဲ့သင်္ကေတများအားလုံးဟာ
တစုံတရာကိုမျှော်နေတယ်
ရက်ရှယ်ထားတဲ့အလံကလှပပါရဲ့
အလံကိုင်တယောက်လိုနေတယ်
ပစ်မှတ်ကိုထိအောင်ပစ်နိုင်သူ။
ငါ့မိတ်ဆွေစာရေးဆရာကတော့
အိပ်ဇိုးဒပ်ကြီးကို
ရန်ကုန်မြစ်ထဲကိုမောင်းသွင်းဖို့ 
သမ္မာကျမ်းစာအသစ်ရေးနေတယ်
သူ့ ဇာတ်ညွှန်းမှာ သူသာအယ်ရီဘီကီနင်ဖြစ်တန်ကောင်းရဲ့
ရွှေတိဂုံမှာပြန်ဆုံချင်စမ်းဘိ၊
လူတွေရဲ့နှလုံးသားအရပ်က
ိုတတောင့်ချင်းကလောင်နဲ့ ပစ်ရင်း
ရန်သူကိုတတောင့်ချင်းပစ်ခွင်း
ကိုယ့်ကိုယ်ကိုလောင်မြိုက်တဲ့
ဘ၀ရဲ့လွင်တီးခေါင်ထဲမောင်းသွင်း
နှင်းခဲကျတာတောင်
အေးမြတယ်မခံစားတတ်တော့တဲ့
ဟောဒီရင်ဘတ်ဟာ
ဒဏ်ရာတွေနဲ့ နှစ်ပါးသွားလို့ ၊
မလုံခြုံပေမဲ့ဧည့်စာရင်းစစ်မှာမကြောက်ရတဲ့ ညများမှာ
ငါ့တိုင်းပြည်မဟုတ်တဲ့နိုင်ငံမှာ
အဲဒီမြို့ ကြီးမှာ
ငယ်ငယ်ကမက်ခဲ့တဲ့အိပ်မက်အားလုံးကို မြှုပ်နှံလို့ 
တဖန်ပြန်လည်မွေးဖွါးတဲ့
ဘ၀အသစ်က
မသစ်မလွင်မလှပ
နီယွန်မီးအောက်မှာနေရင်း
မှုန်ပြပြဆွံ့ အတဲ့အိပ်မက်ကို ဖက်တွယ်ရင်း
မိုးမလင်းတဲ့ညများအောက်မှာ
နောက်ကြောင်းတော့ပြန်မလှည့်ဘူး၊
ဒူးထောက်မဲ့အစား ဒူးနဲ့ တိုက်သွားမယ်
ငါဟာအရှုံပေးဖို့ မွေးဖွါးလာခဲ့တာမဟုတ်။
ဆူညံဆူညံနဲ
့အခုတလောအသံများ
ပျော်ပွဲစားထွက်လာကြတဲ့ အာဏာရမက်တွေအရှက်ရစေမဲ့ အနှစ်မဲ့ဟိန်းဟောက်သံတွေအွန်လိုင်းပေါ်ကြွေးကြော်ကြ
စိတ္တဇဆရာဝန်မပါတဲ့
ဟောဒီလှေပေါ်မှာ
အရူးဟာ ဒေါက်တာဘဲပေါ့၊ ကောင်းကြရောကွာ။
ဘစောတင်