CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday, November 18, 2015

အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ တနည်း မဟူရာပဲနက် Copy the BEST Traders and Make Money : http://bit.ly/fxzulu

အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ တနည်း မဟူရာပဲနက် Yangon Express's status update. လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခကို ရရှိသွားတဲ့ ရွာသာရွာက အောင်ငြိမ်းပြောတဲ့ သူဇနီး မခင်စောအကြောင်းးးး ကျွန်တော်၏အမည်မှာ ဦးအောင်ငြိမ်း။ ဇနီးအမည်ကဒေါ်ခင်စောဖြစ်ပါသည်။ တိုက်ကြီးမြို့နယ် ဖိုးခေါင်းအုပ်စု ရွာသာရွာမှာနေပါတယ်။ ခွေလှေးယားသီး အနက်စေ့အစွမ်ထက်ပုံကိုယ်တွေ့ဖြစ်ရပ်ကိုတင်ပြလိုပါတယ်။ ကျွန်တော်ကဲ့သို့ ဆင်းရဲနွမ်းပါးသော လူနာရှင်များဖတ်မိ ကြားမိကြပါစေ။ ဖတ်ကြားပြီးသူများကလည်း ဆင်းရဲနွမ်းပါးသူ လူနာရှင်များအား တဆင့်ပြောပြနိုင်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်။ ကျနော်၏ ဇနီးဒေါ်ခင်စောသည် မကျန်းမာ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုးစမ်းသပ်ကုသခဲ့သော်လည်း သက်သာပျောက်ကင်းခြင်းမရှိပါ ။ တနေ့တခြား အားအင်ကုန်ခမ်းပြီး ၉ လအကြာမှာ ရောဂါပြင်းထန်ပြီး နီးစပ်ရာဆေးရုံသို့ တက်ခဲ့ရပါသည်။ ဆေးရုံရောက် ရောက်ချင်းမေ့မြော်သွားတာ တနေ့နှင့် တညကြာပါသည်။ လူအများကသေပြီ ဟုထင်မှတ်ကြသည်။ သေလျှင်အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေရှာတွေ့သောရောဂါမှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါဖြစ်ခြင်းလောက်သာ သိရသည် ။ ဆရာဝန်ညွန်ကြားသောဆေးများကို ၁၂ လကြာသောက်သုံးပြီး ငွေကျေးအဆင်မပြေ၍ ဆက်မသုံးနိုင်တော့ပါ ။ ဆေးရုံကပြန်ဆင်းလာပြီး မိတ်ဆွေတော်တော်များများက ခွေးလေးယားသီးအနက်စေ့ကိုစားပါ။ ခွေးလေးယားသီး အနက်စေသည်ဆေးရုံမှပြန်လာသော လူနာများ ကျန်းမာဝဖြိုးနေခြင်း မြွေကိုက်ခံရသော လူနာများ ဆေးရုံမတက်ရဘဲ ခွေးလေးယားသီး အနက်ကိုစားရုံမျဖြင့် ပျောက်ကင်းခြင်း အိပ်ပျော်ခြင်း အားရှိခြင်း ပန်းသေပန်းညိုးရောဂါများကို ပျောက်ကင်းခြင်း မဖြစ်အောင်ကာကွယ်နိုင်ခြင်း ဝမ်းတွင်း ကင်ဆာရောဂါများကို မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းစသည်တို့ကို လာပြောပေးကြပါသည်။ ထိုအချိန်မှာ လူနာ၏အခြေနေမှာ လူရုပ်ပျက်ပြီး အသက်ရှိသည်လို့ ပြောလို့ရ ရုံသာရှိသည် ။ မိတ်ဆွေများဖြစ်ကြသော ကျောက်ဖျာကုန်းကျေးရွာမှ ဆရာထိန်ဝင်း ကံကလေးရွာမှ ဦးမောင်ခင် ဒေါ်နန်းတို့က ခွေးလေးယားသီး အနက်စေ့ကို ယူဆောင်လာပြီး အမှုန့်ပြု လုပ်ကာ ပျားရည်နှင့်ရောပြီး လူနာအားကျွေးပါသည် ။ စားပြီးသုံးရက်မြောက် သောနေ့မှာ လူနာမှာထူးထူးခြားခြား ဖြစ်လာတာကိုတွေ့ရပါတယ်။ ဆေးစားပြီး၂ နာရီခန့်မှာ အိပ်ချင်လာသည် နေ့တစေ့ ညတစေ့ စားကြည့်သောအခါ ညဘက်ပို၍ အိပ်ပျော်စေသည် အိပ်ယာထလျင်လည်း လန်းလန်းဆန်းဆန်းဖြစ်ခါ ပေါ့ပေါ့ပါးပါးရှိသည်။ ခါးနာ ဒူးနာ ဇက်ကြော်တက်တာတွေလည်ပျောက်သည်။ ဒေါ်ခင်စောလည်း နဂိုကလိုကျန်းမာဝဖြိုး လျက်ရိပါသည်။ ဤဆေးစေ့ကိုစားသုံးခြင်ဖြင့် အိပ်ခြင်တာကလွဲ၍ အခြားဘာရောဂါမှမဖြစ်ပါ မတည့်သောအစားအစာ မတည့်သောဆေးဟူ၍လည်းမရှိပါ။ ပန်းသေ ပန်းညိုးဖြစ်ဘူးသော မိတ်ဆွေများသည်လည်း ပျောက်ကင်း၍ အကျိုးရှိကြောင်းပြောပြ လာကြပါသည်။ ခွေးလေးယားသီး အနက်စေ့ တစေ့၏အာနိသင်ဟာ ဆေးတပြားထက် ပိုမိုကောင်းသည့်အပြင် ရောဂါကြီး ရောဂါသေးများကိုပါ ပျောက်ကင်းစေပါသည် အခြားသောရောဂါများကိုပါပျောက်ကင်းသည့်ဆေးစွမ်းကောင်းတလက်ဖြစ်ပါသည်။ မသိသူကျော်သွား သိသူဖော်စားကြစေရန်ရည်ရွယ်ပြီး ခွေးလေးယားသီးပဲ အနက်စေ့ရဲ့ အစွမ်းထက်ပုံကို လက်တွေ့နှင့်တကွ ဖော်ပြပေးလိုက်ပါသည်။ လူသားအားလုံး ခံစားနေရသော ရောဂါဝေဒနာများ ပျောက်ကင်းကြပါစေ။ မေတ္တာ စေတနာကြီးမားစွာဖြင့် ဦးခေမာ - မှ ပြန်လည် မျှဝေလိုက်ပါတယ်..

Copy the BEST Traders and Make Money : http://bit.ly/fxzulu

0 comments: