CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, April 10, 2014

ကင်ဆာရောဂါအတွက် အာလူးစိမ်း


ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။


ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို
မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့
မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။
သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့
အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။
ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက
မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ
(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ
လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။

Sunday, March 30, 2014

ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခု


မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။



ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။

ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။

အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။

ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။

ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။

အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။

Run box လေးပေါ်လာပါလိမ့်မယ်။

CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။

အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။

စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။

ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။

ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။

Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ။

မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။

အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

Tuesday, March 25, 2014

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း

(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော
နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။
(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။
(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။
လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။
Credit to Original Writer
Page ၀န်ဆောင်မှုပေးခြင်း

Wednesday, January 1, 2014

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"
============================
ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။

လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။

ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။

ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ ။
မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။

ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။

သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။
ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။

အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။

-----
Ref: Medical Facts

ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။
လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။

ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ ။
မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။

ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။

သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။
ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။

အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။

Saturday, December 14, 2013

*** တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများ Competency Iceberg Model ***

Competency ရဲ့ အနက်အဓိပ္ပါယ်ကို ကျွမ်းကျင်လိမ္မာမှုလို့ မြန်မာမှုပြု ကောက်ယူလိုက်ပါတယ်။ Iceberg ဆိုတာကတော့ ရေပေါ်မှာ ပေါ်လောပေါနေ တဲ့ ရေခဲတုံးပေါ့၊ အတ္တလန်တိတ် သမုဒ္ဒရာက ရေခဲတုံးကြီးတွေ ပင်လယ်မှာမျောနေတာ တိုက်တန်းနစ်ကားထဲမှာ တွေ့ဖူးကြမှာပေါ့။ ရေခဲတုံး ဆိုတော့ ပေါ်တဲ့အပိုင်းကပေါ်ပြီး
 မြုပ်တဲ့ အပိုင်းက မြုပ်နေတယ်မဟုတ်လား။ ဆိုတော့ ကိုယ့်ဘာသာ တိမ်မြုပ်နေသော ကျွမ်းကျင်လိမ္မာမှုများလို့ Title Head ပေးလိုက်ပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ Harvုard Business School က Psychology Professor, Dr. David McClelland ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင် အစပျိုး လေ့လာခဲ့တာပါ။ လေ့လာတွေ့ ရှိချက် အရ ကျောင်းပညာရေး ထူးချွန်သူတွေဟာ အလုပ်မှာ ထင်သလောက်မအောင်မြင်ခဲ့ဘူးလို့ ပရော်ဖက်ဆာကြီးကဆိုပါတယ်။ တက္ကသိုလ်ပညာရေးမှာ ညံ့ဖျင်းခဲ့တဲ့ ကျောင်းသားတွေဟာ လည်း တော်တဲ့ ကျောင်းသားတွေလိုပဲ အောင်မြင်ကြတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။

ကျောင်းရ မှတ်တွေနဲ့ ဘ၀မှာ သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာလို့မရပါဘူး။ ဒါပေမဲ့ ဒါဟာ ဖုံးကွယ် တိမ်မြုပ်နေတဲ့ အလေ့အကျင့်တွေနဲ့ အားကျစရာကောင်းတဲ့ အပြုအမူတွေနဲ့ ဆက်စပ်နေတာပါလို့ အခိုင်အမာဆိုထားပါတယ်။ “နွားကောင်းမကောင်း ချောင်းတက်ကျမှသိ” ဆိုတာက ကျောင်းမှာ ရမှတ်တွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ဘ၀မှာ ရုန်းကန်နိုင်မှု ရှိမရှိဆိုတာကိုများ ဆိုလိုနေရော့သလားပင်။ ဒါကြောင့် ၁၉၇၀ အစောပိုင်းကစလို့ အဖွဲ့အစည်းအချို့မှာ Competency ကို အသုံးပြုပြီး လက်တွေ့ ဆောင်ရွက်မှု ထူးချွန်သူတွေကိုသာ ရွေးချယ်လာကြပါတယ်။ ထိုသူတွေက တကယ့်တကယ် စီမံလုပ်ဆောင်မှုတွေမှာလည်း အထောက်အကူပြုတဲ့ အသုံးဝင်သူတွေ ဖြစ်လာကြပါတယ်။


Skill ဆိုတာက How to do? “ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတာ”ဟု ဆိုလိုတာဖြစ်ပြီး Knowledge ဆိုတာကတော့ What to do? “ဘာလုပ်ရမလဲဆိုတာသိတာ” ဖြစ်ပါတယ်။ ဒါဆို Skill နဲ့ Knowledge ဆိုတဲ့ ကျွမ်းကျင်မှု ရှိတယ်ဆိုပါစို့ လက်တွေ့လုပ်ဆောင်ရမယ့်အခါမှာ အောင်မြင်မယ်လို့ မှတ်ထင်ထားကြပါသလား။ သေချာပေါက်အောင်မြင်နိုင်မှာ မဟုတ်ပါ။ အထက်မှာ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်မှာ ကျွမ်းကျင်မှု တစ်ခုတည်းမဟုတ်ပါ လိမ္မာမှုလည်းပါပါတယ်။ လိမ္မာမှုသည် တိမ်မြုပ်နေတတ်တဲ့ အရာဖြစ်နေပါတယ်။ ဒါကြောင့် Iceberg ရေခဲတုံးကြီးမှာ ပေါ်လောပေါနေတဲ့ အရာတွေက ကျွမ်းကျင်မှုဆိုတဲ့ Skill နဲ့ Knowledge ဖြစ်ပြီး တိမ်မြုပ်နေတတ်တဲ့ လိမ်မာမှုဆိုတဲ့ အရာတွေကတော့ Value ကိုယ်ရယူပိုင်ဆိုင်သင့်တဲ့ ပန်းတိုင်ကို တန်ဖိုးထားတတ်မှု၊ Self-Image မိမိပုံရိပ်ပုံစံပုံသဏ္ဍာန်၊ မိမိကိုယ်မိမိဘယ်လိုမြင်သလဲ၊ ယုံကြည်မှုရှိရဲ့လားစသဖြင့် (နောက်ပိုင်းမှ မိမိကိုယ်ကိုယ် Building Brand Image တည်ဆောက်ပုံကို အကျယ်ရေးပါဦးမယ်)၊ Trait Personality မိမိရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလေ့အထ နဲ့ Behavior Motives လိုလိုလားလားနှစ်သက်လက်ခံမှု ရုပ်ပိုင်းဆိုင်ရာ အလေ့အထ တို့ဖြစ်ပါတယ်။

အလွယ်ဆုံး Equation အနေနဲ့ကတော့
Competencies = Knowledge + Technical Skill + Value + Trait Personality + Behavior Motives

Expection ဆိုတဲ့ မျှော်လင့်ချက်က I want to ဖြစ်ပြီး Reality ဆိုတဲ့ လက်တွေ့မှာ But သို့သော်ဆိုပြီး လမ်းခုလတ်မှာတင် တစ်နေပြီး ပန်းတိုင်မရောက်ပဲ Gap Problem ကွာဟချက်ပြသာနာကြီး ဖြစ်နေတာတွေ့ကြုံခဲ့ကြရဖူးမှာပါ။ ဒါဟာ Competencies တစ်ခုခု ချို့တဲ့နေလို့ပါပဲ။ Find out လုပ်ကြည့်ပါ။ တစ်ခုခု ချို့တဲ့နေတာကို တွေ့နေရပါလိမ့်မယ်။ တကယ်တမ်း ချို့တဲ့နေတဲ့ အနာအဆာလေး ရှာတွေ့လိုက်သော်လည်း ပြင်ဆင်ရှေ့ဆက်နိုင်ဖို့ရာ ခက်ခဲနေကြပါသေးတယ်။ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ခက် ဖြစ်နေကြပြီး နီးလျက်နဲ့ဝေး ဆိုသလို တဖြေးဖြေး တိမ်မြုပ်နေရာကနေ ပျောက်ကွယ်လုနီးပါး ဖြစ်နေတတ်ကြပါတယ်။ ဒါဆို သေချာပေါက် Mindset ကို ပြောင်းရပါလိမ့်မယ်။


Mindset နဲ့ ပတ်သက်လို့ Mindset ဖြစ်ပေါ်လာပုံကို အစကနဦး ခွဲခြမ်းစိတ်ဖြာကြည့်တယ်။ ကမ္ဘာဦးအစက စတွေးခေါ်ကြည့်မိတယ်။ ကျောက်ခေတ်က ဆိုပါတော့ ကျောက်ခေတ်လူသားတွေက Climate ဥတုရာသီ နေရာဒေသ အသက်ရှင်ရပ်တည် နေထိုင်ခဲ့မူပေါ်မူတည်ပြီး Culture ယဉ်ကျေးမှု အမျိုးမျိုးပြောင်းလဲလာခဲ့ကြတယ်။ အသားစိမ်းတွေစားရာက မီးကိုစတင်တွေ့ရှိလာပြီး အသားတွေကို ကင်စားတတ်လာတဲ့ ယဉ်ကျေးမှု၊ ကျောက်တုံးတွေကို အသုံးပြုကာ လက်နက်အဖြစ်အသုံးပြုလာခဲ့မှု နောက်ဆုံး သံလက်နက်တွေ အသုံးပြုမှုကနေ ယခု nuclear စွမ်းအင်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုလာတဲ့အထိ Culture တွေပြောင်းလာပါတယ်။ ဥပမာ နွားလှည်းစီးတဲ့ Culture ကနေ ကားစီးတဲ့ Culture ဖြစ်လာတဲ့အခါ နေ့စဉ်ပြုမှုနေကျ Behavior တစ်ခုအနေနဲ့ ပြောင်းလာပါတော့တယ်။ အဖွဲ့အစည်းတိုင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မိမိကိုယ်ပိုင် Culture ကနေ Behavior ဖြစ်လာတာပါဘဲ။ နေ့စဉ်ပြုမှုနေကျ Behavior ကနေ Mindset ဆိုတဲ့ စိတ်တွေးစဉ်တွေပါ လိုက်ပြောင်းပါတော့တယ်။ Environment Behavior ကြောင့် Mindset ပြောင်းလာတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကောင်းတဲ့ Behavior ကနေ ကောင်းတဲ့ Mindset ဖြစ်လာသလို မကောင်းတဲ့ Behavior ကလည်း မကောင်းတဲ့ Mindset ကို ဦးတည်တာပါဘဲ။

1) Adaptability ရေလိုက်ငါးလိုက် လိုက်လျောညီထွေစွာ နေထိုင်တတ်ရမယ်။
2) Motivation စိတ်အားထက်သန် လိုလိုလားလား လုပ်ဆောင်တတ်ရပါမယ်။
3) Commitment ကတိက၀တ် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နိုင်ရပါမယ်။
4) Creativity အသစ်အသစ်ကို ဖန်တီးနိုင်စွမ်းရှိနေရပါမယ်။
5) Independence အမြဲတမ်းသူတစ်ပါးကို အားကိုးတာတွေလျော့ပြီး အမှီခို ကင်းမဲ့စွာ ကြိုးစားအားထုတ်နိုင်ရပါမယ်။
6) Analytical Reasoning ကြောင်းကျိုးဆီလျော်မှုကို အသုံးချပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစား တတ်ရပါမယ်။
7) Foresight အနာဂတ်ကို မျှော်ကြည့်ပြီး လုပ်ကိုင်တတ်တဲ့သူ တစ်ယောက်ဖြစ်နေရပါမယ်။
Leadership ခေါင်းဆောင်မှုကို မြတ်နိုးပြီး တာဝန်ယူမှုရှိစွာ ဦးဆောင်လုပ်ကိုင်ချင်စိတ်လည်းရှိနေရပါမယ်။
9) Emotional Stability စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိနေရပါမယ်။
10) Communication Skills ပေါင်းသင်းဆက်ဆံရေး ပြေပြစ်စွာနဲ့ မိမိလုပ်ငန်းဆောင်တာကို ပျော်ရွှင်စွာ လုပ်ကိုင်တတ်ရပါမယ်။
ပြင်ရမယ်ထင်တဲ့ Mindset တွေကို ဖော်ပြလိုက်တာပါ။ လိုအပ်တာလေးတွေလည်း ရှိနေဦးမယ်ထင်ပါတယ်။

အထက်ပါအချက်တွေသာ မိမိမှာ ပြည့်စုံနေမယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။

- Competency က Skill နဲ့ Knowledge ကို ဦးဆောင်ပြီး သာလွန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ရရှိစေပါလိမ့်မယ်။
- Competency သာရှိနေမယ်ဆိုရင် မိမိကိုယ်ပိုင်စွမ်းရည်နဲ့ အလေ့အကျင့်အပြုအမှုတွေဟာ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။
- Competency က ဘယ်တော့မှ တသတ်မတ်တည်းရှိနေမှာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ အထောက်အပံ့သာရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု ရှိလာပါလိမ့်မယ်။
- Competency ဟာ အဖွဲ့အစည်းတိုင်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း မည်သည့် လုပ်ဆောင်ချက်မှာမဆို ဆောင်ရွက်လုပ်ဆောင်နိုင်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။
- Competency သာရှိနေရင် လုပ်ဆောင်မှုတိုင်းဟာ Level အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Standard တစ်ခုကို အမြဲ ရရှိပါလိမ့်မယ်။

ထပ်ပြီးခွဲခြမ်းစိတ်ဖြာရရင် Competencies မှာ Basic competency နဲ့ Professional competency ဆိုပြီး ခွဲခြမ်းလို့ရပါသေးတယ်။
Competencies = Basic competency + Professional competency

Basic competency ကို ဥပမာအနေနဲ့ ပြောရရင်တော့ ပြသာနာဖြေရှင်းခြင်းဆိုပါတော့ လူတိုင်းမှာ မတူကွဲပြားတဲ့ ပြသာနာဖြေရှင်းနည်းတွေနဲ့ ကိုယ့်ဘာသာ ဖြေရှင်းခဲ့ရဘူးတာတွေရှိခဲ့ကြဘူးမှာပါ။ ဒါဟာ Basic competency လို့ပြောရပါမယ်။ လူတိုင်းကြုံရဆုံရလုပ်ရမယ့် competency ပါ။ Professional competency ကတော့ Skill နဲ့ Knowledge ပိုင်းကို အသားပေးပြီး လုပ်ဆောင်ရတဲ့ Competency မျိုးဖြစ်တယ်။ ဆေးပညာမတတ်ဘဲ ဆေးကုလို့မရဘူး ဆိုသလိုမျိုးပေါ့။

Basic competency လေးမျိုးရှိနေပါတယ်။ ဘာတွေလဲဆိုတော့
1) Intellectual competency လူတစ်ယောက်ရဲ့ ဥာဏ်ရည်ပါးနပ်ကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်တတ်တာဖြစ်တယ်။
2) Motivational competency လူတစ်ယောက်ရဲ့ စိတ်ခွန်အားကို တွန်းအားပေးပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာဖြစ်တယ်။
3) Emotional competency လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသုံးချပြီး ကျွမ်းကျင်လိမ္မာစွာ အသုံးချတတ်တာကို ဆိုလိုတယ်။
4) Social competency လူတစ်ယောက်ရဲ့ လူဝင်ဆံ့စွာ ပေါင်းသင်းဆက်ဆံတတ်တာကို ကျွမ်းကျင်လိမ္မာမှုလို့လည်း သတ်မှတ်ပါတယ်။ ဒါတွေဟာ အခြေခံ လူတိုင်းမှာရှိနေရမယ့် Competency ပဲဖြစ်ပါတယ်။

Professional Competency မှာတော့ သုံးမျိုးရှိပါတယ်။ အများအားဖြင့် လုပ်ငန်းခွင်နဲ့ပဲ သက်ဆိုင်တာများပါတယ်။
1) Generic competency ကတော့ Basic competency ရဲ့အပွားပါဘဲ။ Basic competency ရှိနေရင်တော့ Generic competency က လုပ်ငန်းခွင်မှာ အကျိုးရှိစွာ အသုံးချနိုင်ပါလိမ့်မယ်။
2) Managerial competency ကတော့ လုပ်ငန်းခွင် Management skills တွေဖြစ်တဲ့ Planning, Decision making, Deligation, Leadership စတဲ့ Management Level skill တွေ ဖြစ်ပါတယ်။
3) Functional / Technical competency သက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။

Competencies တွေကို ထပ်ပြီး Analytes လုပ်ရင် အများကြီးကျန်ပါသေးတယ်။ ထပ်ရှင်းပြနေရရင် ရှုပ်သွားတာပဲ ဖြစ်နေပါလိမ့်မယ်။ ဒီလောက်နဲ့ပဲ စာဖတ်သူတို့ကို မြုပ်နေတဲ့ ရေခဲတုံးအပိုင်းလေးကို ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြုပြင်ရမလဲဆိုတာလေးသိသွားဖို့က ပိုအရေးကြီးပါတယ်။ သိချင်တာများရှိရင် Comment ရေးပြီး ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်သိသလောက် အကြုံပြု ဆွေးနွေးပါ့မယ်။ သေချာတာက Competencies အခွဲတွေ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ အခြေခံ အဆင့်လောက်ရေးတာဖြစ်တဲ့အတွက် ဒီလောက်နဲ့ပဲ လက်စသတ်လိုက်တာပါ။ မြုပ်နေတဲ့ ရေခဲတုံး အပိုင်းလေးတွေကိုတော့ မမေ့ကြနဲ့နော်။
— with Soe Naing and 28 others.

12

Thursday, December 5, 2013

Internet မှာ လိုချင်တဲ့ Serial Key ကိုအတိအကျ ရှာဖွေခြင်း

ပထမ နည်းလမ်း
အရင်ဆုံး Google Search ကို ဖွင့်ထားလိုက်ပါ။ Search ဆိုတဲ့နေရာမှာ... မိမိ ရှာချင်တဲ့ Software နာမည်ကို “ “ ခံပြီး နောက်က 94FBR ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် Search ကိုနှိပ်ပြီးရှာလို့ရပါတယ်။ Fomular = “Product Name”94FBR
ဥပမာ. "Nero Burning Rom11" 94FBR


ဒုတိယ နည်းလမ်း
ဒုတိယ နည်းလမ်း အနေနဲ့တော့ ကျွန်တော်တို့ သုံးနေတဲ့ http://www.google.com/ ကိုhttp://www.google.com.hk/ လို့ပြောင်းရိုက်ပေးလိုက်ပါ။ China Google Site ရဲ့ Search Box ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ မိမိရှာလို့တဲ့ Software အမည်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက Software နာမည် ရိုက်တဲ့ အခါ အစစာလုံးတွေကို Capital Letter နဲ့ရိုက်ရပါမယ်။ နောက်တစ်ခု နောက်ဆုံးမှာ sn ဆိုပြီး Small Letter နဲ့ရိုက်ပေးရပါမယ်။ ဥပမာ - Nero Burning Rom 11 sn ။ အဲဒီလို ရိုက်ပြီးရှာလိုက်ရင် လိပ်စာတွေနဲ့အတူ Serial Key တွေကို တွေ့ရပါလိမ့်မယ်။

အောက်ပါ Site များမှာလဲ Serial Key များကိုရှာဖွေရရှိနိုင်ပါတယ် ။
http://www.serials.ws/index.php
www.youserials.com
http://www.serials.be/
http://www.fixdown.com/english/
http://serials.ws/
http://www.unlimitedserials.com/
http://www.serialcoded.com/
http://www.superserials.com/
http://www.serialportal.com/

Thursday, September 26, 2013

*** ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန် ***

*** ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန် ***

လတ်တလော လူကြိုက်အများဆုံး သတင်းများ shared အခမဲ့ ကြော်ငြာ's photo.
* Health Knowledge of the Day *
====================

*** ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန် ***

“ ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက် ” ဆိုတဲ့ ရှေးစကားရှိပါတယ်။လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်အပ်လိုပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။ (၂)ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။ (၃) သွေးရဲ့ ၈၃% ကအရေဓာတ်များဖြစ်ပါတယ်။ (၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။ (၆) ခန္ဒာကိုယ်ထဲသို့ရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။ (၇) ခန္ဒာကိုယ်ထဲမှာ ပိုလျှံပြီမလိုလားအပ်တဲ့ အရည်တွေနဲ့  အဆိပ်အတောက်တွေကိုဆီး/၀မ်း/သွေး/ချွေး/ချွဲသလိပ် အဖြစ်စွန့်  ထုတ်ပေးပါတယ်။ (၈)ခန္ဒာကိုယ်အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။ (၉) အသက်ရှုခြင်းကိုအထောက်အပံ့ဖြစ်စေ ပါတယ်။ (၁၀) အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှသက်သာစေပါတယ်။ (၁၁) ခန္ဒာကိုယ်တွင်းဆဲလ်များကို အောက်စီဂျင် မပြတ်လပ်စေတော့ပါဘူး။ (၁၂) သက်လုံကောင်းစေပါတယ်။ (၁၃) ခေါင်းကိုက်သက်သာစေပါတယ်။(၁၄) ပင်ပန်းနွမ်းနယ်မှု ကိုပြေပျောက်စေကာ၊ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။(၁၅) ကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသွားစေပါတယ်။ (၁၆)အမောအပမ်းခံနိုင်ပြီး၊ လေ့ကျင့်ခဏ်းကြာကြာလုပ်နိုင်လာပါတယ်။ (၁၇)အသားအရေကောင်းပြီး၊ ရွယ်တင်နုပျိုစေပါ တယ်။ (၁၈) ၀က်ရူးပျံ၊ တီဘီ၊ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ၀မ်းချုပ်၊လိပ်ခေါင်းရောဂါ တို့ ကို သက်သာစေပါတယ်။ (၁၉)အမြင်အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ ?

ရေခဲရေ နဲ့  ရေနွေးတွေကိုမဆိုလိုပါ။ (ရိုးရိုး သောက်ရေသန့် ကိုသာသောက်ပါ) 

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်းကလီစာများကို ပြန်လည်တက်ကြွလာအောင်လှုံ့ ဆော်ပေးဖို့  နံက်အိပ်ယာ ထတာနဲ့ သောက်ရေ၂-ခွက်သောက်ပေးရပါမယ်။ (၂) အစာကြေညက်စေဖို့  ထမင်းမစားခင်နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။ (၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။ (၄) လေဖြတ်/နှလုံးရောဂါတွေမဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။ (၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်းမဖြစ်ရလေအောင်ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?

အမေရိကန်ကျန်းမာရေးသုတေသီတွေရဲ့  စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်း ဆုံးဖြစ်ကြပါတယ်တဲ့။အကြောင်းရင်းကတော့ ထိုလူမျိုးတွေကထမင်းစားနေစဉ်မှာရေခဲရေ/ရိုးရိုးရေအေး မသောက်ကြ ဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်းပူပူကိုသာ သောက်သုံးလေ့ရှိလို့ ပါဘဲ။ အထူးသဖြင့်ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက( ဥပမာပြရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ် နဲ့အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊အစာကောင်းစွာမချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။ 

ဒါ့ပြင်ထမင်းဟင်းပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့အခါများမှာလည်း၊ အပူအအေးတပြိုင်နက်တည်းတွေ့ လိုက်တာကြောင့်အစာအိမ်ကိုကသိကအောက်ဖြစ်စေပါတယ်။အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ်အက်ဆစ်ထွက်ရှိမှုကိုကမောက်ကမဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။ ဒါကြောင့်ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ ဖြင့် မျှောမချဘဲဟင်းချိုပူပူ(သို့ မဟုတ်)ရေနွေးဖြူ(သို့ မဟုတ်)ရေနွေးကြမ်းတို့ ဖြင့်သာထမင်း လုပ်မနင်အောင်မျှောချကြပါရန် နဲ့  ထမင်းစားပြီးအနည်းဆုံးနာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာအကြံပေးဖော်ပြသွားခဲ့ပါတယ်။

 သို့ ပါ၍ဤကျန်းမာရေးဆောင်းပါးကိုဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကိုဆင်ခြင်ကြပြီး၊မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကို လည်းကျန်းမာရေးအသိပေးမျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်းအသိပေးနှိုးဆော်လိုက်ရပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Daily Health Tips 7th August 2013 at 18:55pm)--

26-09-2013နေု့ထုတ်ပြည်ထောင်စုသတင်းစာမှာဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်။
(စေတနာများစွာဖြင့်....ပေါက်ပေါက်)
+++++++++++++++++++++++

*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

www.facebook.com/free.of.charge.Ads



 




“ ထမင်းအသက် (၇) ရက်၊ ရေအသက် (၁) မနက် ” ဆိုတဲ့ ရှေးစကားရှိပါတယ်။ လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်အပ်လိုပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။ (၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။ (၃) သွေးရဲ့ ၈၃% ကအရေဓာတ်များဖြစ်ပါတယ်။ (၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။ (၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။

(၆) ခန္ဒာကိုယ်ထဲသို့ရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။ (၇) ခန္ဒာကိုယ်ထဲမှာ ပိုလျှံပြီမလိုလားအပ်တဲ့ အရည်တွေနဲ့  အဆိပ်အတောက်တွေကိုဆီး/၀မ်း/သွေး/ချွေး/ချွဲသလိပ် အဖြစ်စွန့်  ထုတ်ပေးပါတယ်။ (၈)ခန္ဒာကိုယ်အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။ (၉) အသက်ရှုခြင်းကိုအထောက်အပံ့ဖြစ်စေ ပါတယ်။ (၁၀) အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှသက်သာစေပါတယ်။ (၁၁) ခန္ဒာကိုယ်တွင်းဆဲလ်များကို အောက်စီဂျင် မပြတ်လပ်စေတော့ပါဘူး။ (၁၂) သက်လုံကောင်းစေပါတယ်။ (၁၃) ခေါင်းကိုက်သက်သာစေပါတယ်။(၁၄) ပင်ပန်းနွမ်းနယ်မှု ကိုပြေပျောက်စေကာ၊ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။(၁၅) ကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသွားစေပါတယ်။ (၁၆)အမောအပမ်းခံနိုင်ပြီး၊ လေ့ကျင့်ခဏ်းကြာကြာလုပ်နိုင်လာပါတယ်။ (၁၇)အသားအရေကောင်းပြီး၊ ရွယ်တင်နုပျိုစေပါ တယ်။ (၁၈) ၀က်ရူးပျံ၊ တီဘီ၊ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ၀မ်းချုပ်၊လိပ်ခေါင်းရောဂါ တို့ ကို သက်သာစေပါတယ်။ (၁၉)အမြင်အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ ?

ရေခဲရေ နဲ့  ရေနွေးတွေကိုမဆိုလိုပါ။ (ရိုးရိုး သောက်ရေသန့် ကိုသာသောက်ပါ)

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်းကလီစာများကို ပြန်လည်တက်ကြွလာအောင်လှုံ့ ဆော်ပေးဖို့  နံက်အိပ်ယာ ထတာနဲ့ သောက်ရေ၂-ခွက်သောက်ပေးရပါမယ်။ (၂) အစာကြေညက်စေဖို့  ထမင်းမစားခင်နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။ (၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။ (၄) လေဖြတ်/နှလုံးရောဂါတွေမဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။ (၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်းမဖြစ်ရလေအောင်ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?

အမေရိကန်ကျန်းမာရေးသုတေသီတွေရဲ့  စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်း ဆုံးဖြစ်ကြပါတယ်တဲ့။အကြောင်းရင်းကတော့ ထိုလူမျိုးတွေကထမင်းစားနေစဉ်မှာရေခဲရေ/ရိုးရိုးရေအေး မသောက်ကြ ဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်းပူပူကိုသာ သောက်သုံးလေ့ရှိလို့ ပါဘဲ။ အထူးသဖြင့်ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက( ဥပမာပြရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ် နဲ့အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊အစာကောင်းစွာမချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။

ဒါ့ပြင်ထမင်းဟင်းပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့အခါများမှာလည်း၊ အပူအအေးတပြိုင်နက်တည်းတွေ့ လိုက်တာကြောင့်အစာအိမ်ကိုကသိကအောက်ဖြစ်စေပါတယ်။အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ်အက်ဆစ်ထွက်ရှိမှုကိုကမောက်ကမဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။ ဒါကြောင့်ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ ဖြင့် မျှောမချဘဲဟင်းချိုပူပူ(သို့ မဟုတ်)ရေနွေးဖြူ(သို့ မဟုတ်)ရေနွေးကြမ်းတို့ ဖြင့်သာထမင်း လုပ်မနင်အောင်မျှောချကြပါရန် နဲ့  ထမင်းစားပြီးအနည်းဆုံးနာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာအကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ ပါ၍ဤကျန်းမာရေးဆောင်းပါးကိုဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကိုဆင်ခြင်ကြပြီး၊မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကို လည်းကျန်းမာရေးအသိပေးမျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်းအသိပေးနှိုးဆော်လိုက်ရပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Daily Health Tips 7th August 2013 at 18:55pm)--

26-09-2013နေု့ထုတ်ပြည်ထောင်စုသတင်းစာမှာဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။FB မိတ်ဆွေများ
ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်။
(စေတနာများစွာဖြင့်....ပေါက်ပေါက်)
+++++++++++++++++++++++



*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*