သုတ
- သင်္ဘောရွက်ကကင်ဆာရောဂါ အမျိုးမျိုးကိုကာကွယ်
-ရွှေပြည်စိုး
-၂၁-၁၁ -၂၀၁၁
ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။
ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင် ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ် လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာ နိုင်တော့မည်ဟု ဆို၏။
ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။
ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။
သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။
ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။
ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှ တစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Credit to: forever friends.ning.com
---------------------------------------
ကင်ဆာရောဂါအတွက် သဘောင်္ရွက်
-ထူးတင့်နိုင်
လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။
ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံ ဆရာဝန်ကြီး တစ်ဦးဖြစ်သည်။
(ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)
“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။
လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာန ကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။
ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည် ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။
ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင် ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။
ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီ ဆရာတော် ပြန်ကြွလာတယ်။
ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကိုတွေ့ရတယ်။
ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည် ညှစ် သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရော ဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက်ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာ ပေါင်းများစွာ ကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီး ဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။
ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီးဒေါက်တာ တင်အောင်သည် ကွယ်လွန် သွားရှာသည်။
ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။
ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေး တစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။
ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။
ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။
ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည် ကို တွေ့ရသည်။
ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက် အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန် လည်းမဟုတ်ပါ။
ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။
သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသောအတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။
ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာအောက်ပါအတိုင်း ဖြစ်ပါသည်။
“သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။
လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။
မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။
၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။
သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။
စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။
“ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။
လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါ ပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကို ထုတ်ဖော်ပါသည်။
၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။
မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက် သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။
၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။
မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။
ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။
ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။
ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။
နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကိုပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက် ရေးခဲ့သည်။
၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။
ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ၁၆-ယောက် ပျောက်ကင်းချမ်းသာ ပါသည်။
သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။
သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။
နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေး လုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိ မူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။
ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက်ကင်းပါသည်။
(ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲ တွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။
အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။
ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ် လိုက်ပါ။
စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။
ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။
ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။
ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။
ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက် တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။
ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။
အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။
ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။
သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိ ကင်ဆာ အကျိတ်များ ပျောက်ကုန်ပါသည်။
သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။
ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။
သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။
၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ် ပါမောက္ခသည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။
အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။
အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှု အဖြစ် သင်္ဘောရွက် ကိုသုံးကြပါသည်။
ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။
သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်း ကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။
အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။
ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ် နိုင်သည်။
တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။
ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကိုမှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။
ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်းစစ်ချရမည်။
ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။
ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေး အာနိသင်ပြယ် တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။
အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။
ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအား ကိုသာ မြင့်ပေးရန်ပြောသည်။
ထိုလူနာတွင်သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။
၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန် လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။
ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။
လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။
ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)
ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။
ကျွှန်တော်သည် ထိုအကြောင်းကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကိုစကား စပ်မိရင်း ပြောပြ သည်။
ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသော မိန်းကလေး တစ်ဦး အားပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။
ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီးရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။
ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့် စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။
ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။
သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။
သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။
ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။
ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။
မှတ်ချက်။
Forward mail ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
ဤစာကို ဖတ်ရှုပြီးနောက် မိမိတို့ ၏နီးစပ်ရာသူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများကိုလည်း လူချင်းဖြင့်သော်လည်းကောင်း ၊ online မှတစ် ဆင့်သော်လည်းကောင်း တစ်ဆင့်ပြန်လည်ဖြန့် ဝေပေးခြင်းဖြင့် ကုသိုလ်ပြုကြပါလို့ တိုက်တွန်းပါတ
Monday, November 21, 2011
သုတ
Posted by sunshinepaung at 3:01 AM 0 comments
Thursday, November 10, 2011
Tuesday, November 8, 2011
ငါတို့၏ကျဆုံးရာကား
Source Photo from http://thawthikho.blogspot.com/2011/11/2011.html
ငါတို့၏ကျဆုံးရာကား
11/08/2011
E-Mail မှတဆင့် ရရှိလိုက်တဲ့စာတစ်စောင်ကို လက်ဆင့်ကမ်းလိုက်ပါတယ်.......
မိမိဘာသာကိုသော်၎င်း၊ တခြားဘာသာတရားကိုသော်၎င်းလေ့လာခြင်းအားနည်းမှု၊ တရားဟောဆရာ ပြောတိုင်းဟုတ်၊ ဘုန်းကြီးဟောတိုင်းမှန် ပင်ကိုယ်ဆင်ခြင်တုံတရားအားနည်းမှု၊ အသုံးမပြုမှုသည် ကရင်အမျိုးသားများကြားဖြစ်ပွားနေသော ဘာသာရေးအစွန်းရောက်မှု၊ တခြားသောဘာသာအားမသိ၊ မလေးစားမှု ၏အခြေခံအရင်းအမြစ်ဖြစ်သည်။
ကရင်လူမျိုးများအကြား၌ ဘာသာရေး အမြင်ကျဉ်းမြောင်းမှု၊ ငါ့ဘာသာ၊သူ့ဘာသာခွဲခြားမှု သည် အရှိတရားတခုဖြစ်၍ အငြင်းမပွားနိုင်ပါ။ ယင်းကြောင့်ပင် အချင်းချင်းစစ်ပြိုင်သတ်ဖြတ်ကြသည်မှာ မပြေးသော်လည်းကန်ရာရှိ ၍ ကရင့်သမိုင်းတွင်ဝမ်းနည်းဖွယ် အမည်းစက်တင်ကျန်ခဲ့ပါသည်။နို
ဝင်္ဘာလ ၁၇ ရက်တွင် အဲခေါင်သောင့် ဘလော့၌ တင်ထားသည့် မီးလောင်သွားသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗီဒီယိုခလစ်ပ်သည် အင်မတန်မှ ၀မ်းနည်းစရာကောင်းပြီး သင်္ခန်းစာ ယူသင့်သော ဖြစ်ရပ်များစွာထဲမှ တခုဖြစ်ပါသည်။ အမျိုးသားရေးနှင့် ဘာသာရေးမကွဲပြားခြင်း၊ မခွဲခြားနိုင်ခြင်း၊ ဘာသာရေးအစွန်းရောက်ခြင်းများက ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး ပျော့ကွက်တခုဖြစ်သည်မှာ ငြင်းကွယ်၍ မရနိုင်သောအမှန်တရားတခုဖြစ်ပါသည်။
ကရင်အမျိုးသားတို့၏ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဘလော့ပိုင်ရှင် အဲခေါင်သောင့်၏ အမြင်၊ သဘောထားကို စာရေးသူအနေဖြင့် များစွာနှစ်သက်၍ သဘောတူလှပါသည်။
သို့သော် ဤဗီဒီယိုကလစ်ပ် နှင့်ပတ်သက်၍ ရင်မှာဖြစ်လာသောမေးခွန်းများစွာကိုလည်းဆွေးနွေးလိုပါသည်။ ဤဖြစ်ရပ်သည် ၂၀၀၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ သို့သော် ဘယ်နေရာ၊ ဘယ်သို့ဖြစ်သည်။ ဘာကြောင့်ဖြစ်သည်၊ ဘယ်သူ၊ဘယ်တပ်ကပြုလုပ်သွားသနည်း၊ တမင်ပစ်မှတ်ထား မီးရှို့သွားသည်လား၊ လုပ်ကြံဇာတ်လမ်းအခုလား ဟူသည်ကားယနေ့ထိ တိကျသေချာမသိရပါ။ မည်သည်ကြောင့်ဖြစ်သည် ဖြစ်စေ၊ ၀မ်းနည်းဖွယ် ဆိုသည် ကိုကား ငြင်းဖွယ်ရာမရှိပါ။
၂၀၀၅ ခုနှစ်ဝန်းကျင်တ၀ိုက်သည် ဒီကေဘီအေ အင်အားတန်ခိုးအာဏာကြီးထွားနေဆဲ အချိန်ကာလဖြစ်ပါသည်။ ကေအဲန်ယူနှင့် စစ်အစိုးရငြိမ်းချမ်းရေးဆွေးနွေးနေသော အချိန်လည်းဖြစ်ပါသည်။ ဗိုလ်ကျော်သန်း၏အဆိုအရ “ယင်းကဲ့သို့သောဖြစ်ရပ်များရှိပါလျက် မိမိတို့မှာ ကေအဲန်ယူကို မကောင်းဝါဒဖြန့်ခြင်းမလုပ်ခဲ့ဟုဆိုပါသည်။
ယင်းသို့ပြုလုပ်ပါက မိဘအားမကောင်းပြောရာ ရောက်မည်စိုးသောကြောင့်ဟုဆိုပါသည်။” သို့သော် ဗီဒီယိုခလစ်ပ် တခုလုံးတွင် ကေအဲန်ယူအားစက်ဆုပ်စွာ အပြစ်တင်ခြင်းကိုသာ ကမ္ဘာချီ အစအဆုံး ပြောနေခဲ့သည်။ ၄င်းပြောသကဲ့သို့ ကရင်လူမျိုးစည်းလုံး ညီညွတ်ရေးကို ရင်ထဲမှလိုလားခဲ့သည်မှန်ကန်ခဲ့ပါက ၂၀၀၅ ခုနှစ်မှ ရိုက်ကူးခဲ့သောယခုဗီဒီယို သည် ဘာကြောင့် ၂၀၁၁ ခုနှစ် ယခုလိုအချိန်မျိုးမှာမှ မီဒီယာပေါ် (တကျော့ပြန်)ရောက်လာရ သနည်း။
စဉ်းစားစရာဖြစ်လာပါသည်။
တချိန်ကပြိုကွဲ၊ လမ်းခွဲခဲ့သော ဒီကေဘီအေနှင့် ကေအဲန်ယူကရင် လက်နက်ကိုင်တပ်များ ပြန်လည်ပူးပေါင်းလာချိန်၊ နားလည်ကျေအေးလာချိန်၊ လက်တွဲညီညွတ်လာချိန်မှာမှ ဘာကြောင့်အချိန်ကိုက်ပေါ်လာရသနည်း။ တွေးဆဆင်ခြင်စရာဖြစ်ပါသည်။
ကေအဲန်ယူ ၏ဦးဆောင်မှုအောက်တွင် ကရင်အမျိုးသားများ ညီညွတ်ခဲ့စဉ် မြန်မာပြည်၌အင်အားကောင်းသော တော်လှန်ရေးအင်စားစုတခုအဖြစ်ဂုဏ်ယူဖွယ်ရပ်တည်ခဲ့သည်မှာသမိုင်းဖြစ်ရပ်မှန်ဖြစ်ပါသည်။ သို့သော် ချိနဲ့ အားနည်းသောအုပ်ချုပ်မှု၊ ဘာသာရေးမညီညွတ် မမျှတမှု၊ မြုံနေသောဘာသာရေး အစာမကျေမှုများအား လစ်လျူရှုထားမှု၊ အမျိုးသားရေးအသိရှိသော်ငြား နိုင်ငံရေးအသိ အားနည်းမှု စသော စသော အားနည်းမှု များကြောင့် ရန်သူစစ်အစိုးရမှ ငါးကြင်းဆီနှင့်ငါးကြင်းကြော်၍ ကရင့်တော်လှန်ရေး ကိုဖြိုခွဲနိုင်ခဲ့ပါသည်။
ကရင်တော်လှန်ရေးနှင့် ကရင်တမျိုးသားလုံးအတွက် ဆိုးရွားအထိနာခဲ့သော သမိုင်းသင်္ခါန်းစာဖြစ်ပါသည်။
ဘာသာရေးအစွန်းရောက်သောကေအဲန်ယူခေါင်းဆောင်အချို့ကြောင့် ကရင်ဗုဒ္ဓဘာသာဝင်များ နစ်နာခံစားခဲ့ရသလို ဒီကေဘီအေတခေတ်တွင် ဘာသာရေးအစွန်းရောက်သောဒီကေဘီအေအချို့ကြောင့် ခရစ်ယာန်ဘုရားကျောင်းများစွာဖျက်ဆီးခံခဲ့ရပါသည်။
ခရစ်ယာန်ဘုန်းတော်ကြီးအချို့ ညှဉ်းပမ်း သတ်ဖြတ် ခံခဲ့ရပါသည်။ ဗုဒ္ဓဘာသာထဲသို့ကူးပြောင်းရန်ငြင်းဆိုသဖြင့် လူနည်းစုခရစ်ယာန်နှင့် မိရိုးဖလာကိုးကွယ်သူအချို့ ဆရာတော်အမိန့်ဟုဆိုကာ မိမိအိမ်နှင့်ရွာမှ အဓ္ဓမစွန့်ခွါ ရွှေ့ပြောင်းစေခဲ့မှုများ ရှိခဲ့ပါသည်။ ဆိုလိုသည်မှာ ဘာသာရေးအစွန်းရောက် အချို့သော ပုဂ္ဂိုလ်များ၊ အမည်ခံအမျိုးသားခေါင်းဆောင်များ၊ အရေခြုံ ဘာသာရေး ခေါင်းဆောင်များကြောင့် ကရင်လူမျိုးများစွာ ဒုက္ခပင်လယ်ဝေခဲ့၊ ငိုကြွေးပူဆွေးခဲ့ရပါသည်။ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါသည်။
ထို့ကြောင့်ဒီကေဘီအေ၊ ကေအဲန်ယူဆိုပြီး လုပ်ရပ်တခု၊ အဖြစ်အပျက်တခုကို ဥပမာပေး၍ ဘာသာရေးနှိပ်ကွပ်မှုရှိကြောင်း၊ နားလည်မှု၊ ညီညွတ်မှုရှိရန်လိုအပ်ကြောင်း တင်ပြလာခြင်းသည် စေတနာ မှန်ခဲ့သော်ငြား ကောင်းကျိုးထက်ဆိုးကျိုးသာသက်ရောက်ဖြစ်ပေါ်စေပါမည်။
ဆင်ခြင်ခြင်းတရားထက် နာကျင်ခံစားအညှိုးထားစိတ်သာဖြစ်စေပါမည်။ တခြားသောဘာသာဝင် တဦးဦးက မိမိတို့ ခံစားနစ်နာခဲ့ရမှုကို ဓာတ်ပုံ၊ ဗီဒီယိုဖြင့် ယခုကဲ့သို့ပြန်လည်တင်ပြလာပါက ဤဇာတ်လမ်းဘယ်မှာဆုံးတော့မည်နည်း။ အပြန်အလှန်စွပ်စွဲခြင်း၊ လက်ညှိုးထိုးခြင်း၊ မဆုံးနိုင်သောသံသရာထဲတွင် ကရင်လူမျိုးများမည်သည့်တိုင်အောင် ဘ၀မေ့ပျော်မွေ့နေဦးမည်နည်း။
ကျွန်ုပ်တို့ ခံခဲ့ရသမျှ၊ နာကျင်ဆုံးရှုံးခဲ့ရသမျှ တဦးအပေါ်တဦးလက်ညှိုးထိုးနေ၍ မည်သို့သောအဖြေမှရနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အားနည်းမှု၊ မသိနားမလည်မှုသည်သာ ကျွန်ုပ်တို့၏ ဆုံးရှုံးရာ၊ ကျဆုံးရာဖြစ်သည်။ ကရင်အားလုံး ငါ၊ ငါ့ဘာသာ၊ ငါ့အဖွဲ့အစည်း ဆိုသောအတ္တစိတ်ကိုဖယ်ရှားနိုင်၍ ခိုင်မာမှန်ကန်သောအမျိုးသားရေးအသိ၊ အမျိုးသား ရေးသတိဖြင့် ရှေ့ဆက်လက်တွဲ၍ အမျိုးသားရေးကို ဆောင်ရွက်နိုင်ပါစေ။
ရဲရဲတွေး
Reference: အတွေးအမြင်
Copy from http://kanyawpo.blogspot.com/2011/11/blog-post_8715.html
Posted by မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး) at 7:51 PM
Posted by sunshinepaung at 5:10 AM 0 comments
Thursday, September 22, 2011
လှိုင်မြင့်သို့အိတ်ဖွင့်ပေးစာ
ဒီဆောင်းပါးကိုငြိမ်းချမ်းရေးဆိုဒ်ကတင်လိုက်လို ငြိမ်းချမ်းရေးဆိုဒ်ကိုဖျက်လိုက်ကြတယ်မင်းတိုမှတ်ထားကြပေါ့ တခုဖျက်ရင် ၁၀ခုထပ်ဆောက်လိုရတယ်ဆိုတာ..........
လှိုင်မြင့် ကျုပ်ခင်ဗျားကို ပြောပြလိုက်မယ်
မြန်မာပြည်လို့ ခေါ်ဆိုတဲ့ဒေသကြီးမှာ တိုင်း၇င်းသား ( ၁၃၅ ) မျိုး၇ှိတယ်လို့ ပြောကြတယ်
ဒါပေမဲ့ အဓိကတိုင်း၇င်သားလူမျိုးကြီး( ၈ ) မျိုးကိုဖေါ်ပြလေ့၇ှိတယ် ခင်ဗျားသိပါတယ်၊
ခင်ဗျားမျက်လုံးမကန်းနေသလို ခင်ဗျားအသိတ၇ားလည်းမ၇ှိဘူးလို ကျုပ်မပြောချင်ဘူး၊
မြန်မာဖက်စာအုပ်မှာ ကချင်၊ ကယား၊ က၇င်၊ ချင်း၊ မွန်၊ ဗမာ၊ ၇ခိုင်၊၇ှမ်း၊ ဆိုတဲ့ ညီနောင် ( ၈ ) မျိုး၇ှိတယ်ဆိုတာ
ခင်ဗျားမေ့သွားတာလား၊ မသိတာလား၊ မေ့သွားတယ်ဆို၇င်တော့ ခင်ဗျားစာမေ၇းနဲ့တော့၊ မသိဘူးဆို၇င် ခင်ဗျားဘယ်လို ပုံစံနဲ့ ဒေါက်တာဖြစ်လာတာလည်း၊ ၇ှစ်ပြည်နယ်မူးကို ခင်ဗျားလက်မခံဘူးဆို၇င် ၇ှိသင့်၇ှိထိုက်တဲ့၊
ဗမာပြည်တစ်ခုကို ခင်ဗျားတို့လို အစွန်းေ၇ာက်မဟာဗမာတွေတစ်စုက မီး၇ှို့ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ၊ တကယ်တော့ လှိုင်မြင့်လို စိတ်ထား၇ှိနေကြတဲ့ အစွန်းေ၇ာက် မဟာဗမာဝါဒီတစုက ဗမာတိုင်း၇င်သားတွေနဲ့ ညီနောင်တိုင်း၇င်သားတွေကို ၇န်တိုက်ပေးပြီး ၄င်းတို့ ကြီးပွားချမ်းသာမူ့ နဲ့ အာဏာတည်မြဲအောင်လုပ်ဆောင်ခြင်းသာဖြစ်တယ်၊ ဗမာကြီးစိုးေ၇းကို လုပ်တယ်ဆိုပေမဲ့ မြို့ ထဲကဗမာတွေ ဘာဖြစ်နေကြလဲ၊ နင့်ကဗမာတွေ ဘာဖြစ်နေကြ၇လဲ၊ မြို့ကဗမာတွေ တောင်းစားနေ၇တယ်မဟုတ်လား၊ တ၇ုပ်ဆီမှာ ဖာခံစားနေ၇တယ်မဟုတ်လား၊ နင်ကဗမာတွေကော၊ မဲဆောက်အမှိုက်ပုံမှာ အမှိုက်လာကောက်နေ၇တယ်မဟုတ်လား၊ ဒါတွေကို လှိုင်မြင့်အုပ်စုတွေ မသိဟန်ဆောင်နေကြတယ်မဟုတ်လား၊ ကဲဒါတွေထားလိုက်ပါတော့ လှိုင်မြင့်အုပ်စုအနေနဲ့  ၇ှစ်ပြည်နယ်မူးကိုလက်မခံချင်ဘူးဆို၇င် ဥပမာ ( ၇ )ပြည်နယ်အနေနဲ့  ဆက်သွားကြမယ်ဆိုပါစို့ ၊ က၇င်မပါဘူး
ကချင်၊ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ၇ခိုင်၊ ၇ှမ်း၊ ( ၇ )ပြည်နယ်ထားမယ်ဗျာ၊ က၇င်ကလူမျိုးကြီးလုပ်ပြီး နိုင်ငံကို အုပ်ချုပ်မယ်ဗျာ၊ ကဲလှိုင်မြင့် ခင်ဗျားလက်ခံနိုင်၇ဲ့လာ၊ စဉ်းစားကြည့်နော်၊ ကျုပ်ယုံကြည်တယ် တိုင်း၇င်သားညီကိုတွေက လက်ခံကောင်းလက်ခံကြမယ်၊ ခင်ဗျားလို အစွန်းေ၇ာက်ဗမာတွေတော့ လက်ခံနိုင်မှာမဟုတ်ဘူး၊ ကျုပ်မြေကြီးကို လက်နဲ့ပုတ်၇င်လွဲ၇င်လွဲမယ် ကျုပ်စကားတော့မလွဲဘူး ၊ ဟုတ်တယ်နော်၊ ကဲဒီတော ညီမျှတဲ့ လမ်းစဉ်ကို မေ၇ွးသင့်ဘူးလား၊ ( တကယ့်တကယ် ဒီမိုကေ၇စီလမ်းစဉ်နဲ့ မဲေ၇ွးမယ်ဆို၇င် ------- စဉ်းစားပေါ့ဗျား၊ ) မျှမျှတတနဲ့ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့အမွေကို ကို ကျေကျေနပ်နပ်ပျော်ပျော်၇ွှင်၇ွှင် ကိုယ်စီယူကြမယ်ဗျား၊
လူမျိုအလိုက်ပြည်နယ်အစို၇ထားကြမယ်ဗျာ နောက်ပြည်ထောင်စုနိုင်ငံထောင်ပြီး နိုင်ငံအကျိုးကို တကယ်လုပ်ဆောင်နိုင်တဲ့ ဘယ်လူမျိုးမဆို ( သမတ )ေ၇ြွးကပေါ့ဗျား၊ ဒါအကောင်းဆုံးပဲ ၊ အင်္ဂလိပ်ဆီက လွပ်လပ်ရေးကိုရယူပြီး ဒီမိုကေ၇စီလမ်းကြောင်းကိုဖေါ်ဆောင်တော့မဲ့ ဗိုလ်အောင်ဆန်ကို ဘယ်သူသက်လည် (ကျုပ့်ယုံကြည်တယ် လှိုင်မြင့်လို ဗမာအစွန်းေ၇ာက်သားလေးတွေ၇ဲ့  အဖေကြီးလုပ်ကြံလိုက်တာမဟုတ်လား၊) ဗမာအစွန်းေ၇ာက်တွေ အုပ်ချုပ်လာတာနှစ် ( ၆၀ )ကျော်သွားပြီး နိုင်ငံအတွက်ကောကောင်းလား ဗမာလူမျိုးအတွက်ကောကောင်းလား ( တိုင်း၇င်သားတွေကိုမပြောသေးဘူး) အခုနိုင်ငံကြီးဘာဖြစ်နေလည် အာ၇ှ အိမ်နီးချင်းနိုင်ငံတွေ၇ဲ့( ချေတော်တင် ) အလုပ်သမားအုပ်စုကြီးထွက်၇ှိတဲ့ ဒေသကြီးလိုဖြစ်နေ၇တယ်မဟုတ်လား၊ ( အလုပ်သမားအဆင့်တောင်မှ ဘာမှအာမခံမ၇ှိတဲ့ အလုပ်သမားမျိုး) မိကောင်းဖခင်မြန်မာမိန်းခလေးတွေ နိုင်ငံခြားသား ပေါက်ဖော်ကြီးတွေ၇ဲ့ချေတော်တင်ခြင်းကို ခံနေတယ်မဟုတ်လား၊
ဒါတွေဟာဘယ်သူ့ ကြောင့်လည် မဟာဗမာအစွန်းေ၇ာက်တွေ၇ဲ့ အတွက်ကြောင့်ဖြစ်တယ်၊ ဗိုလ်နေ၀င်းအသက် ( ၉၀ )ကျော် ကာမဂုဏ်အပြည့်နဲ့ နေသွားတယ် ၊ သူအမျိုးတွေ သူဋေးကြီးတွေဖြစ်ပြီး ဇိမ်ခံနေကြတယ်၊ သန်းေ၇ွလည်း ဇိမ်အပြည့်ခံပြီးသေဖို့ နီးပြီး ၊ သူ့အမျိုးတွေနဲ့ သူ့နောက်လှိုက်တွေ သူဠေးကြီးတွေဖြစ်နေကြတယ်မဟုတ်လား၊ မြန်မာပြည်သူတွေ ငတ်နေကြ၇တယ်မဟုတ်လား ၊ ဗမာအစွန်းေ၇ာက်တွေက သူတို့ အာဏာတည်မြဲဖို့နဲ့ သူတို့ ကြွယ်ဝချမ်းသာမူကို ကာကွယ်နေခြင်းသာအဓကဖြစ်နေကြတယ် ၊ ကျောင်းသားကိုသက်တာ ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ ၊ ပြည်သူတွေ၇ဲ့  အကျင့်ကောင်းတွေကိုဖျက်ဆီးတာ ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ ဘာသာသာသနာကိုဖျက်ဆီးတာလည်း ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ ဘုန်းကြီးတွေကိုသတ်တာလည်း ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ သူတို့၇ဲ့  စည်းဇိမ်နဲ့  အာဏာကိုထိမိ၇င် သီလှ၇ှင်ကိုတောင်မှ မုဒိန်ကျင့်တ်ပြီး ( နင်ဟာသီလ၇ှင်မဟုတ်ဘူး ၊ ဗမာအမျိုးမစစ်ဘူးလို့တောင် လှည့်ပြောမဲ့အမျိုးအစားတွေပါ ) လှိုင်မြင့် ကျုပ်ပြောတာ ဟုတ်လား၊ မှန်လား၊ တကယ်တော့ တိုင်း၇င်သားတွေက ဗမာကိုမမုန်းပါဘူး ၊ လှိုင်မြင့်လို ( မဟုတ်မမှန်ေ၇ှ့တော်ပြေး ကလောင်ကင်းသမား ) တွေကိုတော့မုန်းမှာပေါ့ ။ ကြည့်ကြစမ်း တိုင်း၇င်သားတွေက ငါတို့ ဗမာတွေကိုမုန်းကြတယ်ဟေးးး ဆိုပြီး ဗမာအစွန်းေ၇ာက်အဖွဲ့ ထဲကို ဆွဲထည့် သွတ်သွင်းတာတော့ အန္တရာယ်ကြီးလွန်းပါတယ် တကယ်တော့ အစိုး၇လို့ခေါ်ဆိုတဲ့ ဗမာခေါင်းဆောင်အဆက်ဆက်ဟာ ( ဘီလူး နက်သမီးခေါင်ဆောင်းသူတွေပါ) ကလိန်ကကျစ်နည်းတွေနဲ့ ဗမာနဲ့ တိုင်း၇င်သားတွေကို၇န်တိုက်ပေးပြီး တိုင်းပြည်ကို မောင်ပိုင်စီးနေကြတဲ့ သူခိုးဓမြမဟာအစွန်းေ၇ာက်ဂိုဏ်းသားတွေဆိုတာ မောင်လှိုင်မြင့်သိပါလိမ့်မယ်။
ပေးပို့လာတဲ့ဗိုလ်ကီးအားကျေးဇူးတင်ပါကြောင်း
Labels: ပေးပို့တဲ့စာ
Posted by sunshinepaung at 5:09 AM 0 comments
Monday, January 3, 2011
သင့်မိတ်ဆွေများရဲ့  အချက်အလက် ဘယ်လိုရှာဖွေနိုင်
unday, 02 January 2011
သင့်မိတ်ဆွေများရဲ့  အချက်အလက် ဘယ်လိုရှာဖွေနိုင်
ဇာဝါရီ (မယ်ရီလန်း)
ဇန်န၀ါရီ ၃၊ ၂၀၁၁
မင်္ဂလာပါ - နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ မိတ်ဆွေများ နှစ်ဟောင်းကုန်၍ နှစ်သစ်ရောက်ချိန်မှာ ပထမဦးဆုံး သိသင့်သိထိုက်၊ လုပ်သင့်လုပ်ထိုက်တာလေးတခုကို နှစ်သစ်လက်ဆောင်အဖြစ် အသိပေးလိုက်ပါတယ်။
ဒီနေ့ အချက်အလက်တွေနဲ့ ပြည့်လျှံနေတဲ့ အင်တာနက်ခေတ်ကြီးမှာ ကျနော်တို့လည်း တနေ့တနေ့ Google မှာ သိချင်တဲ့ သတင်းအချက်အလက်တွေရှာ၊ Facebook မှာ ကိုယ်အကြောင်း၊ သူများအကြောင်းတွေရေးဖတ်၊ Linkedin မှာ ပညာရေး၊ အလုပ်အကိုင် အရည်အချင်း အချက်အလက်တွေတင် အင်တာနက်ကွန်ယက်နဲ့ နေ့တဓုဝ ရှုပ်နေတော့တယ် မဟုတ်လား။
အစိုးရအဖွဲ့အစည်းတွေကို ၂၀၁၀ နှစ်ကုန်မှာ တုန်လှုပ်စေခဲ့တဲ့ WikiLeaks ထုတ်ဖော်ချက်လိုပဲ ယနေ့ လူတွေရဲ့  အချက်အလက်၊ အကြောင်းအရာတွေကိုလည်း အင်တာနက်စာမျက်နှာတချို့ မှာ အတားအဆီးမဲ့ အတိအကျ ရှာဖွေရယူလာနိုင်တာကို တွေ့နေရပါတယ်။ အင်တာနက်စနစ် တိုးတက်လာတာနဲ့အမျှ လူတွေရဲ့  ကိုယ်ရေးကိုယ်တာ အတွင်းရေးဆိုင်ရာ အချက်အလက်တွေလည်း မလုံခြုံဖြစ်လာတာကို တွေ့ရလာတယ်။
ဒီဆောင်းပါးရေးဖို့ ဖြစ်လာတာက နှစ်သစ်ကြိုညမှာ ကွန်ပြူတာလုံခြုံရေးဆိုင်ရာ အင်တာနက်စာမျက်နှာတခုကို ဖွင့်ကြည့်ချိန်မှာ စိတ်ဝင်စားစရာ အင်တာနက်စာမျက်နှာတခုအကြောင်းကို ဖတ်ရပြီး မိုးမခစာဖတ်သူများ သိစေဖို့ မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
အွန်လိုင်းဖုန်းလိပ်စာ အချက်အလက် ရှာဖွေနိုင်တဲ့ spokeo ဆိုတဲ့ အင်တာနက် စာမျက်နှာမှာ သင့်မိတ်ဆွေသူငယ်ချင်း၊ တဦးတယောက်ရဲ့  အမည် သို့မဟုတ် အီးမေးလ် တခုခုကို ရိုက်ထည့်လိုက်ရင် ရှာဖွေသူရဲ့  နေရပ်လိပ်စာ၊ ဖုန်း၊ အီးမေးလ်များအပြင် တခြား နောက်ခံ အကြောင်းအရာများဖြစ်တဲ့ ကျား/မ၊ အသက်၊ အိမ်ထောင်ရှိ/မရှိ၊ လစာ၊ အိမ်တန်းဖိုး/အရွယ်အစား အချက်အလက်တွေကို ရှာဖွေပေးပါတယ်။ အသေးစိတ် အတိအကျ အချက်အလက် ရယူလိုပါက နှစ်စဉ်ကြေး၊ လစဉ်ကြေး ပေးပြီးရယူနိုင်ပါတယ်။
အင်တာနက် ဂုရုတချို့ ကတော့ ဒီ spokeo စာမျက်နှာက လူတွေရဲ့  လိပ်စာ၊ တယ်လီဖုန်း၊ အီးမေးလ် နဲ့ သက်ဆိုင်ရာအချက်အလက်တွေကို လူမှုကွန်ယက်တွေ၊ လိပ်စာ အချက်အလက်တွေ ပေးရတဲ့ ဈေးဝယ် နဲ့ အင်တာနက်စာမျက်နှာများမှ ရယူစုစည်းထားခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြတယ်။
အကယ်၍ မိမိတို့ရဲ့  အချက်အလက်တွေကို မဖော်ပြခံလိုပါက အောက်ဖော်ပြပါအဆင့်တွေအတိုင်း လုပ်ဆောင်ပြီး ဖယ်ရှားနိုင်ပါတယ်။
1. မိမိ/မိတ်ဆွေရဲ့  အမည် ပထမ (first name) နဲ့ မိသားစု (last name) အမည်တို့ကို ရှာဖွေတဲ့နေရာမှာ ရိုက်ထည့်ပြီး “Search” ကို နှိပ်ရှာပါ။
2. ရှေ့ နောက် အမည်တူများ နဲ့ ပြည်နယ်လိပ်စာ အမည်စာရင်း နဲ့ သက်ဆိုင်ရာပြည်နယ်နေရပ်ညွှန် မြေပုံနဲ့ ဖော်ပြချက်ကို တွေ့ရပါလိမ့်မယ်။
3. အကယ်၍ မိမိအမည် အချက်အလက်တွေကို ဖယ်ရှားလိုပါက။ မိမိအမည်ကို ရွေးချယ်နှိပ်ပြီးရင် အထက်ဖက် စာမျက်နှာ လိပ်စာနေရာမှာ http://www.spokeo.com/search?q=xxx%20xxx#San%20Francisco-Oakland:4290507671/info Copy the URL ကို ကော်ပီကူးယူထားလိုက်ပါ။
4. ပြီးရင် စာမျက်နှာအောက်ဖက်ဆုံးမှာရှိတဲ့ “Privacy” လင့်ခ်ကို ဖွင့်လိုက်ပြီး ကူးယူထားတဲ့ လိပ်စာကို To remove a listing from Spokeo…” အောက် နေရာကွက်ထဲကို ကူးထည့်လိုက်ပါ။
5. နောက် မိမိ အီးမေးလ်လိပ်စာတခုကို ပေးရပါမယ်။ ကျနော်ကတော့ အမြဲသုံးနေတဲ့ အီးမေးလ်လိပ်စာကို မပေးဘဲ အပိုလုပ်ထားတဲ့ အီးမေးလ်လိပ်စာတခုကို ပေးလိုက်ပါတယ်။ နောက်ဆုံး Code အကွက်မှာတော့ ဘေးနားမှာပေါ်နေတဲ့ စာကို အတိအကျ ရိုက်ထည့်ပြီး အားလုံးပြည့်စုံရင် “Remove Listing” ကို နှိပ် တင်သွင်းလိုက်ပါ။
6. မိနစ်အနည်းငယ်အချိန်အတွင်း မိမိ အီးမေးလ်ကို ဖွင့်ကြည့်ပြီး spokeo က ပြန်လာတဲ့ အီးမေးလ်စာအတိုင်း နောက်ဆုံးအဆင့် မိမိအချက်အလက်တွေကို လုံးဝဖယ်ရှားဖို့အတွက် To complete the removal process, please click here ကို နှိပ်ပြီး အပြီးသတ်လိုက်ပါ။
အထက်ပါအဆင့်တွေကို လိုက်နာလုပ်ဆောင်ပါက မိမိအချက်အလက်များကို ဒီ အင်တာနက်စာမျက်နှာမှ ဖယ်ရှားနိုင်ပါလိမ့်မယ်။ သို့မဟုတ် သင့်ရဲ့  မိတ်ဆွေများကို မိမိနဲ့ တခြားမိတ်ဆွေ အပေါင်းအသင်းများရဲ့  အချက်အလက်တွေကို ဒီအင်တာနက်စာမျက်နှာမှာ အလွယ်ရှာဖွေနိုင်တယ်ဆိုတာကို ညွှန်ပြဆိုနိုင်ပါတယ်။
နှစ်သစ်မှာ လုံခြုံဘေးကင်း ပျော်ရွှင်စွာနဲ့ အင်တာနက်ကို အကျိုးရှိရှိ သုံးစွဲနိုင်ကြပါစေ။
Next >
Posted by sunshinepaung at 6:37 AM 0 comments
Sunday, April 18, 2010
Gmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်
ကျနော်က ဂျီမေးလ် သုံးနေတာတော့ အတော်ကြာပါပြီ မရှိမဖြစ်လောက်ကို သုံးနေရတာပါ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး လန့်ပါတယ် Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရတာ အမောပါ
ကျနော် အကောင့်လုံခြုံအောင် အမြဲတမ်းရှာဖွေနေမိပြီး ကျနော့လိုဘဲ ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက် ရေးပေးလိုက်တာပါ ဘာပညာမှတော့ ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့် ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် Protocol Secure
ကိုယ့်အကောင့်ကို Changing the HTTPS setting သို့ပြောင်းပါ HTTPS (Hypertext Transfer Protocol Secure) ဆိုတာက HTTP (Hypertext Transfer Protocol) ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက secure protocol ပါ
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) General မှာ Browser connection မှ Always use https ကို မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https:// ဖြစ်နေတာကိုတွေ့ရမှာပါ
ဒုတိယအဆင့် Password
မိမိ အကောင့် password ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ( password )ဆိုတာမျိုးထက်( pAssWord123SeCurE )လို့ပေးနိုင်ရင် အကောင်းဆုံးလို့ Google ဆိုထားပါတယ် နောက်ပြီး အကောင့် password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ် မိမိနှစ်သက်သလို ရွေးချယ်ပါ
တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် password မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ် အခြားသူတယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင် မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကို များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ် အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့် Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။
ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ Google နှင့် အဆင့်မြင့်နည်းပညာသုံး မသာမာသော အစိုးရ ပညာရှင်များသာလျှင် မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။
သတိထားကြ........... စစ်ခွေးတွေ လိုက်ကိုက်နေတယ်
ခရီးသည်မှတ်တမ်း၌ ပို့စ်တင်ရေးသားနေသူ လမ်းပြကြယ် ၏ ဘလော့ခ် အတိုက်ခံလိုက်ရပြီး ဘလော့ခ်ပိုင်ရှင်မှာ ဘလော့ခ်နှင့် ဂျီမေးလ်အကောင့်ထဲသို့ ၀င်လို့မရတော့ပါ။
ခရီးသည်မှတ်တမ်း၌လည်း “နအဖနှင့် ဒီမိုလုပ်စားများအတွက် နမူနာ” ဆိုသည့်ပို့စ်ကို လာရောက်တင်သွားပါသည်။ (ပြန်လည်ဖြုတ်ချပြီး ဖြစ်ပါသည်)
BLINK HACKER GROUP ဟု အမည်ခံထားသောစစ်ခွေးတသိုက်မှာ ၄င်းတို့ကို၎င်းတို့ မည်သို့ပင်အမည်ခံထားသော်လည်း ဟိုဖက်ကလိုလို ဒီဖက်ကလိုလို ဖြစ်အောင် ဖန်တီးသောလုပ်ရပ်သည် အရိုးကိုက်နေရလျှင် ကျေနပ်နေသော နအဖစစ်ခွေးများ၏ လုပ်ရပ်သာဖြစ်သည်။
ဒီမိုကရေစီဘက်တော်သား bloggers များအနေနှင့် မိမိတို့၏အီးမေးလ်နှင့် ဘလော့ခ်များလုံခြုံမှုကို အထူးဂရုစိုက်ကြပါရန် လေးနက်စွာ သတိပေးအပ်ပါသည်
ပေးပို့ သူ လောင်ဆိုးကူ
Posted by sunshinepaung at 3:41 PM 0 comments
Labels: Gmail
Wednesday, April 14, 2010
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တော်လှန်ရေးနှင့် ရန်သူ(၃)
အနှစ်သာရရှိသော ဆောင်းပါးအခန်းဆက်တပုဒ်ပါ။ မဖတ်ရသေးသူများအတွက် ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။
M.ထက်ခေါင်
မဟာဝါဒီနှင့် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်
မဟာလူမျိုးကြီးဝါဒီများအား ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖိနှိပ်ခံ တိုင်းရင်းသားများအတွင်း ကိုယ့်အစုကလေးနှင့်ကိုယ် ငါ တကောကောနေသူများ၊ ဘ၀တူအချင်းချင်းအပေါ် စာနာနားလည်စိတ်မရှိသူများ၊ ဖိနှိပ်သူနှင့်ပေါင်းကာ မိမိအမျိုးသားကို သစ္စာဖောက်ဖျက်လိုသူများ၊ မိမိအမျိုးသားကို အထင်ကြီးလေးစားမှု မရှိ၊ အခြားအမျိုးသားတို့အပေါ် အားကိုးမှီခိုလွန်းသူများ နှင့် မိမိအမျိုးသားကို တရားလွန် အထင်ကြီးပြီး လူစုမိလျှင် အခြားအမျိုးသားတို့အပေါ် ရန်လိုစွာ ထိပါးပုတ်ခတ်တတ်သူများ လည်း အကျည်းတန်စွာ ပါရှိနေသည်။
မိမိတို့အမျိုးသားအတွင်း သွေးစည်းညီညွတ်မှုကို အယောင်ပြသဘောသာ တည်ဆောက်နိုင်ပြီး တကယ်တမ်းတွင်မူ ကျစ်လစ်ခိုင်မာသည့် ညီညွတ်ရေးကို ပုံဖော်၍ မရနိုင်သူများ၊ လွပ်လပ်၍အမှီအခို ကင်းသော တိုင်းပြည်ကို လိုချင်သော်လည်း ထိုတိုင်းပြည်နှင့် လျော်ညီသည့် လူမျိုးတမျိုးဖြစ် မကျင့်ကြံ နိုင်ကြသေးသူများ၊ မြန်မာတို့၏ ဖိနှိက်မှုအောက်နေခဲ့ရသော သူများ ပီပီ မြန်မာတို့နည်းတူ ပန်းတိုင်မရောက်ခင် တက်ထောင်လိုသူများနှင့် တရားနည်းလမ်းတကျ ကြိုးပမ်းပြိုင်ဆိုင်မှုမပြုပဲ လိမ် လည်လှည့်ဖြား ညစ်ပတ်သောနည်းများဖြင့် အနိုင်ရရှိအောင် လုပ်တတ်သူများလည်း ရှိနေသည်။ ထိုသူတွေမှာ မဟာဝါဒီတို့၏ တန်ပြန်လက်ညှိုးထိုး မေးငေါ့ခြင်းကို ခံရမည့် စုန်းပြူးများပင် ဖြစ်သည်။
သို့ရာတွင် တိုင်းရင်းသားတို့၏ လူမှုအခွင့်အရေးများကို မပေးလိုပဲ၊ တိုင်းပြည်တခုလုံး ထာဝစဉ် လက်ဝါးကြီးအုပ် စိုးမိုး လိုသော မဟာဝါဒီတို့နှင့် ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိသည့် ထိုစုန်းပြူးများမှာ အစဉ်အမြဲ ပလဲနံပ သင့်နေမည် သာ ဖြစ်၏။
တခေတ်ဆန်းမဟာဝါဒီ
မဟာလူမျိုးကြီးဝါဒီ ဟူသော ဝေါဟာရကို အချို့က ခေတ်မရှိတော့သော ဝေါဟာရအဖြစ်“ဒီခေတ်မှာ ဘယ်သူမှ ဒီလိုသဘော ထားမျိုး မရှိတော့ပါဘူး။ မြန်မာတွေထဲမှာ မဟာဆိုတာကို တခါမှ မကြားဘူးတဲ့သူတွေတောင် အများကြီးရှိတယ်။” ဟူ၍လည်း ကောင်း၊ “ဒါဟာ တိုင်းရင်းသားတွေအနေနဲ့ မြန်မာတွေအပေါ် ကိုယ့်ထက်သာမနာလိုဖြစ်ပြီး အပုပ်ချချင်လို့ သုံးတဲ့စကားလုံးပဲ” ဟူ၍လည်းကောင်း ပြောဆိုကြသူများရှိသည်။ မြန်မာအားလုံး မဟာဝါဒီ မဟုတ်ကြောင်းကို ဤဆောင်းပါးတနေရာ၌ ရှင်းလင်း ခဲ့ပြီး ဖြစ်သည်။ မဟာဝါဒီခေတ် မရှိတော့ဟု ဆိုသူများကိုမူ ယနေ့ထက်တိုင် မြန်မာထဲ၌ မဟာဝါဒီအချို့ တွင်ကျယ်လျက်ရှိနေ ကြောင်း ထင်ရှားသည့် သက်သေသာဓကများ ထုတ်ပြရန် လိုအပ်လာသည်။
တိုင်းရင်းသားတို့နယ်မြေများတွင် စစ်အုပ်စု လက်ကိုင်တုတ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မ လုပ် အားပေးခိုင်းစေမှုများ၊ ညှဉ်းပမ်းသတ်ဖြတ်မှုများ၊ လူမျိုးတုန်း စစ်ဆင်ရေး စီမံချက်များကို ဖယ်ထားဘိဦး၊ ၎င်းတို့ ပြုမူနေသည့် အကျင့်အကြံများကို ကြည့်လျှင်ပင်၎င်းတို့၌ စွဲကပ်နေသော မဟာဝါဒကို တွေ့ရှိရမည် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် မည်သည့်အခါကမျှ မတည့်ခဲ့သော နိုင်ငံရေး စားဖားကြီးများသည် ဗိုလ်ချုပ်တို့ ကျဆုံးပြီး သည့်နောက် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတိုင်း ရရှိရမည်ဖြစ်သည့် တန်းတူညီမျှ လူမှုအခွင့်အရေးများကို မပေးလိုသော ကြောင့် တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်တို့ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မျက်ကွယ်ပြုကာ တိုင်းပြည်ကိုလည်း (ပြည်ထောင် စု) မြန်မာနိုင်ငံတော်အဖြစ် လက်ဝါးကြီးအုပ် မောင်ပိုင်စီးခဲ့ကြသည်။ ပြည်ထောင်စုဟု အမည်တပ်ထားသော်လည်း ဖွဲ့စည်းအုပ် ချုပ်ပုံမှာ တပြည်ထောင်စနစ်သာ ဖြစ်သည်။
ကိုယ်ကျိုးရှာ နိုင်ငံရေးသမား ဆရာများ၏ တိုင်းရင်းသားအရေးကိစ္စ ပြဿနာများကို နောကြေအောင် သိလာခဲ့ကြပြီး အိမ်စောင့်အစိုးရလည်း ဖြစ်ခဲ့ဘူးသော တပည့်များက ဆရာ့ထက်ပို၍ လက်စောင်းထက်စွာပင်၊ လက်နက်ကိုင်လမ်းစဉ် ကျင့် သုံးလျက် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် မြန်မာ့နိုင်ငံရေးသမားအချို့အား ထောင်ထဲထည့်ကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ တော်လှန်ရေးအစိုးရ အမည်ခံပြီးနောက်နှစ်များ မကြာမီမှာပင် နိုင်ငံကို မဆလတပါတီ အာဏာရှင်စနစ်ဖြင့် ပြောင်းလဲချုပ်ကိုင်ခဲ့သည်။
တတ်သိပညာရှင်များနှင့် တိုင်းပြည်အပေါ် စိတ်စေတနာကောင်းရှိသူများကို ဘေးချိတ်နှိပ်ကွပ်ကာ တိုင်းပြည်စီးပွားနှင့် မြေပေါ်မြေအောက် သယံဇာတအရပ်ရပ်ကို စိတ်တိုင်းကျ ချယ်လှယ်ခဲ့သည်။ တိုင်းရင်းသားများနှင့် ပြည် တွင်းစစ်ခင်းလျက် ပြည်သူလူထုတရပ်လုံးကို တနှစ်ထက်တနှစ် ချွတ်ခြုံကျကာ ဆင်းရဲတွင်း နက်စေခဲ့သည်။ ပေါ်ပေါက်လာ သည့် ကျောင်းသား၊ အလုပ်သမား၊ လူထုအရေးအခင်း များကို နှိပ်ကွပ်ခြင်း၊ တရုတ်-မြန်မာ၊ ကုလား- မြန်မာ အရေးအခင်းများ ဖန်တီးခြင်းဖြင့် ၎င်းတို့အာဏာ လက်မလွှတ်ရအောင် လုပ်ဆောင်ခဲ့သည်။
၈၈လူထုအုံကြွမှုကြီးတွင် အာဏာသိမ်းပြီး တက် လာသည့် န၀တနှင့် ယနေ့လက်ရှိ နအဖစစ်အုပ်စုမှလည်း မဆလ၏ အစွယ်အပွား အာဏာရူး မဟာဝါဒီများသာ ဖြစ်လေ သည်။
စစ်အုပ်စုထဲမှာ လက်ညှိုးညွှန်ရာ ရေဖြစ်သည့် အလောင်းစည်သူမင်းကို အားကျသူနှင့် ကျန်စစ်သားမင်းကြီး ၀င်စား သူဟု ကိုယ့်ကိုကိုယ် ခံယူသူများအပြင် ရှေးဘ၀က အလောင်းဘုရားဖြစ်ခဲ့ သူဟု မိမိကိုယ်မိမိ ယုံကြည်ထားသူလည်း ရှိနေ သည်။ ဦးနေ၀င်း ယတြာလုပ်သည့်အနေဖြင့် နန်းဝတ်နန်းစားများ ၀တ်ဆင်ကာ သောင်ပြင်တွင် လေးဘက်ထောက်၍ ခွေးလို အူခဲ့ကြောင်း သတင်းထွက်လာပြီးသည့် နောက်ပိုင်း ဦးနေ၀င်းကို မင်းမြောက်တန်ဆာများနှင့် မြင်ခဲ့ကြရသလိုမျိုး ဗိုလ်ချုပ် သန်းရွှေ၏ ကာတွန်းရုပ်ပြောင်ကိုလည်း ထိုပုံစံမျိုးဖြင့် မြင်ကြရသည်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က တိုင်းပြည်ထဲ ဟိုအခမ်းအနားဖွင့်ပွဲ ဖဲကြိုးဖြတ်ပွဲများတွင် တက်ရောက်ကာ လူတွေကို ၄င်းတို့ယူနီဖောင်းဝတ်များအား လက်အုပ်ချီသည့် အကျင့်လုပ်ခိုင်းခဲ့ကြောင်း မြင်ပြင်းကတ်ဖွယ် တွေ့ခဲ့ကြရမည် ဖြစ်၏။ မြစ်မ နီးချောင်းဝေး ပျဉ်းမနား ကြပ်ပြေးနေရာကို နေပြည်တော်ဟု သမုတ်ပြီး ကျန်စစ်သား ဘုရင့်နောင် အလောင်းဘုရားဟူသော မြန်မာစစ်ဘုရင်သုံးယောက်ပုံ ရုပ်ထုကြီးများ ထုလုပ်ကာ ၎င်းတို့၏ မဟာစိတ်ကို ပို၍အရောင်တောက်လာအောင် လုပ်ဆောင် နေသည်ကိုလည်း အထင်အရှား မြင်ကြရမည် ဖြစ်သည်။ အလောင်းဘုရား၏ မျက်နှာမှာ ဗိုလ်ချုပ်မောင်အေးကို ထုလုပ်ထား ခြင်းဖြစ်သည်။
အမျိုးသားရေး စော်ကားမှု
ကေအဲန်ယူ တပ်မဟာ (၆)တပ်ရင်း (၁၇)မှူးဟောင်း ဒုဗိုလ်မှူးကြီးသုမူဟဲ၏ လက်နက်ချပွဲတွင်လည်း ကရင်အမျိုးသားအလံ ကို မြေမှာခင်းစေကာ ဒုဗိုလ်မှူးကြီး သုမူဟဲအား အလံနဘေး ဒူးထောက်စေပြီး ဗိုလ်ချုပ်မောင်အေးက အလံကိုနင်း၍ ဒုဗိုလ် မှူးကြီးသုမူဟဲရှေ့မှ ဖြတ်လျှောက်ပုံကို ဗမာပြည်သား တိုင်းရင်းသားအများအပြားပင် ရှပ်မြင်သံကြား၌ တွေ့လိုက်ကြရသည်။
ဗိုလ်ချုပ်မောင်အေးအနေဖြင့် အနည်းငယ်မျှပင် မတိုက်ခိုက်လိုက်ရဘဲ ကိုယ့်သဘောနှင့်ကိုယ် လာရောက်လက်နက် ချသော ဒုဗိုလ်မှူးကြီး စောသုမူဟဲအပေါ် အနိုင်ရရှိကြောင်း ပြလိုလျှင် ဒုဗိုလ်မှူးကြီး သုမူဟဲအား မြေပေါ်မှာ ဒူးထောက်ရှိခိုးခိုင်း ပြီး နဖူးနင့်မြေကြီးထိနေပြီးဖြစ်သည့် ဒုဗိုလ်မှူးကြီး၏ နောက်စေ့ကို စစ်ဖိနပ်ဖြင့် ဖိနင်းကာ ခါးထောက်၍ ဓာတ်ပုံ သို့မဟုတ် ဗီဒီ ယို အရိုက်ခံလျက် မှတ်တမ်းတင်ထားနိုင်သည်။
ကရင်အမျိုးသားအလံသည် ကရင့်တော်လှန်ရေးက အသုံးပြုနေသော အလံသာမဟုတ်။
ကရင်အမျိုးသားတရပ်လုံး၏ အလံ ဖြစ်၏။ ဒုဗိုလ်မှူးကြီး သုမူဟဲ၏ လက်နက်ချ၊ ဒူးထောက်မှုသည် ကရင်တမျိုးသားလုံး၏ အရှုံးပေး အညံ့ခံမှုမဟုတ်။ လက်နက် လာချသည့် ဒုဗိုလ်မှူးကြီးသုမူဟဲနှင့်အဖွဲ့ကို အသားလွတ် အနိုင်ရလိုက်ရုံဖြင့် ကရင်အမျိုးသားထုတရပ်လုံးကို အနိုင်ရလိုက်ပြီ ဟု မဆိုနိုင်။ ယခုလို ကရင်အမျိုးသားအလံကို မြေ၌ ချနင်းပြလိုက်သည်မှာ ကရင်လူမျိုးတမျိုးလုံးကို သူ့ခြေဖ၀ါးအောက် ရောက်စေရမည်ဟူသည့် သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်လိုက်ခြင်းဖြစ်လေသည်။ ဗိုလ်ချုပ်မောင်အေး၏ အပြုအမူ တွင် တိုင်းရင်းသားတို့အပေါ် ဖိနှိပ်စီးပိုးကျွန်ပြုလိုသည့် ခေတ်ကာလနှင့် မဆီလျော် မလိုက်ဖက်တော့သော မဟာစိတ်ဓာတ် သဘောထား စေတာနာကို ပီပြင်စွာ တွေ့ရှိရမည်ဖြစ်သည်။ သန်းရွှေ၊ မြင့်အောင်၊ ရွှေမန်း စသည့် စစ်အုပ်စုဝင်အားလုံးမှာ ထို သဘောထားအတိုင်းပင် ဖြစ်၏။
မြန်မာ့ အရင်းအမြစ်
မြန်မာအမျိုးသားများအတွင်း အင်အားသုံး အနိုင်ကျင့်လိုသော မဟာဝါဒီအချို့ ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ မြန်မာတို့၏ဇာစ်မြစ်ကို လေ့လာသောအခါ ကိုယ်တိုင်က အင်အားကြီးသူများ၏ အနိုင်ကျင့်တိုက်ခိုက်မှုကို ခံရ၍ ကိုယ်တိုင် လည်း အင်အားသုံးသည့် အလေ့အထ စွဲကပ်လာခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်းလာ မြန်မာလူမျိုးအ ကြောင်း ဖော်ပြထားချက်များတွင်ပင် မြန်မာလူမျိုး ဖြစ်တည်လာပုံနှင့်ပတ်သက်၍ မတူကွဲပြားသော ဖော်ပြချက် ၂ခုကို တွေ့ရ သည်။ တခုမှာ အနောက်ဖက် ဘင်္ဂလားပြည်ဘက်မှ စစ်ရှုံးဘုရင် အဘိရာဇာမှ ဆင်းသက်သော မဟာသာကီဝင်မင်းမျိုးဖြစ် ကာ အိန္ဒိယနိုင်ငံတွင်းရှိ မြန်မာအစုဝင်လူမျိုးများကိုပါ ဖော်ပြထားပြီး တခုကတော့ တရုတ်ပြည်စပ် ကန်စုပြည်နယ်မှ ၀မ်ခေါ် မျန်ခေါ် လူမျိုးများဖြစ်ကြောင်းနှင့် ၎င်းတို့နှင့် သွေးသားနီးစပ် တော်စပ်သော တရုတ်နယ်စပ်မှ အမျိုးအနွယ်များကိုလည်း ဖော် ပြထားသည်။ ထိုနှစ်မျိုး ဘယ်နည်းဘယ်ဟန် ပေါင်းစည်းပြီး မြန်မာဟူ၍ ဖြစ်လာခဲ့သည်ကိုတော့ ဖော်ပြမထားချေ။ မည်သို့ပင် ဖြစ်စေ မြန်မာသည် အရှေ့တရုတ်နှင့် အနောက် အိန္ဒိယအကြား ဖြစ်တည်လာသောကြောင့် အဘိရာဇာမင်းဆက်နှင့် နေရပ် စွန့်ခွာလာသည့် ကန်စုနယ်သား အဆက်အနွယ်များကို အခြေပြုကာ ပေါ်ပေါက်လာကြောင်း ယေဘုယျသဘောမျှ မှတ်ယူနိုင် မည် ဖြစ်သည်။
တရုတ်ပြည်ဘက်မှ ဆင်းသက်လာသော မြန်မာဖြစ်လာမည့် လူမျိုးများသည် ရှေးယခင်က တရုတ်တို့နှင့် ယဉ်ကျေး မှုချင်း တန်းတူရှိခဲ့ရာမှ တရုတ်တို့၏ ဖိနှိပ်မှုကြောင့် အနယ်နယ်အရပ်ရပ် ရွှေ့ပြောင်းရှောင်တိမ်းခဲ့ကြရာ နှင်းဖုံးသော ရေခဲပြင်၊ လွင်တီးခေါင်ပြင်၊ သဲကန္တာရ စသည့် ဒေသန္တရ ဥတုရာသီနှင့် သဘာဝအရိုင်းများအကြား တွေ့ကြုံရင်ဆိုင်ရသည့် အခက်အခဲ များကို ကာလကြာရှည်စွာ အနည်းနည်းအဖုံဖုံ ရုန်းကန်ကျော်လွှား ဖြတ်သန်းရင်းမှာပင် ၎င်းတို့စွဲကိုင်ကျင့်သုံးခဲ့သော ထုံးတမ်း ဓလေ့များ၊ ယဉ်ကျေးမှုအနုပညာနှင့် အတတ်ပညာများစသည့် မိရိုးဖလာ အမွေအနှစ်များ တစတစ တိမ်ကော ပျောက်ဆုံးကာ ယဉ်ကျေးမှုဘက်တွင် တရုတ်တို့၏နောက် နှစ်ပေါင်း ၂၀၀၀လောက် နောက်ကျကျန်ခဲ့ကြရကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
ယဉ်ကျေးမှုထက် လွတ်လပ်ရေးကို ပို၍ မြတ်နိုးသောကြောင့် မိမိတို့ဖာသာမိမိတို့ သီးခြားလွတ်လပ်စွာ နေထိုင်နိုင် ရေး တရုတ်တို့နှင့် ကင်းဝေးရာနယ်မြေသို့ ရောက်လာခဲ့ကြသူများ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ သို့ရာတွင် ထိုလွတ် လပ်အေးချမ်းမှုကို မြတ်နိုးသည်ဆိုသောသူများသည် ဒေသခံ တိုင်းရင်းသားများနှင့် တွေ့သောအခါတွင် လွတ်လပ်ရေးကို မြတ်နိုးသူများ မဟုတ်တော့ဘဲ အေးချမ်းစွာ နေထိုင်နေသောသူများကို ကျူးကျော်စစ်ပြုသူများဖြစ်လာကာ အနိုင်ရရှိသူတို့၏ ထုံးစံအတိုင်း စစ်ရေးနှင့် ပတ်သက်၍ ကျွမ်းကျင်မှုများအပေါ် အမွှမ်းတင် ဂုဏ်ဖော်ရေးသားထားသည်ကို တွေ့ရသည်။
ယဉ်ကျေးမှု ဓလေ့ထုံးစံများ တိမ်းကောပျောက်ဆုံးခဲ့ရသည့် လူမျိုးများပီပီ စာပေနှင့် ကိုးကွယ်သည့်ဘာသာမှာလည်း အခြားအမျိုးသားများထံမှသာ ရယူခဲ့ကြရသည်။ စာပေတွင် ရှိနှင့်ပြီးဖြစ်သော မွန်တိုင်းရင်းသားတို့ထံမှ ဗျည်းအက္ခရာ အများစု ကို ရယူခဲ့ကြပြီး သင်္သကရိုက် စာပေမှ အက္ခရာအရေးအသားအချို့ကိုယူကာ အရှေ့အနောက် အထွေထွေ ပေါင်းစည်းမွမ်းမံမှု များဖြင့် မြန်မာစာပေ ဖြစ်လာခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
ကိုးကွယ်သည့် ဘာသာရပ်တွင်လည်း ပုဂံ အနော်ရထားမင်းလက်ထက် သထုံကို ကျူးကျော်သိမ်းပိုက်ကာ ဘုရင်မနူ ဟာမင်းနှင့် မှူးမတ် အခြံအရံများ၊ တတ်သိပညာရှင်များ၊ ပိဋကတ်တော်များနှင့် ရှင်အရဟံ အပါအ၀င် ဗုဒ္ဓရဟန်းတော်များကို ဖမ်းဆီးလျက် ပုဂံသို့ ခေါ်ဆောင်လာပြီး ရှင်အရဟံ၏ တရားဓမ္မကို နာခံကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြောင်းနှင့် အနိုင် ကျင့်တတ်သူတို့၏ ထုံးစံအတိုင်း ပုဂံတွင် တည်ထားကိုးကွယ်သည့် ဘုရားစေတီများ ဝေယျာဝစ္စ ဆောင်ရွက်ရန်အတွက် မနူ ဟာမင်းနှင့် ဆွေတော်မျိုးတော် တပည့်တပမ်းများအား ဘုရားကျွန်အဖြစ် သွတ်သွင်းခဲ့ပုံများကို တွေ့ရှိရမည်ဖြစ်သည်။
မဟာဝါဒီတို့၏ ၀ိသမလောဘနှင့် နိုင်သူစားတမ်း ခံယူချက်
လက်နက်ကောင်းများ တီထွင်နိုင်သည့် စွမ်းရည်ရှိပြီး စစ်သည်အင်အား အဆမတန် များပြားသော နိုင်ငံကြီးများကို ၎င်းတို့ အတော်ပင် ကြောက်ရွံ့ကြသည်။ အင်အားသာလွန်သူကိုသာ လေးစားခန့်ညားတတ်ကြသည့် သဘောထားရှိသူများ ပီပီ ကိုယ့်ထက်အင်အားနည်းသူ၊ စည်းလုံးညီညွတ်မှု ကင်းမဲ့နေသူများအား ကျူးကျော်တိုက်ခိုက်တတ်ကြသည်။ မဟာဝါဒီတို့ သည် မိမိအကျိုးစီးပွားရှိရေးအတွက် အင်အားကြီးသော ရန်သူ့လက်အောက်သို့ ၀င်ရောက်ခိုလှုံရန် ၀န်မလေးတတ်သလို မိမိ အကျိုးပွားများ အထိပါးခံရမည့်အရေးဆိုလျှင် မိမိလူမျိုးကိုသာမက မိမိ၏ မိသားစုဆွေမျိုးသားချင်းများကိုပင် သုတ်သင်ရှင်း လင်းရန် ၀န်လေးတတ်သူများ မဟုတ်ချေ။
တခေတ်ဆန်းလာသော မဟာကိစ္စကို ဤမျှ ဖော်ပြနေရခြင်းမှာ ၎င်းတို့၏ အနိုင်ကျင့် ဗိုလ်ကျလွှမ်းမိုးလိုသော စစ် ဘုရင်လုပ်ရပ်ကို ပိုမိုထင်ရှားစေလို၍ ဖြစ်သည်။ ဒီပဲယင်း အရေးကိစ္စများကို မျက်နှာပြောင်စွာ လက်ရဲဇက်ရဲ ကျူးလွန်လိုက် သည်မှာလည်း ၎င်းတို့၏ မဟာဝါဒီ စိတ်ဓာတ်ကြောင့်ပင် ဖြစ်၏။
စစ်တပ်ဖြင့် အကျိုးရှိလာသူများပီပီ ၎င်းတို့ ရပ်တည်နေသည်မှာ စစ်တပ်ကြောင့်ဟု ခံယူပြီး ၎င်းတို့တပ် ပိုမိုအင်အား ကြီးရေး ကလေးအရွယ်မရှောင် အဓမ္မ စစ်သားစုဆောင်းမှုတွေလုပ်၊ လက်နက်ခဲယမ်းများ ပိုမိုဖြည့်တင်း၊ သစ်တော၊ ရေနံ၊ ကျောက်မျက်နှင့် သဘာဝဓာတ်ငွေ့များကို ထင်သလို ရောင်းစားလျက် လျှပ်စစ်ဓာတ်အားထုတ်ယူလိုသော ပြည်ပကုမ္ပဏီများ အတွက် ဒေသခံလူထုကို ထိခိုက်နစ်နာစေသော ရေကာတာများ အဆင်ခြင်မဲ့စွာ ဆောက်လုပ်၊ လူထုပိုင်မြေယာများကို စစ် တပ်ပိုင်လုပ်၊ ကျေးရွာများကို အဓမ္မပြောင်းရွှေ့ခိုင်း၊ မြို့လည်ခေါင် အကြမ်းဖက်မှုများ၊ ပေါ်တာဆွဲ၊ အဓမ္မလုပ်အားပေးခိုင်း၊ အ ခွန်အတုပ်ကို စိတ်ထင်သလို ကောက်ခံ၊ လူထုအကျိုးလိုလားဆောင်ရွက်သူ စေတနာရှင်များကို နှောက်ယှက်၊ တရားဥပဒေ အထက်မှာ စစ်အာဏာရှင်က ရှိနေ စသည့်လုပ်ရပ်များမှာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအပေါ် စစ်တပ်အင်အားဖြင့် ဗိုလ်ကျလွမ်းမိုးလိုသော မဟာစိတ်ဓာတ်ကို အထင်အရှား ထုတ်ဖော်ပြနေခြင်းပင် ဖြစ်၏။
ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သည့် လယ်လုပ်သူသာ လယ်ပိုင်ခွင့်ကို ပြက်ရယ်ပြုကာ တောင်သူလယ်သမားဦးကြီးများ ဓားမ ဦးချ လုပ်ကိုင်ခဲ့သည့်လယ်ယာမြေများကို စစ်အုပ်စုနှင့် ဆွေတော်မျိုးတော်များက မောင်ပိုင်စီး သိမ်းယူသော မြေရှင်ပဒေသ ရာဇ်စံနစ်ကို ပြန်လည် အသက်သွင်းလာသည်မှာ မဟာဝါဒကို ဘောင်ကွပ်ပေးနေခြင်း ဖြစ်၏။ စီးပွားရေးအရ လက်ဝါးကြီးအုပ် လိုမှု၊ လူမျိုးရေးမုန်းတီးမှု၊ ဖက်ဆစ်စနစ် အားလုံးပင် မဟာဝါဒီတို့မှ ဆင်းသက်ဖြာထွက်လာသော လုပ်နည်းလုပ်ဟန်များ ဖြစ်သည်။
မဟာဝါဒီတို့၏ အမူအကျင့်များအား သိရှိသဘောပေါက်ထားမည်ဆိုလျှင် အနိုင်ရပါတီကို အာဏာအပ်မည်ပြောပြီး မအပ်သည့်ကိစ္စ၊ ၎င်းတို့စိတ်တိုင်းကျ အဓမ္မ ရေးဆွဲထားပြီး တပြားသားမျှ ပြင်ဆင်ဖို့ရန် စိတ်မကူးသော အခြေခံဥပဒေ၊ လူထု ဆန္ဒ အစစ်အမှန်မဟုတ်သည့် ထောက်ခံမဲ၊ မဲခိုးမဲလိမ် ရွေးကောက်ပွဲ စသည်တို့အပေါ် အံ့သြတကြီး ဖြစ်တော့မည် မဟုတ် ချေ။
မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ကျင့်သုံးမှုသာ မရှိပါက ဤနိုင်ငံသည်လည်း မည်သည့်နည်းနှင့်မျှ မြန်မာနိုင်ငံဟု အမည် တပ်ခံခဲ့ရလိမ့်မည် မဟုတ်။
သင့်လျော်သော အမည်
၁၉၉၄ မာနယ်ပလောတွင် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရက်တစ်အဖွဲ့အစည်းများပါ ပေါင်းစုံဆွေးနွေးကြသည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးရာ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲ၌ မြန်မာနိုင်ငံဟူသော အခေါ်အဝေါ်ကို ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ တက်ရောက်လာသော တိုင်းရင်း သားကိုယ်စားလှယ်အချို့မှ အဆိုပြုဆွေးနွေးချက်များလည်း တင်သွင်းခဲ့ကြသည်။ အချို့က သာယာရွှေပြည်ဟုလည်းကောင်း၊ အချို့က ရွှေပြည်ဗိမာန်ဟုလည်းကောင်း၊ သံလွင်ဧရာနိုင်ငံဟုလည်းကောင်း၊ ဇေယျာသီရိဟုလည်းကောင်း စိတ်ကူးတည့်ရာ အမည်များ ရွေးချယ်လျက် အများသဘောတူ ပြောင်းလဲမှည့်ခေါ်ဖို့ရန် အဆိုပြုခဲ့ကြသည်။
မြန်မာလူမျိုးဟူ၍ ရှိနေသော နိုင်ငံကို မြန်မာနိုင်ငံဟု ခေါ်ဝေါ်လိုက်ခြင်းမှာ နောက်မှ မွေးသူက မိဦးမှည့်သလိုမျိုး ယခင်ကတည်းက ရှိနှင့်နေသော တိုင်းရင်းသားများအပေါ် စီးပိုးရာ အနိုင်အထက်ပြုလျက် နိုင်ငံတခုလုံးကို လက်ဝါးကြီးအုပ်ရာ ကျနေ၍ ဖြစ်သည်။ သို့ရာတွင် နောက်ထပ် အဆိုပြုကြသော အမည်နာမများနှင့် ပတ်သက်၍ မည်သည့်အမည်ကိုမျှ အခမ်းအ နား တက်ရောက်သူ အများစုက မကြိုက်ကြ။ ရယ်စရာအမည်များဟု သဘောထားကြသူတွေပင် အတော်ကလေးရှိသည်။
တကယ်တော့ အမည်နာမ အခေါ်အဝေါ်မှာ ပညတ်သဘောသာ ဖြစ်၏။ အမည်ကို မည်သည့်အမည်မဆို မှည့်ခေါ်၍ ရသည်။ အရေးကြီးသည်မှာ တစ်ဦးပေါ်တစ်ဦးထားရှိသည့် စေတနာသဘောထားသာဖြစ်သည်။ အပေါ်ယံကြောသာဖြစ်သော နိုင်ငံ့အမည်က လှပနှစ်ခြိုက်စရာ ကောင်းသော်လည်း အတွင်းသဘောထားက တိုင်းရင်းသားတို့အပေါ် ဖိနှိပ်လိုစိတ် ရှိနေမည် ဆိုလျှင် ထိုအမည်သည်လည်း လှပနိုင်တော့မည် မဟုတ်ချေ။
အများစုဖြစ်နေသော မြန်မာလူမျိုး အပါအ၀င် တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စုအမည်များကို ပြောင်းလဲမှည့်ခေါ် ဖို့ရန် မလိုအပ်သော်လည်း မြန်မာလူမျိုးသာမက အခြားတိုင်းရင်းသားလူမျိုးစုများပါ ရှိနေသည့်နိုင်ငံကို မြန်မာနိုင်ငံဟု ဆက် လက် မှည့်ခေါ်ဖို့တော့မသင့်။ ကိုယ်စားလှယ်အချို့ အဆိုပြုကြသည့် အခြားသောအမည်များမှာလည်း နိုင်ငံတနိုင်ငံ၏ အမည် နှင့် မအပ်စပ်။ သို့ဆိုလျှင် မည်သည့်အမည်ကို ပေးကြမည်နည်း။
အထူးတလည် တွေးဆစဉ်းစား အငြင်းပွားနေစရာမရှိ။ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း တို့ဗမာအစည်းအရုံးက အစပြုသုံးစွဲ၍ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကပါ နှစ်သက်ခဲ့ပြီး ကမ္ဘာကလည်း ရာစုနှစ်များဖြင့်ချီ၍ နားလည်အသိ အမှတ်ပြုထားကြပြီးဖြစ်သော အင်္ဂလိပ်လို ဘားမား၊ မြန်မာလို “ဗမာပြည်”၊ ဗမာပြည်တွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုး များအားလုံးကို ခြုံငုံခေါ်ဆိုသည့် “ဗမာလူမျိုး”ဟူသော အခေါ်အဝေါ်သည်သာ ဤနိုင်ငံနှင့် အလိုက်ဖက်ဆုံးအမည် ဖြစ်ပေလိမ့် မည်။
အရေးကြီးသော သဘောထားစေတနာ
တကယ်တမ်း အရေးကြီးသည်မှာ တိုင်းရင်းသားလူမျိုးများနှင့် မြန်မာလူမျိုးတို့ တဦးပေါ်တဦး သင့်မြတ်ချစ်ကြည်စွာ အပြန်အလှန် မေတ္တာစေတနာထားရှိပြီး တဦး၏အကျိုးမဲ့ကို တဦးက မလိုလားရေးပင်ဖြစ်သည်။ သို့မှသာ တမြေတည်းနေ တရေတည်းသောက်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တဘက်နှင့်တဘက် မပြီးဆုံးနိုင်ခဲ့သော ရန်ညှိုးရန်စများ သင်ပုန်းချေ ကျေအေးခွင့်လွှတ်ရေးနှင့် မြန်မာ အပါအ၀င် တိုင်းရင်းသားလူမျိုးစုများအားလုံးပင် ပြည်နယ်အသီးသီး ကိုယ်ပိုင်ပြ ဌာန်းခွင့်အသီးသီးဖြင့် ကိုင်းကျွန်းမှီကျွန်းကိုင်မှီ စုပေါင်းနေထိုင်မည့် လွတ်လပ်အေးချမ်းသာယာသော ဒီမိုကရက်တစ် ပြည်နယ် ပေါင်းစု ပြည်ထောင်စုကို ၀ိုင်းဝန်းအကောင်အထည်ဖော်နိုင်ရေး ဦးတည်နိုင်ကြမည် ဖြစ်သည်။
ယခုအချိန်တွင် မဟာကိစ္စကို သိမြင်လာကြသူတွေ အတော်ကလေး ရှိနေပြီဖြစ်သည်။ လူထုသည် မဟာမြန်မာဝါဒီ နှင့် အဖိနှိပ်ခံ မြန်မာအမျိုးသားလူထုကြီးကို ကွဲပြားစွာ သိမြင်လျှက် မြန်မာလူမျိုးတို့၏အထက် နှစ်ကာလကြာရှည်စွာကပင် ဤနိုင်ငံတွင်းသို့ ရောက်ရှိနေထိုင်ခဲ့ကြသော တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ အထိပါးခံရမှု၊ ပိတ်ပင်ခံရမှု၊ အကျူးကျော်ခံရမှု၊ အနှိပ်စက်ခံရမှုများကိုလည်း စာနာစိတ်ဖြင့် နားလည်းခံစားတတ်လာကြပြီဖြစ်၏။ အဖိနှိပ်ခံ ဘ၀တူ တိုင်းရင်းသားများနှင့် ပေါင်းစည်းမှုများလည်း အထိုက်အလျောက်ရှိလာပြီး အချို့နေရာများ၌ ဘုံရန်သူကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နိုင်ရေး ပြင်ဆင် လျက်ရှိနေပေပြီ။
တိုင်းရင်းသား ပြည်သူလူထု အချင်းချင်း သွေးစည်းညီညွတ်မှုကို မည်သည့်ဖိနှိပ်သူကမျှ လိုလားလိမ့်မည် မဟုတ် ချေ။ ဗမာတပြည်လုံးကို ဖိနှိပ်ကျွန်ပြုနေသည့် မဟာဝါဒီ စစ်အုပ်စုသည်လည်း ၎င်း၏ လက်ကိုင်တုတ် စစ်တပ်၊ လုံထိန်း၊ ပုလိပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ နိုင်ငံရေး အခွင့်အရေးသမားအုပ်စု၊ တော်လှန်ရေးသမားများအတွင်း စေလွှတ်ထားသည့် သပ်များစသည့် ပြည်သူ့အသားထဲက လောက်များဖြင့် အမျိုးသားဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးကို ဖြိုခွင်းရန် ပြင်ဆင်ထားနှင့်ပြီ ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်)
ကေအိုင်စီသတင်းမှ ပြန်လည်ကူးယူဖေါ်ပြသည်။
Posted by sunshinepaung at 5:52 PM 0 comments
Labels: ဆောင်းပါး
