Sunday, July 26, 2009
တက္ကသိုလ်စိန်တင် - ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (အပိုင်း - ၁)
Posted by sunshinepaung at 7:13 AM 0 comments
Friday, July 24, 2009
ကရင့်ခေါင်ဆောင်အား သမိုင်းဝင်လုပ်ကြံမူ့ 
Posted by sunshinepaung at 9:09 PM 0 comments
Labels: ကူးယူဖေါ်ပြခြင်း ဇွဲကပင် जापान မှ
Sunday, July 19, 2009
ကိုမိုးသီး ဘလော့မှကူးယူဖေါပြသည်။
အာဇာနည် နေ့  ဒို့ မမေ့
နအဖ စစ်အစိုးရတက်လာကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်တွေရဲ့ သမိုင်းကို တဖြေးဖြေးနဲ့ ဖျောက်ဖျက်လာပါတယ်။ ခုဆိုအာဇာနည်နေ့ ဟာ ကလေးသူငယ်တွေ လူငယ်တွေရဲ့  နှလုံးသားထဲက နေ တစတစ ကွယ်ပျောက်စပြုလာနေပါပြီ။ ဒီ အချက်ကို ကျနော်တို့ သတိထားရပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုဖျောက်ဖျက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ငွေစက္ကူ နဲ့  ရုံးတွေ က နေထုတ်ပယ်လာတယ်။ အာဇာနည်နေ့ ကို နိင်ငံတော်က ခန်းခန်းနားနား မလုပ်တော့ပဲ -သာမန် အခန်းနားတခုလောက်ပဲ ၀တ်ကြေတန်းကြေလုပ်လာတယ်။ အာဇာနည်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့် ကိုမထုတ်လွင့်တော့ပါဘူး။ ကုန်ကုန်ပြောရရင် အာဇာနည်ကြီးတွေကို လွမ်းသု ပန်းခွေ ချတာသည်ပင်လျင် ရာဇာဝတ်မှုတခုလို သတ်မှတ်ခံလာရခြင်းဖြစ်ပါတော့တယ်။
နအဖ က အာဇာနည် တွေရဲ့ သမိုင့်း ကို ဘာကြောင့်ဖျောက်နေပါသလဲ ။
တချို့ က ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြောသလိုဖြစ်နေတယ်။ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုနေသလိုဖြစ်နေမယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း သမိုင်း ကို ဖျောက်ဖျက်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ
ကိုဖျောက်ဖျက်ခြင်းလို့ ဆိုပါတယ်။ ဒါဟာ မှန်ပါတယ်။
တကယ်အနစ်သာရက တော့ ဒီထက်ကိုပိုပြီ လေးနက်နေပါတယ်။ အာဇာနည်တွေရဲ့ သမိုင်းဟွာရဲ့ သမိုင်းဟာ လွတ်လပ်ရေးသမိုင်းဖြစ် နေတယ်။ အာဇာနည်ကြီးတွေ သမိုင်းကို ဖျောက်ဖျက်နေရတာ ဆိုတာ လွတ်လပ်မှု ကိုဖျောက်ဖျက်နေခြင်းပဲလို့ ဆိုရပါလိမ့်မယ်။
အာဇာနည်တွေရဲ့ သမိုင်းကိုဖျောက်ဖျက်နေတာဟာ အာဇာနည်ကြီးတွေမျှော်မှန်းခဲ့တဲ့
ပိုမိုကောင်းမွန်တဲ့ ကျနော်တို့  အနာဂတ်ကို ဖျောက်ဖျက်ခြင်းပဲဖြစ်ပါတယ်။
နအဖ လက်အောက်မှာ ကျနော်တို့ အနာဂတ်နဲ့ လွတ်လပ်မှု ဟာ ဖျောက်ဖျက်ခံနေရပြီမဟုတ်ပါလား။
အာဇာနည်နေ့  ရဲ့ အနစ်သာရ က ဘာလဲ
လွတ်လပ်ရေးပြန်လည် ရနိင်ဖို့ အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ အသက်ပေးပြီး ကြိုးပန်းခဲ့ကြပါတယ်။ အာဇာနည်ကြီးတွေထဲမှာ တိုင်းရင်းသားခေါင်း
ဆောင်ကြီးတွေပါပါဝင်နေခြင်းက အလွန်ထူးခြားနေပါတယ်။ လွတ်လပ်ပြီး မြန်မာ
ပြည်ကို အာဇာနည်ကြီးတွေ က ဒီမိုကရေစီရှိတဲ့၊ တိုင်းရင်းသား အခွင့်အရေး တွေရှိတဲ့  ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ဖို့ သံဓိဌာန်ရှိခဲ့ကြပါတယ်။
အချက်ကို ပင်လုံ ညီလာခံ က သဘောတူညီချက်တွေကို ကြည့်ရင်ထင်ရှားပါတယ်။
လွတ်လပ်ပြီးမြန်မာ နိင်ငံတော်ဟာ ပါလီမန် ဒီမိုကရေစီစနစ် ကို ကျင့်သုံးမှာဖြစ်ပြီး တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိကြမှာဖြစ်ပါတယ်။ ဒါဟာ အာဇာနည်ကြီးတွေရဲ့ အဓိက မျော်မှန်းချက်ဖြစ်နေပါတယ် ။
ဒါဟာ အာဇာနည်နေ့ ရဲ့  ထူးခြားချက်။
ဒါဟာ အာဇာနည်နေ့ ရဲ့  အနှစ်သာရ။
ဒါဟာအာဇာနည်နေ့ ရဲ့ သမိုင်း လို့  ပြောရမှာဖြစ်ပါတယ်။
ပင်လုံညီလာခံက ရရှိခဲ့တဲ့ သဘောတူညီချက်တွေအပေါ်မှာ ၁၉၄၇ ခုနစ်အခြေခံဥပဒေကို
ရေးဆွဲခဲ့ကြတာဖြစ်ပါတယ် ။ ၁၉၄၇ ခုနစ်အခြေခံဥပေဒေဟာ ပြီးပြည့် စုံတဲ့အခြေခံ ဥပဒေ
အကောင်းတကာ့အကောင်းဆုံး အခြေခံဥပဒေကြီတခုလို့ ကျနော်မပြောလိုပါဘူး။
ပိုပိုကောင်းမွန်လာအောင်ပြုပြင်နိင်ခွင့်ရှိနေပါတယ်။ ပြင်ဆင်ချက်- Amendment ဆိုတာက အခြေခံဥပဒေတိုင်းမှာ လို ပါဝင်ပါတယ်။ က မ္ဘာကျော်အမေရိကန် အခြေခံဥပေဒ ဟာလည်း အကြိမ်ပေါင်း နစ်ဒါဇင်ကျော် ပြင်ဆင်ခဲ့ရပါတယ်။ နစ်ပေါင်းများစွာ ကောင်းသထက်ကောင်းအောင် ပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါဟာအခြေခံဥပေဒရဲ့ သဘာဝပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ တကယ့် အနစ်သာရ
( Conceptual Foundation) ကတော့ တကယ့်ကို မြန်မာ နိင်ငံအတွက် လမ်းစဉ်မှန်
ကောင်းမြတ်မှု- ( Virtue ) ဖြစ်နေတယ်ဆိုတဲ့အချက်ကတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။
ဒီအချက်က မြန်မာ လွတ်လပ်ေ၇းကြိုးပန်းမှု ကြီးတခုလုံးရဲ့  အသက်ဖြစ်နေပါတယ်။
တနည်းအားဖြင့်ပြောရင်တော့ လွတ်လပ်ပြီးမြန်မာနိင်ငံဟာ အာဏာရှင်စနစ် ကို အခြေမခံ။
ဒီမိုကရေစီနဲ့ တရားမျှတမှုအပေါ်မှာ အခြေခံမယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  သံဓိဌာန် ၊ တနည်း အားဖြင့်ပြောရရင် သူတို့ အသက်သွေးချွေးတွေရဲ ရင်းနှီးပေးလိုက်တဲ့ ကျနော်တို့ အတွက် အဖိုးမဖြတ်နိင်တဲ့  အမွေ
အနှစ်ပဲဖြစ်ပါတော့တယ်။ ၁၉၆၂ မှာ ဦးနေ၀င်းခေါင် ဆောင်တဲ့စစ်တပ်က အာဏာ သိမ်းတယ်။ အာဇာနည်ကြီးတွေမျှော်မှန်းထားတဲ့ ဒီမိုကရေစီနဲ့  တရားမျှတမှု ပေါ်အခြေခံတဲ့ စနစ်ကိုဖျက်သိမ်း အာဏာရှင်စနစ်ကိုတည်ဆောက်ခဲ့ပါတယ်။ အာဏာ သိမ်းစဉ်က တိုင်းရင်းသားတွေ က ပြည်ထောင်စုကနေ ခွဲထွက်တော့မှာ မို့ အာ ဏာသိမ်းတာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါဟာ အကြောင်းပြချက်မျှသာဖြစ်ပါတယ်။ တကယ်ကတော့
လွတ်လပ်ရေး၊ ဒီမိုကရေစီ ရေး၊ တိုင်းရင်းသာ အခွင့်အရေး နဲ့ တရားမျှတမှုတွေကို ဖျက်သိမ်းလိုတာသာဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေအကြောင်းကို ပြောတာဟာ
လွတ်လပ်မှု ၊ ဒီမိုကရေစီအကြောင်းကိုပြောတာ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ပြောတာလို့  အဓိပါတယ်ထွက်နေပါတယ်။ တနည်းအားဖြင့်ပြောရင်ရင်တော့ အာဇာနည်ကြီးတွေအကြောင်းကိုပြောတာဟာ လူတွေက စစ်အစိုးရအုပ်ချုပ်မှုကို ဆန်ကျင်ပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအကြောင်းကို ပြော နေကြတာလို့ စစ်အစိုးရက မှတ်ယူလာခြင်းဖြစ်ပါတော့တယ်။ ဒီတော့ အာဇာနည်ကြီးတွေရဲ့ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးပန်းလာကြခြင်းဖြစ်ပါတယ်။
အမေရိကန် နိင်ငံဟာ ခေတ်မှီနိင်ငံကြီးဖြစ်နေတာတောင်မှာ နိင်ငံကိုတည်ဆောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဂျော့ဝါရှင်တန်၊ သောမတ်ဂျက်ဖါဆင်၊ လင်ကွန်းတို့ အကြောင်းတွေကိုသူတို့  ပြောနေတုံး၊ ရေးနေတုံ။ ဆွဲနေတုံး ရုတ်ထုတွေထုလုပ်နေတုံးဖြစ်ပါတယ်။ ဘာဖြစ်လို့ သူတို့ ဒီဇတ်လမ်ကို မဆုံးနိင်အောင် ပြောနေကြပါသလဲ ။ အဖြေကတော့ သူတို့ ရဲ့ သမိုင်းဟာ အမေရိကန်နိင်ငံတော်ရဲ လွတ်လပ်မှုနဲ့  ဒီမိုကရေစီသမိုင်းဟာ ဆက်စပ်နေလို့ ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာပြည်မှာလည်း နအဖ က့  အာဇာနည်ကြီးတွေရဲ့ သမိုင်းကို ဖျောက်ဖျက်နေတာတွေကို ရေငုံနှုတ်ဆိတ်နေလို့ မရတော့ပါဘူး။ နအဖ က အာဇာနည်ကြီးတွေရဲ့  ဇတ်လမ်းကိုပြည် ဖုံးကာ ချနေတာကိုခွင့်မပြုသင့်ပါဘူး။ ကျနော်တို့ လုပ်သင့်တာတွေကတော့ အာဇာနည်ကြီးတွေရဲ့ သမိုင်း ။သူရဲကောင်ဆန်တဲ့သူတို့ ရဲ စွန့် လွတ်မှုတွေ၊ သူတို့ ရဲ့  မျော်မှန်းချက်တွေ၊ သူတို့ ရဲ့ စေတနာတွေကို ကျနော်တို့ ကလေးတွေကို သိအောင်ပြောနေရမယ်။ ဖေါ်ထုတ်နေရမယ်။ ပုံနိပ်ခြင်း၊ ဟောပြောချင်း။သီဆိုချင်းတွေနဲ့ မျိုးဆက်များ တဆက်ပြီးဆက် ဂုဏ်ပြု နေရမှာပဲဖြစ်ပါတယ်။
( မိုးသီးဇွန် )
Posted by sunshinepaung at 7:33 AM 0 comments
Labels: အာဇာနည်နေ့ မမေ့သင့်
Saturday, July 18, 2009
ဗမာ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များရွဲ ကရင် လူမျိုများအပေါသဘောထား
Posted by sunshinepaung at 7:27 PM 0 comments
Labels: လက်ဆင့်ကမ်းဖြန့်ဝေခြင်း
Sunday, July 12, 2009
ကရင့်အမျိုးသားများ၏ ရင်ထဲမှ ပေါက်ဖွားလာသော KNU ကရင်အမျိုးသားအစည်းအရုံး
တနင်္ဂနွေနေ့ ၊ ဇူလိုင်လ ၁၂ ရက်၊ ၂၀၀၉
ဘွဲ့ သွေးနီ။
ဓါတ်ပုံ- ဘွဲ့ သွေးနီ
ဇွန်လ 18 ရက်နေ့ စွဲ့ ၊လာရီဂျေဂင် ၏ (ကရင်တပ်များ ဆုတ်ခွာနေရ ဆောင်းပါး) နှင့် ဇူလိုင်လ ၉ ရက်နေ့  စွဲ့  ဘရိုင်ယန် မက်ကာတန် ၏( ထိုင်း-မြန်မာ နယ်စပ်၌အနေ အထားသစ် တစ်ရပ်ပေါ်လာ) ဆိုသည့်  ဆောင်းပါးများ နှင့်စပ်လျဉ်း၍ ကရင်အမျိုးသားများ အမြင်ရှင်းလင်းစေ ရန် ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ဇွန်လ အတွင်း ကေအန်ယူ တပ်မဟာ ၇ အခြေခံစခန်းများကို ယာယီဆုတ်ခွာပြီး နောက် ပိုင်းတွင် ဆောင်းပါးရှင် လာရီဂျေဂင် က “မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း” ဟုဖေါ်ပြပါရှိ ခဲ့ပါသည်။
ထိုနည်းတူ မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်း ဆိုသူကလည်း မဇ္ဈိမကို ပြောရန်တွင် ''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ်နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟုဆိုထားပြန်ပါသည်။
ဇူလိုင် ၉ ရက်နေ့  စွဲ့  ဘရိုင်ယန် မက်ကာတန်၏ “ထိုင်း-မြန်မာ နယ်စပ်၌အနေ အထားသစ် တစ်ရပ်ပေါ်လာ” ဆိုသည့် ဆောင်းပါး တွင်လည်း “မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့က အနိုင်ရရှိခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနယ်စပ်ရှိ အဓိက အစိတ်အပိုင်းကို အခိုင်အမာ ထိန်းချုပ်နိုင်ပြီ” ဟူ၍ လည်းကောင်း
“မြန်မာစစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့တွင် အလွန်ကြီးမားသော ရည်မှန်းချက်များ ရှိကြသည်။ မြဝတီမှ ယင်း၏ မြောက်ဘက် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ နေရာအထိ ထိုင်းနယ်စပ်တလျှောက်တွင် စီးပွားရေးဇုန်များ ထူထောင်မည့် အစီအစဉ်များ ကြာမြင့်စွာကတည်းကပင် ရှိသည်။ ယင်းတို့အထဲမှတခုကို မြဝတီမြို့ပြင်တွင် တည်ဆောက်မည်ဖြစ်ပြီး၊ နောက်တခုမှာ လှိုင်းဘွဲ့မြို့တွင် တည်ဆောက်မည်ဖြစ်သည်။ ဤစီမံကိန်များအတွက် ယခင်ထိုင်းအစိုးရများက ငွေအနည်းငယ်မျှသာ စိုက်ထုတ်ခဲ့ကြသော်လည်း နှုတ်ဖြင့်မူ ထောက်ခံခဲ့ကြပြီးဖြစ်သည်” ဟူ၍လည်းကောင်း
“လှိုင်းဘွဲ့မြို့အနီးမှ နေရာတနေရာမှာ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် အသုံးပြုနိုင်သော နေရာတနေရာအဖြစ် သတ်မှတ်ထားသည်” ဟူ၍လည်းကောင်း
“နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အစီအစဉ်ကို DKBA က လက်ခံလိုက်ခြင်း အကြောင်းရင်းတရပ်မှာ DKBA အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားရှိခွင့် ရှိမည်ဖြစ်ပြီး၊ ပိုမို၍ပင် ကြီးထွားလာနိုင်စရာ ရှိသောကြောင့် ဖြစ်သည်” ဟူ၍လည်းကောင်း ပါရှိပါသည်။
ဘရိုင်ယန် မက်ကာတန်၏ ဆောင်းပါးအချက်ပါ မြ၀တီမြို့ ပြင်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့  နယ် စသည့်နယ် မြေများတွင် စက်မှုဇုံ အဖြစ် ပြောင်းလဲဖန်တီးမည် ဟုဆိုသည့် နအဖ ၏ မက်လုံး ကို ပထမဦးဆုံး အနေဖြင့် ထောက်ပြရှင်းလင်းပြလိုပါသည်။
ကရင်ပြည်နယ် သံတောင်မြို့  နယ်၌ ဖြစ်ခဲ့သော ဖြစ်ရပ်မှန် တစ်ခု နှင့်ထောက်ပြလိုပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ် ၀န်းကျင်တွင် နိုင်ငံတော် ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီး ခင်ညွန့် ကရင်ပြည်နယ် သံတောင်ကြီးမြို့ ကို လာသွားပါသည်။ ရပ်မိရပ်ဖ ဒေသခံများကိုခေါ်ယူ တွေ့ ဆုံပြီး
“မင်းတို့ သံတောင်ကြီးကို မြန်မာနိုင်ငံအောက်ပိုင်း အပန်းဖြေတောင် စခန်းမြို့ အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့  မေမြို့ တို့ လိုပြောင်းလဲပစ်ပေးမည်။ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ကမ္ဘာလည့်ခရီးသည်လုပ်ငန်းများ ဤအရပ်ဒေသ တွင် ပေါ်ပေါက်လာမှာဖြစ် တယ်၊ လျှပ်စစ်မီး ကိုလည်း ၂၄ နာရီ အချိန်ပြည့်သုံးစွဲ နိုင်ကြတော့မယ် ဖြစ်သလို သံတောင်- တောင်ငူ ကမ်းလမ်းကို နှစ်လမ်းသွား အဖြစ်ဖန်တီးပေးမယ်ဟု” ပြောပြီးပြန်သွား ပါသည်။
ဗိုလ်ခင်ည်ွန့် ပြန်သွားပြီးနောက် ဒေသခံလူအများစုက ကျွန်တော်တို့ ဒေသ ဖွံ့ ဖြိုးတိုးတက်တော့မယ် မြို့  ကြီးဖြစ်သွားတော့မယ်၊ အလုပ်အကိုင်တွေ ပေါတော့မယ် ဆိုပြီး ပီတိဖြစ်ကြပါတော့သည်။ ၂၀၀၀-၂၀၀၁ ခုနှစ်တွင် မြို့  ကို စတည်ရန် လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်ပါတော့သည်။
ပထမဦးဆုံး သံတောင်ကြီး မြို့ အရှေ့ ဖက်ခြမ်း ဒေသခံ ပြည်သူတို့ ၏ မြေ ယာ အကုန် လုံး ကို စတင် သိမ်းယူပါတော့သည်။ မြို့ မျက်နှာဖုံး ပေါက်ရောက်သော ဒေသခံ သုံးလေးဦး တို့ ၏မြေပိုင်များကို မပို့  မစို့ ငွေလေးပေး ရုံမှ လွဲ၍ ကျန်ဘယ်သူကမျှ မြေဖိုးများ မရကြပါ။ ထိုမြေများသည်လည်း ဒေသခံတို့  ၏ ဥယာဉ်ခြံ မြေများဖြစ် ကြသည်။ မြေယာအားလုံးကို ဗမာ့တပ်မတော်အား အလကား ပေးလိုက်ရပါတော့သည်။ ဥယာဉ်ခြံများဆုံးရှုံး၍ ပြည်သူများ စတင်ဒုက္ခရောက်ကြပါတော့သည်။ မည်သို့ ပင်ဖြစ်စေ ဗိုလ်ခင်ညွန့် လာပြောသွားခဲ့သလို အပန်းဖြေတောင်စခန်း မြို့ သစ်တည် ၍ မြေယာများဆုံးရှူံး ခဲ့ရ သည်ဆိုရင်လည်းပဲ ခံသာနေသာပေဦးမည်။
သို့ သော်ထို သို့ မဟုတ်ခဲ့ပါ။ ဒေသခံကရင်လူထု တရပ်လုံးကို ဗိုလ်ခင်ညွန့်  ကိုယ်တိုင် စော်ကားစွာဖြင့် လာပြီး လိမ်လည်သွားခဲ့ ပါသည်။ အကြောင်းမူကား သူတို့ လာတည်သွားသောမြို့ သည် တောင်စခန်းမြို့ မဟုတ်ပါ။ ဗမာ့စစ်ဘုရင် တဦးဖြစ် သော ဘုရင့်နောင်မင်း တရား၏ ရုပ်ထုကိုစိုက်ထူ၍ ဘုရင့်နောင် အမည်နာမကို အဓိပါယ်ရှိစွာအသုံးပြုပြီး ထိုမြို့  သစ်ကို ဘုရင့်နောင်တပ်မြို့ ဟု ခေါ်တွင် အမည်နာမပေးထားပါသည်။
ဘယ်ဗမာဘုရင်မင်းက မှ ခြေမချခဲ့ဘူးသော သံတောင်ကြီးလို နေရာ၊ ဘုရင့်နောင်တပ်မြို့ မတည်ခင် သံတောင်ကြီးဒေသတွင် ကရင်လူမျိုး စစ်စစ်များသာ နေထိုင်ခဲ့ ကြပါသည်။ သို့ သော်ယခုအခါတွင်မူ ဗမာအများစု ထက် ၀က်နေရာ ၀င်ယူလာပြီး သွေးနော စနစ်တစ်ခု ကျယ်ပြန့် စွာ တွေ့ လာရ နေပြီဖြစ်သည်။ သံတောင်ကြီး အနီးနားမှာရှိတဲ့ ဂျော့စ်ကုန်း ဆိုတဲ့ ရွာလေးက ထက်ဝက်ပိုင်း သိမ်းခံရပါသည်။ ရွာနံ့ဘေးမှာ မိုင်းထောင် ထား၍ ၂၀၀၆ ခုနှစ်တွင် ဂျောစ်ကုန်း ရွာသား ညီကို နှစ်ဦး မိုင်းထိပြီး တစ်ဦးသေ တစ်ဦခြေပြတ် ခဲ့ပါသည်။ ဂျော့စ်ကုန်းရှိ အစိုးရမူလတန်းကျောင်းတွင် ကျောင်းဆရာမ အဖြစ် တာဝန် ထမ်းဆောင် နေသော ဆရာမ နော်ကလိုမူးသည်လည်း ဘုရင့်နောင်တပ်မြို့မှ ဗမာ့တပ်မတော်သားတစ်ဦး ရက်စက်စွာ ဓါးနဲ့ ခုတ်သတ်ပြီး ကိုယ်ပေါ်မှာ ပါသောရျွှေကိုလုယူသွားပါသည်။ တရားခံကိုပြန်မိပါရက်သားနဲ့  မည်သူမျှ တရားခံကိုခုံရုံးတင် စစ်ဆေးမှုမရှိပါ။
ယခုအချိန်ဆိုလျှင် သံတောင်ကြီးတောင်စခန်းမြို့  ဆိုပြီးမြို့ အ၀င်မှာဆိုင်းဘုတ် တင်ထားရုံမှလွဲ ပြီး မြို့ တွင်းမှာ ဘာမှပြောင်းလဲမှု မရှိပါ။ ဘာစီပွားရေးလုပ်ငန်း၊ အလုပ်အကိုင်များလည်း ပေါမလာတဲ့ အပြင် နအဖ တပ်များ၏ လူအခွင့်အရေးချိုးဖေါက်မှုများကို အရင်ကထဲ ပိုခံကြရပါသည်။ လုပ်ကိုင်စားသောက်ရဒါ ပိုပြီးကြပ်တည်းလာပြီး နအဖ တပ်ကို လူထုတွေက အမြဲ ကြောက်နေ ကြရပါသည်။
ဤအခြေအနေ ကို နှိုင်းယဉ်ခြင်းဖြင့် မြ၀တီမြို့ နယ်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့  နယ် စသည့်နယ်မြေများတွင် နေထိုင်ကြသော ကရင်လူမျိုးများအဖို့ သတိထားပြီး နားမယောင်မိဖို့  လွန်စွာ အရေးကြီးပါသည်။ နအဖ စစ်အစိုးရက ကရင်လူမျိုးများကို စေတနာနဲ့ ဖွံ့ ဖြိုး တိုးတက် အောင်လုပ်ပေးမည် ဆိုဒါ အရှူး ကလူကောင်းကို ကတိပေးနေသလိုမျိုးပဲ ဆိုဒါ သံတောင်ကြီးမြို့  မှ ဖြစ်ရပ်မှန် များကို သင်ခန်းစာယူကြဘို့ လိုပါသည်။
အများပြည်သူလက်ခံပြီး ရေးဆွဲထားတဲ့ ဖွဲ့  စည်းအုပ်ချုပ်ပုံ အခြေခံစည်းမည်းဥပဒေ အောက်၌ ကျင်းပပြီး တရားမျတ တဲ့ ရွေးကောက်ပွဲ မှ ပြည်သူလူထု က ရွေးချယ်တင် မြှောက်ထားတဲ့ အစိုးတရပ် မပေါ်ပေါက်သရွေ့ ၊ ကရင်လူမျိုး များကိုယ်ပိုင် ပြဌန်းခွင့်မရှိနေသေးသရွေ့  ဘယ်လိုအစိုးရမျိုးဖြစ်ဖြစ် တက်ပြီး မြန်မာနိုင်ငံကြီး ကို အုပ်ချုပ်နေပေ့စေ ကရင်လူမျိုးများအတွက် အကျိုးမရှိနိုင်ဘူးဆိုဒါ နားလည်သဘောပေါက်ထားဖို့  လိုပေသည်။
ဒီနေရာမှာ ဒီကေဘီအေ တပ်ထဲမှ ကိုယ်ကျိုး စီပွား အတွက်ကိုသာ ကြည့်တဲ့ လူတွေ အဖို့  ရေရှည်ကို မကြည့်ပဲ နားယောင်ပြီးဝမ်းသာမိမှာပါ။ တကယ်တော့ ဒီအစီအစဉ် မက်လုံးကြီး ဟာ ကရင်လူထု အတွက် သာ မက ဒီကေဘီအေ အတွက်ပါ မကောင်းတဲ့ လည့်ကွက်တစ်ခုပါ။
သံတောင်မြို့ နယ် သံတောင်ကြီးမှာ မြန်မာပြည်အောက်ပိုင်း အပန်းဖြေ တောင်စခန်းမြို့  တည်မည်ဆို ပြီး ဘုရင့်နောင် ရုပ်ထုစိုက်ထူကာ ဘုရင့်နောင်တပ်မြို့ ကို တည်ပြီး သွားခဲ့ပြီ ဖြစ်သလို မြ၀တီမြို့ နယ်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့ နယ်စသည်နယ်မြေများတွင် ဗမာစစ်ဘုရင် အလောင်းဘုရားမင်း ၏ ရုပ်ထုကို နေ ရာ အနှံ့ စိုက်ထူ၍ အလောင်းဘုရားတပ် မြို့  နှင့် တပ်နယ်မြေများ ဆို ပြီး ဗမာ့ စစ်တပ် မြို့  ကို တည်ကာ အနယ်နယ် အရရ မှ တခြားသော လူမျိုးအလုပ်လက်မဲ့များကို ဆွဲသွင်းမလာ နိုင်ဘူးလို့  ဘယ်သူ က အာမခံနိုင်မှာလဲ။
နအဖ စစ်တပ်ဟာ နယ်စပ်ဒေသကို စိုးမိုးနိုင်ပြီးရင် ထိုင်းနိုင်ငံနှင့် စစ်ကစားမည်ဆိုဒါ သေချာပြီးသား ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဗမာ့တပ်မတော်အတွက် နံပါတ်တစ် ပြည်ပ ရန်သူ အဖြစ် အသိအမှတ်ပြုထားသည်။ ဒီနေရာ မှာ အဓိက အသုံးချခံရမှာ ဒီကေဘီအေဖြစ်ပါသည်။ ပြီးရင်သေစရာ ရှိရင် နှစ်နိုင်ငံ နယ်စပ် ဒေသခံ ကရင်လူမျိုးများပဲဖြစ်မည်။ ထိုင်း-ဗမာ ပြသနာ ပေါ်တိုင်း ဒီကေဘီအေ က အသုံးချ ခံ ပစ္စည်း တစ်ခုအဖြစ်ပါဝင် ခဲ့မယ်ဆိုရင် ရေရှည်မှာ ထိုင်းလူမျိုးများ က ကရင်လူမျိုးများကို အမြင်ကပ်လာပြီး မုန်းလာနိုင်ဖွယ် ရှိပေသည်။ သို့ ဖြစ်ပါ၍ ကရင်ပြည်နယ်တွင်း စက်မှုဇုန် တည်ထောင်မည် ဆိုသော နအဖ အစီစဉ်နှင့် ထိုအစီစဉ်ကို ကြံစည်သူ တွေဟာ ကရင်လူမျိုးများကို တဖက်လည့်ပြီး ထပ်ပြီးဖျက်စီးပစ်မည့် အစီစဉ်တရပ်သာ ဖြစ်သည် ဆိုဒါ ပထမ အချက်အနေဖြစ် တင်ပြလိုပါသည်။
ဒုတိယ အချက်အနေဖြင့် ထောက်ပြလိုသည်မှာ တပ်မဟာ ၇ တိုက်ပွဲအပြီး “မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း” ဟူ၍ ဆောင်းပါးရှင် လေရီဂျေဂင် ၏ သုံးသပ်ချက် ကို ထောက်ပြချင်ပါသည်။ လေရီဂျေဂင် ဆောင်းပါးရှင်သည် KNU/KNLA ကျဆုံးတော့မည် ဟု ဆောင်းပါးများ ရေးခဲ့သည်မှာ ယခုမှမဟုတ်ပါ။ ၁၉၉၅ ကေအန်ယူ ဗဟိုဌာနချူပ် ယာယီဆုတ်ခွာပြီးကတည်းက ကေအန်ယူ ပျောက်ကွယ်တော့မည်ဆို ဒါ သူ တဦးတည်းသာ မက ဗမာနိုင်ငံရေး လေ့လာသူ အတော်များများ၊ ဗမာ ဒီမိုကရေစီ နိုင်ငံရေးသမားများ၊ သတင်းမီယာများ အပါ အ၀င် ဤကဲ့သို့ သုံးသပ်ခဲ့ကြဘူးပါသည်။
သို့ သော် ၁၄ နှစ် အကြာ ကေအန်ယူ ပျောက်မသွားတဲ့အပြင် နိုင်ငံတကာ စာမျက်နှာ မှာ နိုင်ငံရေးအရ အောင်မြင်မှု ရယုံမက တခြားတိုင်းရင်းသားများနှင့်ဒီမိုကရေစီ မဟာမိတ် များအကြား မှာ အဓိက ခရာ တစ်ခု အဖြစ် မြန်မာ့နိုင်ငံရေး တစ်ခုလုံး အပြောင်းအလဲ အတွက် အတိုက်အခံများ၏ ကျောရိုးသဖွယ် အရေးပါဝင်နေတယ်ဆိုဒါ ထင်သာမြင်သာရှိပြီးဖြစ်ပါသည်။
၂၀၀၇ ခုနှစ် မှ စ၍ ကေအန်ယူအတွင်း တော်လှန်ရေးအချောင်အမားများ၊ အမျိုးသားသစ္စာဖေါက်များ၊ ပဲ့ထွက်သွားခဲ့ဒါမှ လွဲ၍ ကေအန်ယူသည် အားလုံး ပုံမှန်အတိုင်းဖြစ်နေပါသည်။
မကြာသေးမီဇွန်လ အတွင်း ကေအန်ယူ တပ်မဟာ ၇ ၏ အခြေခံစခန်းများကို မဟာဗျူဟာအရ ဆုတ်ခွာပေးခြင်းကို ကြည့်ပြီး ကေအန်ယူ ကျဆုံးတော့မည် ဟု ထင်ကြေးပေးသူများ သည် လက်တွေ့  အခြေအနေ တရပ်ကို အပေါ်ယံ ရှပ်ပြီး မှားယွင်းစွာ သုံးသပ်မှု များသာဖြစ်သည်ဟု ထောက်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့  ဆုတ်ခွာပေးထားသော နယ်မြေ များတွင် ကေအန်ယူတပ်များ က ဆက်လက် ပြီး ပြောက်ကျား စနစ်ဖြစ် ပုံမှန်လုပ်ရှားနေ၍ အတွင်းပိုင်း မြို့ တွင်းအနီးဆုံးနေရာများအထိ ထိုးဖေါက် နေပြီး ဖြစ်သည်။
ထို့ ပြင် ကေအန်ယူ ကရင် ခေါင်းဆောင် တဦး၏ အဆိုအရ “တပ်မဟာ ၇ ကိစ္စသည် မာနယ်ပလော ကိုဆုတ်ခွာပေး ခဲ့စဉ်တုံးက ကြုံတွေ့  ခဲ့ရဒါ နဲ့  စာ ရင် အသေးအမွှားလေးပဲ ရှိတယ်။ ကျွန်တော်တို့  ခေါင်း ကို အေးအေးထားပြီး အလုပ်လုပ်နေတယ်” ဟုဆိုပါသည်။ ကေအန်ယူ ခေါင်းဆောင် ကြီးများသည် ကရင့်တော်လှန်ရေး ၏ နှစ်ပေါင်း ၆၀ ကျော် စစ်ရေး၊ နိုင်ငံရေး ဖြတ်သန်းမှူ အတွေ့  ကြုံများစွာ ရှိသူများဖြစ်ကြသည်။
ယခုလက်ရှိ ကေအန်ယူ တပ်မဟာ ၆ ကိုထိုးစစ်ဆင်မှု အစတွင် KPF (သူမူးဟဲ) လက်နက်ချအုပ်စု နှင့် ဒီကေဘီအေတပ်သား အများအပြား ကေအန်ယူ တပ်မဟာ ၆ သို့ တဖွဲ့  ဖွဲ့  မိခင် ကေအန်ယူ ကရင်မျိုးသားအစည်းအရုံး သို့ ပြန်လာပူးပေါင်းနေ သည်ကို ကြည့်ခြင်းဖြင့် ကေအန်ယူ ၏ စစ်ရေးနိုင်ငံရေး သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီးလမ်းဆုံ လမ်းခွ တွင်၊ ဘက်ပေါင်းစုံ ဖိအားများကြားမှ တည်ငြိမ်စွာ ရပ်တည်ပြပြီး တဖက်တွင် ကိုယ့်ဆန့်  ကျင်ဘက် အုပ်စုတွေ ကို ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ ပေါ်မှာ အချိန် ကိုက် ဖဲ့ထုတ်စည်းရုံးနိုင်ဒါ တွေဟာ နိုင်ငံရေးနှင့် စစ်ရေး များ၌ ကျွမ်းကျင် ရင့်ကျက် နေသော ကေအန်ယူ တည်း ဟူသည် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့  နေရပါသည်။
ထို့ အပြင် ကေအန်ယူ၏ အတွင်းပိုင်းတပ်မဟာများ ဖြစ်သော တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅ ၏ ထက်ဝက်ကျော် နေရာ တို့ ၏ အနေ အထားကို မာနယ်ပလောရှိစဉ်ကာလ နှင့် ယာယီဆုတ်ခွာပေးပြီး ကာလ အခြေအနေ များကို ကြည့်ပြီး ယှဉ်ထိုးကြည့်မယ်ဆိုရင် ကေအန်ယူတပ်များ မတုန်လှုပ်ပဲ ပုံမှန် လုပ်ရှား နေသည်ဆိုဒါ တွေ့ မြင်ကြရမှာ ဖြစ်ပါသည်။ တပ်မဟာ ၃ ဆိုရင် ရန်ကုန်-မန္တလေး ကမ်းလမ်းမနှင့် ရထားလမ်း တို့ တွင် တရက်ခရီး လောက်တောင်မရှိ သွားလာလှုပ်ရှား၍ ရနေပါသည်။ တပ်မဟာ ၂ ဆိုရင် နေပြည်တော် ကို တရက်တည်း ခြေလျင်ခရီးဖြစ် သွားရောက်နိုင်သော နေရာများဖြစ်သည်။ ထိုမျှ လောက် နောက်ခံတိုင်းတပါး နယ်ခြားမရှိ အတွင်းပိုင်းကျ သော ကေအန်ယူ တပ်များသည် ကေအန်ယူ၏ နိုင်ငံရေး စစ်ရေး စည်းရုံးရေးလုပ်ငန်းများကို ပုံမှန်ုလှုပ်ရှား နေနိုင် နေကြသည် ကို တွေ့ ရမှာ ဖြစ်ပါသည်။
သည့်ပြင် ဘ၀ကပေး လာသည့် နိုင်ငံရေး၊ စစ်ရေး အတွေ့  အကြုံများဖြင့် နအဖ တပ်များကို ထိထိရောက်ရောက် တန်ပြန်တိုက်ခိုက်နိုင်ခဲ့ သည် ဆိုဒါ နအဖ ထိပ်ပိုင်းတပ်မှူးတစ်ဦး ဖြစ်သော ဗိုလ်မှူးချူပ်ကောင်းမြတ် က တပ်မဟာ ၂ တပ်စိတ်လေးတစိပ်၏ လက်ချက်ဖြင့် ကျဆုံးသွားသည်ကိုက သက်သေတစ်ခု ဖြစ်နေပါသည်။ ထို့ ပြင် ဖရီးဘားမား ရိန်းဂျားအဖွဲ့ ၏ မကြာသေးခင် က ပြောဆိုချက်အရ အတွင်းပိုင်းနှင့် ထိုင်းမြန်မာနယ်စပ် တလျှောက် နအဖ တပ်စခန်း ၁၀၀ အနက် ၃၀ ကို မကြာသေးခင်က ပိတ်ပစ်ခဲ့  သည်ဟုဆိုထားပါသည်။ အကြောင်းမဲ့ ပိတ်ပစ်ဒါတွေ မဟုတ်ပါ။ ကေအန်အယ်လ်အေ တပ်များ၏ ပြောက်ကျား ပစ်ခံရ မှုများ၊ ရိတ္ခာကြားဖြတ် ဖြတ်တောက်ခံရမှု နှင့် တူ နောက်လိုက် ရိက္ခာ ကိုဘယ်လိုမှ ရှေးတန်းသို့ မပို့  နိုင်သောကြောင့်ဖြစ်သည်။
ကေအန်ယူ တပ်မဟာ ၇ သည်လည်း မဟာဗျူဟာ အသစ်တစ်ခုသို့  အခြေအနေ ၏ တောင်းဆိုမှုနဲ့ အညီ အကွက်ရွေ့ လိုက်ပြီး ဖြစ်နေသည်။ ဤကဲ့သို့  ကေအန်ယူ၏ အခြေအနေ အချိန်အခါ နှင့် အညီ ညင်သာစွာ ပြောင်းလဲ လှုပ်ရှားနေမှု များကို ကြည့်ခြင်းဖြင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးနှင့် စစ်ရေး ၌ တည်ငြိမ် စွာ ရှိနေဆဲ ဖြစ်သည်ကို ထောက်ပြ နေပါသည်။
အနာဂါတ်တွင် ကရင်တမျိုးသားလုံး ၏ ခိုင်မာသော အမျိုးသားအကျိုးစီပွား အတွက် နှင့်အတူ မြန်မာပြည်တွင်း ဗမာအပါ အ၀င် တိုင်းရင်းသားညီကိုအားလုံး ပါဝင်ပြီး ရေရှည်မှာ အေးခြမ်းသာယာ တည်ငြိမ် သော တိုင်းပြည်တစ်ခု မြန်မာပြည် တွင်းမှာ ပုံဖေါ်နိုင်ရေးအတွက် အတိုက်အခံအားလုံးနှင့် အတူ ဟန်ချက်ညီ စွာဖြင့် ကရင်အမျိုးသားများ အသက်သွေးပေါင်းများစွာ ပေးဆပ်ပြီး အစဉ် ကြိုးစား အားထုတ်ခဲ့ပြီးဖြစ်သလို ယခုလည်း ရှေ့ တလှမ်းတိုး ဆက်လက်ချီတက်နေဆဲ ဆိုဒါ တွေ့  မြင်ကြရမှာ ဖြစ်ပါသည်။
နောက်ဆုံးအချက် အနေဖြင့် ဖေါ်ပြလိုသည်မှာ မြန်မာပြည် အုပ်စိုးသူ အစိုးရ အဆက်ဆက် သည် ကရင်အမျိုးသားထုကို ကိုယ်စားပြုသော KNU ကရင်အမျိုးသားအစည်းအရုံး နှင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဘယ်သောအခါမှ တရားမျတစွာ ပြသနာ များကို ဖြေရှင်းရန်မကြိုးစားခဲ့ပေ။ အထက်စီးမှနေပြီး ကရင်အမျိုးသားထုကို ရန်သူ သဖွယ် ဆက်ဆံ၍ အမြစ်ပြတ်ချေမုန်းရေးလမ်းစဉ် ကို တစိုက်မတ်မတ် အကောင်အထည်ဖေါ်လာ ခဲ့သည်မှာ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး ကတည်းက ဖြစ်သည်။
ဒီလိုလက်နက်အားကိုးပြီး လူမျိုးတစ်မျိုး ကိုဖြစ်စေ၊ တိုင်းသူပြည်သားအားလုံးကို ဖြစ်စေ နိုင်ထက်စီနင်း ဆက်ဆံလိုသည့် ဗမာ့တပ်မတော်၏ အတွေးအခေါ်များ ကို ပယ်ဖျက်ရန် အချိန်ကျပြီ ဖြစ်သည်။ ဗမာ့တပ်မတော်မှ ခေါင်းဆောင်ကြီးများ က သူတို့ ၏ ရှိရင်းစွဲ မဟာဝါဒီ အတွေး အခေါ်များကို ဖျောက်ဖျက်ပစ်ရန်၊ အဆုံးသတ်ရန် လိုအပ်နေပြီဖြစ်သည်။
တကယ်တော့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြီး နှင့် ကရင်အမျိုးသားတို့ ၏ ခုခံ တော်လှန် စစ်ကြီးသည် မြစ်ဝှမ်းကျွန်းပေါ်ဒေသမှ ပေါက်ဖွားလာဒါမဟုတ်သလို၊ ပဲခူးရိုးမမှ ပေါက်ဖွား လာဒါ လည်းမဟုတ်ပါ။ အရှေ့ တိုင်းမာနယ်ပလောဌာနချုပ် မှာ ပေါက်ဖွား လာဒါလည်းမဟုတ် သလို တပ်မဟာ ၇ ဌာနချုပ်မှာ ပေါက်ဖွားလာ ဒါလည်းမဟုတ်ပါ၊ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး တခုတည်းသော နှစ် ၆၀ ကျော် ကေအန်ယူမှ ဦးဆောင် သော ကရင်လူမျိုးတို့  ရဲ့  ခုခံတော်လှန်စစ်ဟာ ကရင်အမျိုးသားများ၏ ရင်ထဲမှ ပေါက်ဖွားလာခြင်း သာဖြစ်သည်ဆိုဒါ ဗမာ့တပ်မတော်အရာရှိများ သဘောပေါက် နားလည်ထားဘို့ လိုနေပြီ ဖြစ်ပါသည်။
ကရင်လူမျိုးတို့ ၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနေ သရွေ့ ၊ တန်းတူအခွင့်အရေး နှင့် ကိုယ်ပိုင် ပြဌန်းခွင့် မရှိနေသရွေ့ ကာလပတ်လုံး ကရင့်ခုခံတော်လှန်စစ်ကြီး ဟာ အစဉ်အမြဲ ရှိနေဦးမည်ဆိုဒါ ယုံမှားသံသယမရှိ ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ နားလည်ထားစေချင်သည်။
တိုင်းပြည်ကို လက်ရှိ အုပ်ချုပ်နေသော ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ တိုင်းပြည်၏ ရေရှည် အကျိုးကို ကြည့်ပြီး စစ်မှန်သော၊ လွတ်လပ်၍ တရားမျှတသော၊ အပြန်အလှန်လေးစား အသိအမှတ်ပြုသော တွေ့  ဆုံဆွေးနွေးမှုများ ကို စတင် အကောင်အထည်ဖေါ်ပြီး တပ်မတော် အစိုးရ၏ ဒို့  တာဝန် အရေးသုံးပါး ထဲက တစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့ အရေး ဆိုသည့် ဆောင်ပုဒ် ကို အပြောနဲ့ အလုပ် ညီစွာ ဖြင့် မြန်မာနိုင်ငံ အတွင်း စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို လက်တွေ့ အကောင်အထည်ဖော်ဆောင် ခြင်းမှ ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ခုဆီသို့  မြန်မာပြည်တွင်းမှ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံး အတူတကွ ချီတက် လုပ်ဆောင်ရန် အချိန်ကျရေက် နေပြီ ဖြစ်ကြောင်း ရေးသားတိုက်တွန်းလိုက်ပါသည်။
Posted by Thaw Thi Kho at 9:40 PM 0 comments
http://www.thawthikho.blogspot.com မှကူးယူဖေါ်ပြသည်။
Posted by sunshinepaung at 1:21 PM 0 comments
Labels: ဆောင်းပါး
Friday, July 3, 2009
စောကွယ်ကဘော (နာမည်အရင်းမဟုတ်)
ဖားအံòမိ့
ဇွန်လ (၂၆)ရက်၊ ၂ဝဝ၉ ခုနှစ်၊
ဒီကေဘီအေ တပ်ရင်း (၇) တပ်ရင်းမှူး ဆာပြုတ်တိုက်ခိုက်ခံရသည့် သတင်း
တကယ်သတင်းဖြစ်ရပ်မှန်က ဗိုလ်ချုပ်ဌေးမောင် ဦးဆောင်သ္ဒောု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီ လက်ချက်
ဖြစ်သည်။ ဒီကိစ္စဟီာုBဗ နယ်ခြားစောင့်တပ်အဖြစ် လက်ခံလိုက်ပြီးနောက် တပ်မဟာ (၇) ဖားအံခရိုင် ထိုးစစ်ဆင်မှု
စတာနဲ့တòပိင်၌ ဗိုလ်မှူးချစ်သူ၏ အစီအစဉ်အဖြစ် သောင်ရင်းမြစ်တလျှောက် နေရာယူသိမ်းပိုက်ပြီး သူ့အာဏာကို
တည်ဆောက်ပြီး မှောင်ခိုစီးပွားရေးဈေးကွက်တွင် စတင်ဖွင့်မည်။
ဒီနယ်စပ်တလျှောက် အချက်အခြာကျသည့်နေရာတွေကို မှောင်ခိုစီးပွားရေးဖွင့်မယ်ဆိုတောု့္ဒ္က၊္ဒုဗ
ငြိမ်းချမ်းရေးကောင်စီအတွက် အခွင့်အရေးမပေးတော့ပဲ၊ စီးပွားရေးဝင်ငွေမရှိတော့သည့်အတွက် ဒီလဆန်းပိုင်း ဒုတိယ
အပါတ်မှ္ဒာု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေးခေါ်ပြီး အစီအစဉ်ရေးဆွဲခဲ့သည်။
ဇွန်လ (၂၅)ရက်နေ့မှ္ဒာု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇ဝ၅)မှူး မောင်စိန်ကျော်ဦးစီးပြီး အခြားတပ်ရင်း
အဖွဲ့များနှင့်ပူးပေါင်းပြီး အရင်ဗိုလ်ချုပ်ဌေးမောင် နေတဲ့နေရာဟောင်းအထက်မှာ ဝင်ရောက်နေရာယူထားသည်ဟု
သတင်းရရှိသည်။
္ဒု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း(၇ဝ၉)မှူး စောနေစေးကဦးစီးပြီး တပ်မဟာ(၆)နယ်မြေ
ကော့ကရိတ်òမိ့နယ်မှာ လှုပ်ရှားရန်တာဝန်ပေးလိုက်သည်။ သူတို့ကီုBဗ အဖွဲ့တွေ လှုပ်ရှားမှုအခြေအနေကို
စောင့်ကြည့်ပြီး အခြေအနေပေးသလို တိုက်ခိုက်သွားမည့်အစီအစဉ်လည်းရှိသည်။
ဒီအစီအစဉ်ကို ဦးစီးကိုင်တွယ်သူဟာ ဆရာတီမသေဖြစ်သည်။
ဒီကိစ္စဟာ တကယ့် နအဖ မဟာဗျူဟာနည်းပရိယာအောင်မြင်မှုကြီးဖြစ်ပြီး ငါးကျဉ်းဆီငါးကျဉ်းပြန်ကြော်သလို
ဖြစ်နေသည်၊ ဒါကို မခံမရနိုင်လွန်းလို့ ကိုယ့်ကရင်တွေ အုပ်စိုးသူစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို မြင်ပြီး အမှားအမှန်ကို
ခွဲခြားပြီး နအဖ စစ်အာဏာရှင်ကို ပြန်တိုက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါသည်။
ဒီသတင်းဟာ မှန်ကန်သည့် သတင်းဖြစ်ပါသည်။
Posted by sunshinepaung at 5:20 AM 0 comments
Thursday, July 2, 2009
ဒီကေဘီအေ ရဲဘော်များသို့  ပေးစာ
ဒီကေဘီအေ ရဲဘော်များသို့  ပေးစာ
ဒီကေဘီအေ ရဲဘော်များသို့ 
ကရင်အမျိုးသားအချင်းချင်း သတ်ဖြတ်နေကြရတဲ့အခြေအနေကို မကြည့်နိုင်တော့လို့ ရဲဘော်များကို ဒီကေဘီအေ နှင့်ပါတ်သက်ပြီး လက်ရှိအခြေအနေမှန် သိရှိနိုင်ဖို့ အတွက် အသိပေးချင်ပါတယ်။ အဓိက အချက်(၂)ချက်ကို တင်ပြချင်ပါတယ်။
(၁)ဒီကေဘီအေ ဟာ အမျိးဘာသာ သာသနာတော် ထွန်းကားစေဖို့ ဆောင်ရွက်ရမဲ့အဖွဲ့ ဖြစ်တယ်၊ ဘာတွေဆောင်ရွက်နိုင်ခဲ့လဲ၊ ဘာတွေဖြစ်မြောက်ခဲ့လဲ။
(၂)ဒီကေဘီအေ ရဲ့ ဆောင်ရွက်မှု ဖြစ်ထွန်းမှု အကျိုးစီးပွားတွေဟာ အဖွဲ့ အစည်းအတွက်လား တဦးတယောက်ထဲအတွက်လား။ ဆိုတာတွေကိုဘဲ။
ဒီကေဘီအေ စတင်ဖြစ်ပေါ်ခဲ့တာက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို အပြုတ်တိုက်ဖို့  ကေအဲန်ယူ့ ဌာနချုပ်မာနယ်ပလော ကို စစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီတုန်းက န၀တ လို့  ခေါ်ဆိုနေကြတဲ့ ဗမာစစ်အုပ်စုတွေက ပိုးကရင် စကောကရင် ၊ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဆိုပြီး သတ်လျှိုခွဲခဲ့လို့ ဒီကေဘီအေ ဖြစ်လာရတာဖြစ်တယ်။
ဒီကေဘီအေ စဖြစ်ဖြစ်ခြင်း အမျိုးဘာသာ သာသာနာ အတွက် ရည်ရွယ်ပြီး ဖွဲ့ စည်းပေးတယ်လို့  သိရတယ်။ ဆရာတော် ဦးသုဇန ကိုယ်တိုင် သစ္စာရေ တိုက်ကျွေးခဲ့ပါတယ်။ အမျိုးဘာသာ သာသနာ ထွန်းကားရေးအတွက် ကမ္ဘာ မှာ တခုထဲသော လက်နက်ကိုင်ဆောင်ခွင့်ရတဲ့ ဘာသာရေးတပ်မတော် ဖြစ်တယ်။
ဒါပေမဲ့ ဒီကေဘီအေ ဆိုတာစတင်ဖြစ်ဖြစ်ခြင်းမှာဘဲ န၀တ စီစဉ်ဖန်တီးထားတဲ့ န၀တ ရဲ့ စစ်တပ် လက်ကိုင်တုတ် အဖွဲ့ အစည်း တခု ဖြစ်လာတယ်။ ကေအဲန်ယူ ရဲ့ မာနယ်ပလော ဌာနချုပ်ကို ဗမာ စစ်သားတွေ ရဲ့ရှေ့ ဆုံးကနေပြီး တက်တိုက်ခဲ့ရတာ အဓိကသက်သေတခုပါဘဲ။
အဲဒီနောက်ပိုင်း ဒီကေဘီအေ ထဲမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ (ခိုင်းစားလို့ ရမဲ့သူ) ကို စစ်အုပ်စုက စီးပွားရေး အခွင့်အရေးတွေ တချို့ ပေး ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု တွေကို မသိကျိုးကျွန်ပြု မျက်စိမှိတ်နေခဲ့ကြတာကို တွေ့ ရတယ်၊ ဒါတွေဟာ တကယ်အဖြစ်မှန်ပါ၊
ဒီအေဘီအေ တပ်ဖွဲ့ အထဲကိုလည်း တပ်သားအင်အားများလာစေဖို့  ရဲဘော်သစ်တွေ စုဆောင်းရာမှာ သေသေချာချာ စီစစ်ခြင်းမရှိဘဲ အရေအတွက်များလာရင်ပြီးရောဆိုပြီးတော့ ပေါက်တတ်ကရ လူတွေ လက်ခံခဲ့လို့  မြန်မာပြည်အတွင်းမှာ လုပ်စားကိုင်စား မရတဲ့ အလုပ်မရှိ အကိုင်မရှိ ကလေကချေတွေ၊ ပေါက်လွတ်ပဲစားတွေ နဲ့  ကရင်လူမျိုး မဟုတ်တဲ့ ကုလားဒိန်တွေ ၊ အညာသားဗမာတွေ ၀င်ရောက်လာ တဲ့အတွက် ဒီကေဘီအေ ဆိုတဲ့ အမျိုးဘာသာ သာသနာတော်ကို ပြန့် ပွားစေမဲ့ တပ်မတော်သားတွေ ထဲမှာ စစ်အုပ်စုရဲ့ သူလျှိုဒလန်တွေဟာ ဒုနဲ့ဒေး ဖြစ်လာကုန်တယ်၊ဒီကေဘီအေ ကို အနီးကပ်ထိန်းချုပ်တဲ့သဘောပေါ့၊ ဘာဘဲလုပ်လုပ် ဘာတခုမှ ဖုံးလို့ ဖိလို့ မရတော့ဘူး။
အဲဒီနောက် ဒီကေဘီအေ တွေဟာ အမျိုးဘာသာ သာသနာတွေ ထွန်းကားဖို့ ကိစ္စ ကို ဘာတခုမှ မယ်မယ်ရရ မလုပ်နိုင်တော့ဘဲ၊ အာဝါဒေးတွေ၊လောင်းကစားတာတွေ၊ မူးယစ်ဆေးဝါးသုံးတာတွေ၊ အပျော်အပါးလိုက်စားတာတွေနဲ့ အချိန်တွေ ကုန်ခဲ့တဲ့အတွက် ဆရာတော် ဦးသုဇန ကိုယ်တိုင် ဒီကေဘီအေ ကို မထိန်းနိုင်တော့ဘူး ဆိုပြီး ကေအဲန်ယူကို ပြန်အပ်မယ်လို့ ၂၀၀၆ ခုနှစ် အစောပိုင်းမှာ ကေအဲန်ယူ ကိုအဆက်အသွယ်လုပ်တွေ့ ဆုံခဲ့ရတဲ့အထိဖြစ်လာတယ်။ ဒါဟာ ဒီကေဘီအေ က အမျိုးဘာသာ သာသနာ ကို ထိထိရောက်ရောက် ဘာမှမလုပ်ပေးနိုင်တာကို အသိပေးရခြင်းဖြစ်တယ်။
နောက်တခုက
န၀တ ဟာ ငါးကြင်းဆီနဲ့  ငါးကြင်းကိုကြော်စားတဲ့နည်းအားသုံးပြီး ဒီကေဘီအေ ကို ရှေ့တန်းအဖြစ် မောင်းတင် တိုက်ခိုက်ခဲ့လို့  ကေအဲန်ယူ ဌာနချုပ် မာနယ်ပလောဌာနချုပ်ကို အကျအဆုံး နည်းပါးစွာနဲ့ ရလိုက်ပါတယ်။ အဲဒီအတွက် စစ်အုပ်စုဟာ သူတို့ ရဲ့လက်ကိုင်တုတ်ဖြစ်မဲ့သူတွေ (ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်တချို့)ကို စီးပွားရေး အပိုင်စားတွေပေးပြီး သိမ်းသွင်းခဲ့တယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီကေဘီအေထဲမှာ စီးပွားရေး ဦးနှောက်သမားတွေ မရှိလို့  မိမိအကျိုးကိုဘဲ ကြည့်တတ်လုပ်တတ်တဲ့ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ဟာ ဒီကေဘီအေ တို့ဖက်ကို ဘက်ပြောင်းပြီး ၀င်ရောက်လာချိန်မှာတော့ ဒီကေဘီအေဟာ ပုံစံတမျိုးပြောင်းလဲလာခဲ့တယ်။ အမျိုးဘာသာ သာသနာအတွက်မဟုတ်တော့ဘဲ လူတစု (သို့ ) လူတဦးတယောက်အတွက်သာ ဖြစ်လာခဲ့တာတွေ့ ရပါတယ်။
မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ ဟာ ဒီကေဘီအေ ဗဟိုအတွက် လိုအပ်တဲ့ ငွေကြေးတွေကို နအဖ မသိကျိုးကျွန်ပြုထားတဲ့ မသမာတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို အသုံးချပြီး ငွေတွေကိုရှာခဲ့ကြတယ်။ ရတဲ့ငွေတွေထဲက မစို့ မပို့ လောက်ကို ဒီကေဘီအေ ဗဟို ရပ်တည်နေနိုင်ရေးအတွက် ပေးပို့ ခဲ့တယ်။ ကျန်တာတွေကိုတော့ သူတို့ ရဲ့ တဦးပိုင်ကိုယ်ကျိုးဖြစ်လာခဲ့တယ်။ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ နဲ့  အတူ လုပ်ပိုင်ခွင့် ပေးထားတဲ့ သူတချို့ လဲ သူတို့ ရဲ့ကိုယ်ကျိုး အစွန်းအမြတ်တွေ ရရှိလာပါတယ်။
ဒီကေဘီအေ ရဲဘော်တွေမှာတော့ ဘာမှထူးခြား ကြီးပွားချမ်းသာလာတာ မတွေ့ ရဘူး၊ အားလုံးရဲ့ အကျိုးအမြတ်ဟာ တဦးတယောက် အတွက်ဘဲဖြစ်လာတာကို တွေ့ ရပါတယ်။
လက်ရှိ ဇွန်လဆန်းပိုင်းမှာ လုပ်ခဲ့တဲ့ တပ်မဟာ(၇) ရှင်းလင်းရေး စစ်ဆင်ရေးမှာ ဒီကေဘီအေ ထဲက သဘောတူတဲ့သူ သိပ်မရှိဘူး၊ မောင်ချစ်သူ လုပ်စာကို ဘဲထိုင်စားရတဲ့အတွက် ဘာမှပြန်မပြောရဲဘဲ မောင်ချစ်သူ ရဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ရတာဖြစ်တယ်၊
နယ်ခြားစောင့်တပ်ဖြစ်ဖို့ အရေး တပ်မဟာ(၆)နဲ့ တပ်မဟာ(၇) ကို ရှင်းလင်းဖို့ တာဝန်ယူရမဲ့သူတွေ ကတော့ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး ဖြစ်တယ်၊ နအဖနဲ့ လက်မှတ်ထိုးပြီး စာချုပ်ရတဲ့အထိ နအဖ မှ ကိုင်တွယ်နိုင်ခဲ့တာတွေ့ ရတယ်။
တပ်မဟာ(၆)ကို နှုတ်ခမ်မွှေး က အခုနှစ် ဧပြီလမှာစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ဇွန်လမှာ တပ်မဟာ(၇)ကို မောင်ချစ်သူ က စစ်ဆင်ရေးစခဲ့တယ်၊ နှုတ်ခမ်မွှေး လုပ်ခဲ့တဲ့ တပ်မဟာ(၆) စစ်ဆင်ရေး ကို ဒီကေဘီအေ အထဲမှာ မကြိုက်မှန်း မပြောခဲ့ပေမဲ့ မောင်ချစ်သူ လုပ်ခဲ့တဲ့ တပ်မဟာ(၇) စစ်ဆင်ရေး ကို
ဒီကေဘီအေ ထဲမှာ လုံးဝလက်မခံတဲ့အကြောင်း သိသိသာသာပြောလာတာတွေ့ ရတယ်။
ဒီကေဘီအေ ရဲ့ဗဟိုပိုင်းမှာလဲ တဖက်နဲ့တဖက် လွန်ဆွဲလာတာတွေ တွေ့ ရပါတယ်၊ ဘာဖြစ်လို့ လဲ တော့ တပ်မဟာ(၇) ကို ပြုလုပ်တဲ့စစ်ဆင်ရေးဟာ ကေအဲန်ယူဖက်က အကျအဆုံးဆိုလို့ (၉) ယောက် လောက်ဘဲ ရှိတယ်၊ ဒီကေဘီအေဖက်မှာတော့ အကျအဆုံးအသေအပျောက်(၂၀၀) ကျော်လောက်ရှိ ခဲ့တယ်ဆိုတော့ ပေးဆပ်ရမှုက မတန်တဆဘဲ၊ နောက်ပြီးသေဆုံးဒဏ်ရာရသူတွေဟာ ဘာအတွက် သူတို့ တိုက်နေတာလဲ သူတို့ တွေ ပေးဆပ်ခဲ့လို့  ဒီကေဘီအေ (သို့ ) ကရင်အမျိုးသားတွေ အတွက် ဘာအကျိုးအမြတ်တွေ ရလာမှာလဲ ဆိုတာတွေကို သူတို့ ရဲ့ မိဘတွေ သူတို့ ရဲ့မိသားစုတွေ စဉ်းစား လာကြပြီးဖြစ်တယ်၊ သေဆုံးသွားတဲ့သူတွေအတွက် နစ်နာကြေး၊ ဒဏ်ရာ ရသူတွေအတွက် ဘ၀ အာမခံရေး ဘယ်လောက်ရှိလဲ၊ ဘာတွေရရှိခံစားရလို့ လဲ ဆိုတာတွေ တွေ့ မြင်သိရှိလာရတယ်။
တကယ်အကျိုးအမြတ် ထွက်သွားတာက မောင်ချစ်သူ ဟာ နယ်ခြားစောင့်တပ် ဗိုလ်ချုပ်ဖြစ်ဖို့ နဲ့ နအဖရဲ့နယ်ခြားကို စောင့်ပေးမဲ့ ဒီကေဘီအေ အဖြစ်သာ ရောက်ရှိနေတာကိုသာ တွေ့ ရတယ်၊ သေဆုံး သွားခဲ့သူတွေဟာ ဘယ်သူလဲ၊ ဒဏ်ရာ ရရှိခဲ့သူတွေဟာ ဘယ်သူလဲ၊ သေချာစဉ်းစားပြီး တည့်တည့်ကြည့်ရင် ကိုယ်တို့ ကရင်အမျိုးသားတွေဘဲဖြစ်တယ်၊ အဲဒီလိုဖြစ်အောင် ဘယ်သူက လုပ်တာလဲ၊ တပ်မဟာ(၇)ဟာ သူဘာသာသူ အေးအေးဆေးဆေး နဲ့ ကရင်အမျိုးသားတွေ အတွက် လုပ်နေတာဘဲ၊ ဒီကေဘီအေ စခန်းတခုခုကို ကေအဲန်ယူက သွားတိုက်တာလား မကြားမိပါဘူး၊ ကိုယ်တို့ ဒီကေဘီအေက ဘဲ ကေအဲန်ယူစခန်းကို သွားတိုက်တာ၊ ကေအဲန်ယူ ဟာ ဘယ်သူတွေလဲ၊ ကရင်တွေဘဲ၊ ဒီကေဘီအေ ဘယ်သူတွေလဲ၊ ကရင်တွေဘဲ၊ သူတို့ တွေဟာ ဘာတွေလုပ်ဖို့  ကြွေးကြော်ထားလဲ၊ ကရင်အမျိုးသားတွေအတွက် လုပ်မယ်လို့ ပြောတဲ့ အဖွဲ့ တွေချည်းဘဲ၊ ကရင် အမျိုးသားတွေအတွက် လုပ်မဲ့သူတွေအချင်းချင်း တိုက်ပွဲတွေဖြစ်နေတယ်၊ သေနေတယ်၊ ဒဏ်ရာ တွေ ရနေတယ်၊ ဘယ်သူဝမ်းသာလဲ၊ ဒီကေဘီအေ ၀မ်းသာလား၊ ကေအဲန်ယူ ၀မ်းသာလား၊ သေချာ စဉ်းစားကြည့်ပေါ့၊
အဲဒါကို ၀မ်းသာနေတဲ့ သူတစု ရှိနေတယ်ဆိုတာ သေချာတယ်၊ သူတို့ ကတော့ ဒီကေဘီအေ ကို ဖြစ်ပေါ်အောင် ဖန်တီးပေးခဲ့တဲ့ နအဖ ဆိုတဲ့ ဗမာ စစ်အုပ်စု ဘဲဆိုတာ မြေကြီးလက်ခတ်ရင်လွဲမယ်၊ နအဖ စစ်ခေါင်းဆောင်တွေဟာ စိတ်ထဲမှာကြိတ်ရီပြီးတော့ ၀မ်းသာလို့ ဆို့ နေတယ်ဆိုတာဘဲ။
အဲဒီလောက်အခြေအနေဆိုရင်တော့ ရဲဘော်တို့ အခြေအနေမှန်ကို သိလောက်ပြီးပေါ့၊ အခုစစ်ဆင်ရေး မှာ ကိုယ်တို့ ကရင်တွေအတွက် ဘာမှအကျိုးမရှိတဲ့အပြင် အောင်ပွဲခံ့ပြန်မဲ့ ကိုယ်တို့  ဒီကေဘီအေ က တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှူး စောဆန်ပြုတ် တောင် အမည်မသိတဲ့ သေနတ်သမား တစု ပစ်ခတ်လို့ ဖူးမော်ကလာက သူ့ နဲ့ သက်တော်စောင့်အဖြစ်ထားဖို့ ခေါ်သွားခဲ့ပြီးမဟုတ်လား။
ကိုယ်တောင်မှ ပထမအသုတ်မှာပါသွားလို့ ကံကောင်းလို့ လွတ်လာတာ၊နို့ မဟုတ်ရင်တော့ အခုချိန်ဆို ကိုယ်လဲရဲဘော်တို့ ဆီကို အဖြစ်မှန် စာလဲ ရေးနိုင်တော့မှာမဟုတ်ဘူ။
ကိုယ်တို့  ဒီအတိုင်းဘဲဆက်လုပ်နေရင်တော့ နအဖ စစ်တပ်လုံးလုံး ဖြစ်သွားရမဲ့ ဒီကေဘီအေ အဖြစ် ကိုယ်တို့ ကို ကရင်အမျိုးသားတွေအနေနဲ့  တမျိုးသားလုံးရဲ့ သစ္စာ ဖေါက်အဖြစ် သတ်မှတ်လိုက်ပြီး ဆိုရင်တော့ ကိုယ်တို့ အတွက် နေစရာမြေမရှိတော့ဘူးလို့ ထင်မြင်မိတယ်။
ဒါကြောင့် အခုကိစ္စ ကို ဖြစ်ပေါ်အောင်ဖန်တီး ခဲ့တဲ့ မောင်ချစ်သူနဲ့ အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေကို ရဲဘော်တွေ ခုအချိန်က စပြီး ဆန့် ကျင်ဖို့ အချန်တန်ပြီး၊ ဒါမှသာ ကိုယ့်တို့ တွေဟာ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်ပေးမဲ့၊ ကိုယ်တို့ ကရင်အမျိုးသားရေး ကို တကယ် လုပ်ဆောင်ပေးမဲ့ သူတွေဖြစ်တယ်ဆိုတာကို ရရှိမှာဖြစ်တယ်။ ကိုယ်တို့ ဒီကေဘီအေ တွေလဲ နအဖရဲ့ လက်အောက်ခံ စစ်တပ် အဖြစ်ကနေ လွတ်ကျွတ်မှာဖြစ်တယ်၊ ကိုယ်တို့ ဒီကေဘီအေ လည်း ကိုင်စွဲခဲ့တဲ့ စောဘဦးကြီး ရဲ့ မူ ဟာလည်း တကယ့်ကို စစ်မှန်ကြောင်း ပြသဖို့ လိုပြီးရဲဘော်တို့ ။
ဒီကေဘီအေ ရဲဘော်များ အားလုံး ကရင်အမျိုးသားအကျိုးအတွက် အမှန်တကယ်ထမ်းဆောင်ပေးမဲ့  သူတွေဖြစ်လာကြပါစေ။
(စစ်ဆင်ရေးကာလ တလျှောက် သေဆုံး ဒဏ်ရာ ရသွားသော ဒီကေဘီအေ ရဲဘော်များ အတွက် ၀မ်းနည်းလျှက်၊ နစ်နာကြေးများနှင့် ကျန်ရှိနေသည့် ဒဏ်ရာ ရ ရဲဘော်များအတွက် ဘာမှ အကူအညီ မပေးနိုင်သည်ကို တောင်းပန်လျှက်)
ဇွန်လအတွင်း ဒီကေဘီအေမှ ကေအဲန်ယူ တပ်မဟာ(၇) သို့  ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ သည့် တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှ တပ်မှူးငယ်တဦး။
နေ့ စွဲ၊ ဇွန်လ(၂၈)ရက်နေ့ 
Posted by Thaw Thi Kho at 2:45 AM 0 comments
Labels: ပြည်တွင်းအီးမေးတစ်စောင်မှလက်ခံရရှိသည်
Posted by sunshinepaung at 5:36 PM 0 comments
