CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, January 20, 2013

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား



 ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား


(မောင်သစ်ဆင်း)

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်
ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။

ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲ
မှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာ
မတွေ့တော့ဘူး။
ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ရောက်လာမယ့် ငါးခြောက်ဖုတ်ကိုစောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့
မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီးပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့
တယ်။
“ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက,ကျာင်းသားအားလုံးရဲ့ နှလုံး
သားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

“ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊,အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက,ငါး
ခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင်မစောင့်ရှောက်နိုင်ရင် နိုင်ငံကိုဘယ်လို လုံခြုံအောင်လုပ်
နိုင်တော့ မလဲ”
လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက, စံ
ကျောင်းဆရာတော်၏ဆုံးမ,မှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။
နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အ
ဖြေလွှာတွေကို စားပွဲပေါ်ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက,နီပြီးတင်းလို့။ တစ်တန်း
လုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံ
ဘဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက
ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်း
သားကို ပေးလိုက်တယ်။

“ဒါ မင့်အဖြေလား”
“ဟုတ်ပါတယ် ဆရာ”
“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”

နည်းနည်းအံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ စံကျောင်း
ဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့
အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကိုလမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာကြိုက်နှစ်သက်တဲ့ ငါး
ခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က,ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့
ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရ,ပါလျက်နှင့် သေရာ
ပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊ ဘုရားသား
တော်တို့ မည်သည် ရသ,တဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က
ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကိုဆုံးမ,ခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲ
အောင်မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်
မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရ,တဲ့အတွက် ဒီဆုံးမ,နည်းဟာ မအောင်မြင်ကြောင်း..

အဲဒီလိုတွေ ဖြေထားတာဗျ။ တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား”
“ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။”
 “ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းက,စ,၊ သူဖြေတာ မှန်သလား မှားသလား”

ပထမဆုံးအမေးခံလိုက်ရ,တဲ့ ရှေ့ဆုံးခုံက,ကျောင်းသားဟာ ရုတ်တရက်ဘာဖြေရမှန်း သိပုံမရ,ဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာဘဲ။ ဒါပေမယ့် သူ့လိုမဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လိုမဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကိုကြည့်ရင် သိသာပါတယ်။

“ဟေ့ကောင် ဖြေလေကွာ”

ရှေ့ဆုံးက,ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ ချ
လိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေ
မယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင်အငွေ့အသက်တွေက “မှားတယ်လို့ဖြေစမ်း၊ မဖြေရင်ကြိမ်
လုံး”လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

“သူဖြေတာ မှားပါတယ်”
 “ဟုတ်ပြီ၊ နောက်တစ်ယောက်”
 “မှား.. အဲ.. မှားပါတယ်”
 “နောက်တစ်ယောက်”
 “မှားပါတယ်”

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထ,ရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

“မှားပါတယ်”

အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြား
တာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်
ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။
ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါ
တယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူရှိလာတာ
တောင် ကျွန်တော်က,ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရ,တာလဲ။

မောင်သစ်ဆင်း

Friday, January 11, 2013


မည်းတစ်ကောင်

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။

ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။

ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ရတယ် ။

မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက်ဖို့စေခဲ့တယ် ။

လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။

#####################################

ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ်ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ ။

သက်တန့်ချို
Feb 8-2012
source: သက်တန့် ချို Facebook မှ