CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, December 13, 2009

ှဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

ှဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ
Tuesday, 10 November 2009 16:15 ဒေါက်တာ ဇာနည်
.အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

စဉ်းစားကြည့်လေဗျာ။ ကျုပ်တို့အားလုံးကို သွင်းထားတဲ့ အမျိုးသားရေးဇာတ်ပွဲရဲ့ ဇာတ်ညွှန်းကို ကြည့်ပါ။ ဗမာ တွေ ပေါက္ကံပြည်ကြီးမှာ ကိုယ့်မင်း ကိုယ့်ချင်း တိုင်းရင်းသား အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဥမကွဲ သိုက်မပျက်နေခဲ့ ကြတာ ရှေးပဝေသဏီ ကတည်းက၊ ကမ္ဘာတည်စကတည်းက ဆိုမယ်။ ဒီရွှေနိုင်ငံကြီးကို မိစ္ဆာကုလားဖြူတွေ ကျူးကျော် နယ်ချဲ့လို့ တိုင်းဌာနေ အစိတ်စိတ် အမွှာမွှာကွဲ၊ ပြည်သူတွေလည်း နှစ် ရာကျော် ကျွန်သဘောက် ဘ၀ ရောက်ခဲ့ရတယ်လို့ အမျိုးသားရေး ဇာတ်ထုတ်က ဆိုတယ်။

ဗမာတွေ လွတ်လပ်ရေး ရတာပဲ အနှစ် (၆၀) လောက်ရှိပြီဆိုတော့ ကျုပ်တို့တွေ သမိုင်းကို မျက်မှန်စိမ်းဖြုတ်ပြီး ကြည့်ဖို့၊ ပြန်လည်သုံးသပ်ဖို့ လိုပြီ။

ကျဉ်းမြောင်းတဲ့၊ ပြင်းထန်တဲ့ အမျိုးသားရေး သမိုင်းအမြင်ကို ဂျပန်ခေတ်က စကားနဲ့ ဆိုရင်တော့ “မျက်မှန်စိမ်း”၊ သမိုင်းလောကုတ္တရာ စကားနဲ့ ပြောရရင်တော့ “အမျိုးသားရေး မောဟ” လို့ခေါ်ရမယ်။ ကုန်းဘောင်ခေတ်နှောင်း အချုပ်တန်းဆရာဖေရဲ့ စကားငှားသုံးရင်တော့ ဗမာတွေရဲ့ “ခွ(ဂွ)ကောင်တွေခွေးဖြစ်တဲ့သမိုင်း”လို့များ ဆိုရ မလား မသိပါ။

သမိုင်းသတ္တိရှိကြပါ၊ ကျုပ်တို့ပြည်သူအားလုံးကို “ကျေးတော် ကျွန်တော်” လုပ်ခိုင်းပြီး စီးပွားရေး ကုပ်သွေးစုပ်၊ မယားမှိုလိုပေါက်အောင် ယူပြီးတော့ လောကီစည်းစိမ်ယစ်မူးခဲ့တဲ့ “ပါးစပ်က ဘုရား လက်ကကားယား” ပဒေသရာဇ်ဆိုတဲ့ လူတွေကိုကြည့်။ ယိုးဒယားကိုသိမ်း၊ ရခိုင်ကို ဖျက်ဆီး၊ မွန်တွေကို အမျိုးဖြုတ်၊ ရှမ်းတွေကို နှိပ်ကွပ်၊ ကရင်တွေကို ပေါ်တာဆွဲ ရမ်းချင်တိုင်းရမ်း အဓမ္မဇာတ်ခင်းပြီး လက်နက်နိုင်ငံတော်ကြီးတွေ ထောင်ခဲ့ တာပဲ။ အဲဒါကို ရာဇ၀င် ဆရာကြီး၊ ဆရာလေးများက လက်ခုပ်သြဘာပေး၊ ကိုယ်နဲ့ အတန်းမတူတဲ့ ဘိလပ်က အင်္ဂလိပ်တွေနဲ့ ဟဲဗီးစိတ်တန်းဝင်မြှောက်ပေးကြတော့ ကုန်းဘောင်ဆက်လဲပြုတ်။ ရွှေနန်းတော်ကြီးလည်း ထင်းဖြစ်။ မယားကြောက် သီပေါလည်း အင်္ဂလိပ်ဘွတ်ဖိနပ်စာထိ။ ဗမာတွေလည်း ကုန်းဘောင်ကျွန်ဘ၀ကနေ ၀ိတိုရိယ ကျွန်ဘ၀ အရှင်လတ်လတ် ဘ၀ကူးခဲ့ရတာပေါ့။

ကျုပ်တို့အမျိုးသားရေးသမိုင်း အမြင်မှာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆိုးဝါးအနိုင်ကျင့်တယ်ပေါ့ဗျာ။ ကိုယ့်ဘုရင် သခင်က တခြားလူမျိုးတွေကို သွားသိမ်းပိုက်အနိုင်ယူတာကျတော့ ပါးစပ်က အမြှုပ်တွေ ထတဲ့အထိ ပီတိဖြာ တယ်။ ပြောလို့ ဂုဏ်ယူလို့မဆုံးတော့ဘူး။ ကိုယ့်လူမျိုးအသုံးမကျလို့ အင်္ဂလိပ်မင်းများက သခင်ကြီးအဖြစ်လဲ ရောက်ရော မတရားဘူး ထအော်ပေါ့။ ဒါက ညစ်ပလီစိတ်ပါ။

ကျုပ်တို့ ဗမာတွေလို့ သိမ်းကျုံးပြီး ရည်ညွန်းလိုက်ပြန်တော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးလာတဲ့ ညီနောင်ရင်း လူပါးဝလှချည်လားဆိုပြီး ဆဲတာတွေ၊ ကလော်တုတ်တာတွေ လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်၊ “ဗမာ”ဆိုတာ အမျိုးသားရေးဝါဒီ ဗမာအားလုံးကို ရည်ညွန်းပါတယ်။ အရပ်သား၊ စစ်သား၊ ဘုရားသား၊ အသည်သား၊ ရုံးသား သားပေါင်းစုံကို ဆိုလိုပါတယ်။ မရှင်းမှာ စိုးလို့ပါ။

လူစင်စစ်က အမျိုးသားရေး “မျက်မှန်စိမ်း” တပ်ခံခဲ့ရ၊ တပ်ခံနေရဆဲ ကျုပ်တို့ရဲ့ဘ၀ကို မချိလို့ပါ။ ဒီညစ်ပလီ အမျိုးသားရေးသမိုင်းကို မိရိုးဖလာ အလား၊ ကိုယ်ပိုင် ဆင်ခြင်တုံတရား မသုံးဘဲ လက်ဆင့်ကမ်း လာလိုက်တာ (၁၉၄၈) က စပါတယ်။ ဒါကြောင့် မျိုးဆက် (၃) ဆက်လောက်တော့ ရှိပါပြီ။ လက်ရှိသမိုင်း သင်ရိုးညွန်တမ်းတွေ ဆိုတာကလဲ အဲဒီ သမိုင်းမျိုးအပေါ်မှာပဲ အခြေစိုက်ထားတာမျိုး ဖြစ်ပါတယ်။

ကောင်းတာမှန်သမျှ အမျိုးသားယဉ်ကျေးမှုရဲ့ အမွေအနှစ်အဖြစ် ပြောမယ်။ မကောင်းတာ၊ ပျက်တာ၊ ဖောက်ပြန် တာ မှန်သမျှ ဗြိတိသျှ သခင်ကြီးများ လက်ကျန် ကိုလိုနီအမွေအနှစ်တွေပါဆိုပြီး တာဝန်ကို ရှန်တိန်လုပ်ထားတဲ့ သမိုင်းပဲ။ မိရိုးဖလာ အမျိုးသားရေးဝါဒီတွေရဲ့ သမိုင်းအမြင်တွေထဲမှာ မှန်တာတွေကတစိတ်လေးလောက်တော့ ပါမှာပေါ့လေ။ ဒါပေမယ့် သုံးသပ်ချက်အမှား၊ သမိုင်းကောက်ချက်အမှားနဲ့ ထိန်ချန်မှုတွေကလည်း တပုံတပင်ပါ။

ကိုယ့်မင်း ကိုယ့်ချင်း ဘ၀ကတည်းက ကျုပ်တို့ဟာ ကျွန်သာသာ ဘ၀မှာ နေခဲ့ရတယ်။ မျက်နှာဖြူ သခင်ကြီးများ လက်အောက်ရောက်တော့လည်း ဒုံရင်း ဒုံရင်းပါပဲ။ ဒီ ပြည်သူအများစုရဲ့ သူမသာ ကိုယ်မသာ ဘ၀ကို ထိန်ချန် ရေးတဲ့ အမျိုးသားဝါဒီ သမိုင်းရာဇ၀င် က၀ိကြီးများက ကျုပ်တို့ရဲ့အတိတ်ဆိုး၊ အတိတ်ပုပ်တွေကို မျှော့ကြိုးလို သဘောထားပြီး ကိုယ်လိုရာ ဆွဲတွေး၊ ဆွဲရေးခဲ့ကြ၊ ရေးနေဆဲဖြစ်တယ်။

ဒါကြောင့် ပြည်သူတွေခမျာလဲ အစဉ်အလာအမျိုးသားရေး၊ လူမျိုးရေး သမိုင်းအမြင်ထဲမှာပဲ တ၀ဲလည်လည်ပေါ့ ဗျာ။ ဖွတ်ကို မိကျောင်းမှတ်၊ မမြင်ဘူး မူးမြစ်ထင်ဆိုသလို ကိုယ့်ကိုယ်ကို သနားလိုက် ဘ၀င်မြင့်လိုက်နဲ့ သံသရာ လည်နေတဲ့ သမိုင်းရေဆွေးထဲပဲ ပိတ်ဆို့ ပေါလောမျောနေတာကိုး။

ဘုရားဆုပန် သာသနာပြု ဆင်ဖြူ နွားဖြူများရှင် မင်းတြားကြီးများရဲ့ လက်ထက်က ပြည်သူတွေရဲ့ လူမူစီးပွား ဘ၀ကို မျက်မှန်စိမ်းချွတ်ပြီး ပြန်ကြည့်ရအောင်။ ပါးစပ်ကတော့ ဘုရား ဘုရားနဲ့၊ ပြည်သူကို ကျောသားရင်သား မခွဲခြားဘဲ မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ပါတယ် ဆိုတဲ့ ဧကရာဇ်တွေဟာ တကယ့်လက်တွေ့မှာ တိုင်း သူပြည်သားတွေကို ဘယ်လိုများ အုပ်ချုပ်ခဲ့ပါသလဲ။ တိရစ္ဆာန်တွေနဲ့ မခြား ကြီးနိုင်ငယ်ညှဉ်း သမားတွေပဲ။ ထီးဖြူ ကိုဆောင်း၊ ပလ္လင်ပေါ် တင်ပျဉ်ခွေထိုင်၊ ဘောင်းတော်စီးပြီး ဘုရားထူးခံတာက လွဲလို့ အဟိတ်သတ္တ၀ါများနဲ့ သိပ် မကွာလှပါဘူး။

ကုလားပြည်နဲ့ သိပ်မကွာတဲ့ လူတန်းစား ဇာတ်ခွဲခြားမူ လွှမ်းမိုးတဲ့ လူမှုဘ၀ကို ကြီးကြပ်စီမံခဲ့သူတွေပါ။ အ၀တ်အစား အရောင်၊ ခေါင်းပေါင်း ပုဝါ ကစပြီး အိမ်တောင် ဆိုဒ်စုံ ပြဌာန်းချက်တွေ များစွာနဲ့ မလွတ်လပ်တဲ့ ကျွန်လူနေမှုစနစ်ကြီးပါ။ ကျုပ်တို့တွေ ကိုယ့်မင်းကိုယ်ချင်းဘ၀က ဘ၀ရှင်မင်းတြားကြီးဆိုသူများဟာ ဘုရားကြီး တွေတည်၊ နန်းတော်ကြီးတွေ တခုခုပြီးတခုဆောက်၊ သူတို့နန်းဆက်တည်မြဲရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ။ ကျုပ်တို့ရဲ့ သမိုင်းအစဉ်အလာ အစစ်ကို မယုံရင် ဗဒုံ (ခေါ်) ဘိုးတော်ဧကရာဇ် ဘုရားတည် “ဘုရားကြီး” ကို သွားကြည့်ကြပါ။ ပြည်သူတွေ စားစရာမရှိ၊ ငတ်မွတ်ခေါင်းပါးတဲ့ ဘ၀မှာ ဘိုးတော်ဘုရင်က ပြည်သူသွေးချွေးနဲ့ ရင်းလို့ရလာတဲ့ ဥစ္စာနဲ့ ပြည်သူလုပ်အားကို အဓမ္မသုံးပြီး ဘုရားတည်ခဲ့တာပါ။

ဘိုးတော်ဘုရား တယောက်တည်း ဒီလိုကျင့်ကြံခဲ့တာ မဟုတ်ပါဘူး၊ ပဒေသရာဇ်ခေတ်ကတည်းက ကျုပ်တို့ ဗမာ အားလုံး အခက်ကြုံခဲ့တာတွေ အခုခေတ်မှာလည်း ဂယက်ရိုက်တုန်းပါပဲလား။ ကျုပ်တို့ ဘိုးဘွားဘီဘင်တွေ လက် ထက် ခေတ်အဆက်ဆက်က နိမ့်ကျတဲ့ ဒုတိယတန်းစား လူ့အလွှာအဆင့်မှာ ဆက်ဆံခံခဲ့ရတယ်။ နဖူးကချွေး ခြေမကျမှ ရတဲ့ ဆန်စပါး ကောက်ပဲသီးနှံတွေကို အခွန်ကောက်၊ အမြတ်ထုတ်၊ လက်ဝါးကြီးအုပ် သိမ်းပြီး အုပ်ချုပ်သူနဲ့ မင်းမြှောင်များ မြို့ကြီးသား လူ့ယဉ်ကျေးဆိုသူများက စားတော်ခေါ်ကြ၊ နိုင်ငံထူထောင်ကြတာ ဖြစ်ပါတယ်။

ဗမာအုပ်ချုပ်သူ၊ ရှမ်းအုပ်ချုပ်သူ၊ ရခိုင်အုပ်ချုပ်သူ၊ မွန်အုပ်ချုပ်သူ အစရှိသဖြင့် လူမျိုးတွေ၊ လူတန်းစားတွေ၊ ခေတ်တွေ ပြောင်းသွားပေမယ့် အကျင့်အကြံ အပြုအမူတွေကတော့ သူမသာ ကိုယ်မသာတွေပါ။ သက်ဆိုင်ရာ လူထုကြီးတွေကို ဂုံးပိုးစီးပြီး နိဗ္ဗာန်ကို ဖြတ်လမ်းက ရောက်ချင်သူတွေပါ။

ဒီလို ညစ်ပလီသမိုင်းဆိုးတွေနဲ့ ပတ်သက်လာရင် ကျုပ်တို့ရဲ့ခြံပေါက်အမျိုးသားရေး ၀ါဒီများအပေါ် သမိုင်းက၀ိကြီး တွေက သတ္တိရှိရှိ ပညာရှင် ကျင့်ဝတ်မသုံးဘဲ အမှန်ကို အမှန်အတိုင်း ဓမ္ဗဓိဌာန်ကျကျ မရေးကြတဲ့အပြင် ၎င်းတို့ ကိုယ်တိုင်က မျက်မှန်စိမ်းကြီးတွေ ဆိုဒ်စုံတပ်ပြီး ကလောင်သွေးခဲ့ကြတာ နှစ်တရာကျော်တောင် ရှိလာပြီပဲ။ ခေတ်မီဗမာ့အမျိုးသားရေးစိတ်ဓာတ်များ စတင်သန္ဓေတည်ခဲ့တယ်လို့ဆိုကြတဲ့ (၂၀) ရာစုဆန်းကစပြီး ကျုပ်တို့ ခြံပေါက် ရာဇ၀င်ဆရာကြီးများ ဖန်တီးခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြရအောင်။

ဦးမေအောင် နဲ့ အဘိဓာန်ဆရာကြီး ဒေါက်တာ ဘဟန်က အစ သွေးအိုင်ထဲမှ မြန်မာ့ဒေါင်း အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး သမိုင်း (၁၇၅၃ - ၁၉၄၈) ရေးသူ ကမ္ဘာကျော် မြန်မာပုံပြောဆရာကြီး ဒေါက်တာထင်အောင် အလယ်၊ မြန်မာအမျိုးသား လှုပ်ရှားမှုသမိုင်း(၁၉၄၀ - ၄၈) ရေးသူ ဗိုလ်မှူးချုပ် မောင်မောင်(ကွယ်လွန်) နဲ့ နောက် ဆုံး ခြေရာပျောက်များကို ရှာကြည့်ခြင်း ပုဂ္ဂလိက သမိုင်းရှာပုံတော် ရေးသူ ဒေါက်တာ သန့်မြင့်ဦး အထိ အားလုံး သော က၀ိကြီးများက ဗမာနိုင်ငံတော်ကြီးကို ဗဟိုပြုတင်ဆက်ထားတဲ့ အုပ်စိုးသူဗမာရေပေါ်ဆီတွေရဲ့သမိုင်းကို မသာ ပေါင်ဒါဖို့တာမျိုး ရေးသားကြတာပါ။

ဒီ ညစ်ပလီ အမျိုးသားရေး သမိုင်းအရဆိုရင် တိုင်းပြု ပြည်ပြု ဗမာမျိုးချစ်ကြီးများ လုပ်ဖို့ဆိုတာကတော့ ပြည်မနဲ့ လူမျိုးစုပြည်နယ်များ ပေါင်းစည်းရေးက အဓိကပေါ့ဗျာ။ ဒီမိုကရေစီနည်းနဲ့ပဲခေါ်ရခေါ်ရ၊ သေနတ်အားကိုးနဲ့ နဖား ကြိုးဆွဲခေါ်ရခေါ်ရဆိုတာမျိုးပါ။ ဒါကတော့ လုပ်ပုံလုပ်နည်းမှာ လူလိမ္မာနဲ့ လူမိုက် ကွဲခြားမှုလောက်ပါပဲ။ ရည်ရွယ် ချက်ကတော့ ဗမာကို အလယ်မှာထားပြီး လူနည်းစုလူမျိုးစုတွေက အစွန်အဖျားကနေရမယ့် ဗမာဗဟိုပြု ပြည် ထောင်စုကြီး ထူထောင်ဖို့ပါ။

တကယ်တော့ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့သမိုင်းဟာလဲ သြဇာအာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဗမာလူမျိုး မြို့နေလူတန်းစား ယောက်ျားရေပေါ်ဆီတွေရဲ့သမိုင်းပါ။

ကျုပ်တို့နိုင်ငံ ကိုလိုနီခေတ်မတိုင်မီက ညစ်ပလီ အတိတ်ဘ၀ကို ကိုယ့်အမျိုးလို့ဆိုပြီး သာသာထိုးထိုး ရေးခဲ့တဲ့ မျက်မှန်စိမ်း သမိုင်း အဖြစ်ကိုရော၊ လွတ်လပ်ရေးရပြီးခေတ် အမျိုးသားစိတ်မွှန်ပြီး လုပ်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်များ ကိုပါ သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုပါတယ်။

၁၉၄၈ လွတ်လပ်ရေး လွန်ကာလမှာ ကိုယ့်မင်းကိုယ်ချင်းဆိုပြီး နိုင်ငံတော်ထူထောင်ရေး အမျိုးသားသမိုင်း က တကယ်တော့ ဖ ဆ ပ လ နိုင်ငံရေးသမားကြီးများနဲ့ နောက်ပိုင်းကာလ တပ်ထဲက ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်လတ်များက ဗမာဇာတိမာန် ဇာတိသွေးကြွပြီး အားနည်းတဲ့ လူမျိုးစုဝင်တွေကို ပြည်တွင်းဖြစ် ကိုလိုနီ လက်သစ်စနစ်နဲ့ အုပ်ချုပ်ဖို့၊ ဗိုလ်ကျဖို့ လုပ်တဲ့ ခေတ်သစ်ညစ်ပလီ သမိုင်းသာဖြစ်ပါတယ်။ အမျိုးသားဝါဒီ ဗမာနိုင်ငံရေးသမား၊ တပ်မတော်အရာရှိကြီးများ၊ ရေပေါ်ဆီ ပညာတတ်ကြီးများအပါအ၀င် အထူးသဖြင့်တော့ ငါးတောင်ဝတ် နိုင်ငံမျက်နှာဖုံး ဂုဏ်သရေမရှိ လူကြီးများက ကျန်တဲ့ ဗမာလူထုလူတန်းစားများနဲ့ လူမျိုးစုငယ်များ အပါအ၀င် ကုမ္မာရီမိန်းမ လူကြီးအားလုံးထက် ငါတို့ ငါးတောင်ဝတ် ဗမာအမျိုးသားရေးဝါဒီများက တမူးသာတယ် ဆိုတဲ့ အဓမ္မ အမြင်နဲ့ ရေးခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းပဲ ဖြစ်ပါတယ်။

၁၉၉၄ ဆောင်းရာသီအ၀င်လောက်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ယခင်တော်လှန်ရေး ကောင်စီဝင် တဦးဖြစ်ခဲ့ပြီး ဗမာ့သေနတ်ကိုင် တပ်ရင်း(၃) ရဲ့ တပ်မှူးကြီး ဗိုလ်မှူးကြီး ချစ်မြိုင်(အငြိမ်းစား)ကို ကျုပ် အင်တာဗျူး လုပ်ခဲ့တာ အလျင်းသင့်လို့ တင်ပြပါရစေ။

ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီးဟောင်း နဲ့ တော်လှန်ရေးကောင်စီဝင် ဟောင်း)နဲ့ အတူ သံမဏိအဖွဲ့မှာ ပါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာပါခဲ့သူ လူလေးစားခံခဲ့ရတဲ့ တပ်မတော် ခေါင်း ဆောင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

သူကတော့ ရိုးရိုးဖြောင့်ဖြောင့် သတ္တိရှိတဲ့ စစ်သားဟောင်းကြီးမို့လားတော့ မပြောတတ်ဘူး။ ကျုပ်တို့ ဗမာအမျိုး သားရေးဝါဒီ ခေါင်းဆောင်ကြီးတွေ တခြားလူမျိုးစုတွေကို ဘယ်လိုဖြစ်လို့ လုပ်တယ်ဆိုတာ ဘွင်းဘွင်းပဲ ပြော သွားခဲ့တာက ဒီလိုပါ။

၁၉၅၀ အစောပိုင်းကတည်းက ဗထူးတပ်မြို့ကွဲပြီး ရှမ်းပြည်မှာ သွားတည်တာ ရိုးရိုး သားသားမှ မဟုတ်ဘဲ၊ ရှမ်းတွေ ၁၉၅၈ ရောက်ရင် ခွဲထွက်မှာကို ဗျူဟာအရ ဟန့်တားဖို့နဲ့ စစ်ရေး အရ ခြေခွင်းဖို့ ဗထူးမြို့ကို စစ်အခြေခံ စခန်းအနေနဲ့ ဆောက်ပြီး စစ်ရေးပြင်ဆင်တာပါ။ DSA စစ်တက္ကသိုလ်ကြီးရဲ့မွေးဖွားရာလို့ဆိုရင်လည်း မမှားပါဘူး။

ဖ ဆ ပ လ ခေတ်နိုင်ငံရေး ခေါင်းဆောင်များကလည်း ဗိုလ်နေ၀င်းတို့ ဗိုလ်မောင်မောင်တို့နဲ့ နှစ်ပေါက်တပေါက် ရိုက်ပြီး ဒီစစ်ရေးပြင်ဆင်မှုတွေကို မသိကျိုးကျွန်ပြုပြီး နေခဲ့ကြတာပါ။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းက ဗမာတွေကို ကိုယ်စားပြုပြီး အသိအမှတ်ပြု လက်မှတ်ထိုး လက်ခံခဲ့တဲ့ ပင်လုံစာချုပ်ကြီးကို အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမထားဘူးဆိုတဲ့ သဘောရောက်ပါ တယ်။ ဒါကတော့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာအမျိုးသားရေး စစ်ဝါဒီတွေ ညစ်ပလီ ညစ်ပလစ်လုပ်ခဲ့ ကြတဲ့ သမိုင်းပုပ်ကို ပြန်လည်သုံးသပ်ခြင်းပါ။

ကျုပ်တို့ ဗမာအမျိုးသားရေး စစ်ဝါဒီ နိုင်ငံရေးသမားတွေနဲ့ ဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းရင်းသားလူမျိုးစုတွေက တခါသေဖူးလို့ ပျဉ်းဖိုး သိနေပြီး မယုံကြတာ ဘယ်သူ့အပြစ်ပါလဲ။

အခုလဲ အပစ်အခတ် ရပ်စဲရေးသဘောတူညီမူတွေကို ယောက်ျားရင့်မာကြီးတွေလုပ်ပြီး ခုတမျိုး တော်ကြာတမျိုး မှောက်ချီလှန်ချီ လုပ်နေကြတော့ “ငြိမ်း” အဖွဲ့တွေခဗျာ အရူးမ လင်လုပ်တဲ့ဘ၀ကို ရောက်မှန်း မသိရောက်နေ တော့တာပေါ့။ မင်းတို့ဗမာတွေ “ညစ်ပလီ”တွေဆိုပြီး ပြောရင်လဲ ခေါင်မိုးက မလုံတော့ ရှက်ရှက်နဲ့ပဲ ခေါင်းငုံ့ခံရ မှာပါ။ ကိုယ့်လူတွေကမှ မရိုးသားကြတာကိုး။

အဲဒီ ၁၉၄၇ ခု ဖွား ဖွဲ့စည်းပုံအခြေခံဥပဒေကို အားမနာတမ်း ဝေဖန်ရရင်တော့ ဖက်ဒရယ် (သို့) ပြည်ထောင်စု ဆိုတာ နာမည်ခံပါ။ တကယ်ကြတော့ ဗမာအမျိုးသားရေးဝါဒီ နောင်တော်ကြီးများက လူမျိုးစုဝင် ညီငယ်တွေကို ဆရာလုပ် ဗိုလ်ကျ လူပါးဝဖို့ကို ဥပဒေနဲ့ညီတဲ့အသွင် ဆောင်အောင်လုပ်ထားတဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။ ရန်ကုန်က ၀တ်လုံတော်ရ ဦးရဲထွန်း ဖခင်ကြီး ဖြစ်ပြီး လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တရား သူကြီးချုပ် ကွန်လွန်သူ ဦးချန်ထွန်း ပွင့်ပွင့်လင်းလင်း သုံးသပ်သွားတဲ့ ဥပဒေအမြင်ပါ။ ကျုပ် လံကြုတ်လုပ်ပြီး ပြောတာ မဟုတ်ပါဘူး။ ထားတော့ တခြား ဗမာမဟုတ်ဘဲ တိုင်းရင်းသားတွေဘက် လှည့်ကြရအောင်။

ဗမာတွေ လူမျိုးကြီး သမိုင်းကို မျက်မှန်စိမ်း ကပ်ကြည့်ပြီး ပြည်ထောင်စုကြီးကို မောင်ပိုင်စီးဖို့ လုပ်ပြီဆိုတော့ လူမျိုးစု အသီးသီကလည်း အားကျမခံ ဘူးပေါ့ဗျာ။ သူတို့တွေလည်း မျက်မှန်ဝါ ၊ စိမ်း၊ နီ၊ ပြာ ဆိုဒ်စုံတပ် ကိုယ့် လူမျိုးစုသမိုင်းကို ဇောင်းပေးရေး ဒါနဲ့ပဲ လူမျိုးရေး ပေါင်းစုံ ရောင်စုံမျက်မှန်တပ်ပွဲကြီး ကျင်းပခဲ့တာ လွတ်လပ်ရေး ရပြီးကတည်းက ခုဆို နှစ် (၆၀) ကျော်လာခဲ့ပြီ။

ခွေးသေ၊ ၀က်သေ သေတဲ့သူ၊ အသတ်ခံရတဲ့သူ၊ မုဒိန်းကျင့်ခံရတဲ့သူ၊ ကွဲတဲ့သူ၊ ပြဲတဲ့သူ၊ ဘ၀ပျက်တဲ့သူ များလွန်းလို့ အသုဘ စာရင်းကိုင်တွေတောင် မျက်ဖြူစိုက်နေတဲ့ ကျုပ်တို့နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်း။
လူမျိုးရေး ဇာတိသွေး၊ ဇာတိမာန်ဆိုတာ တန်ဆေး လွန်ဘေးပေါ့ဗျာ။ ဒီ လူမျိုးရေး စစ်ရေးသွေးကြွတာတွေ များလာတော့ ကျုပ်တို့အားလုံး ဘုရားဆုပန်ဆိုတဲ့ဘ၀ကနေ အမြီးပေါက်ပြီး တရားပျောက်တဲ့ဘ၀။ လူထုက စားဝတ်နေရေး ရုန်းကန်ရလို့ ကျောင်းပညာနဲ့ ဗဟုသုတ ကောင်းကောင်း မရှိနိုင်တဲ့ ဘ၀။

ပါရဂူဘွဲ့ရ က၀ိကြီးများ ကိုယ်တိုင်က မျက်မှန်အရောင်စုံတပ်ပြီး ရခိုင်ပြည်သည် ရခိုင်များအတွက်ဆိုပြီး သွေး စကားတွေ ပြောပြီး ခေတ်နောက်ပြန်စွဲ ညစ်ပလီသမိုင်းထဲမှဘဲ ယက်ကန်ယက်ကန် ပေါလောပေါလာ အဆင့် ကနေ တက်မလာကြတာကို ၀မ်းနည်းစွာ မြင်ရ ကြားရ ဖတ်ရပါတယ်။ ဥပမာ ပြရရင် ဧရာဝတီမှာ ပါသွားတဲ့ ဒေါက်တာ အေးကျော် ရဲ့ အင်တာဗျူး။ ကေအန်ယူ ခေါ် ကရင်အမျိုးသားအဖွဲ့ကြီးရဲ့ သင်ရိုးတွေမှာလည်း ဗမာတွေကို ကလော်တုတ်အောင် ဇောင်းပေးရေးထားတာ အားလုံးက သိကြပါတယ်။ ဒီလူမျိုးရေး အခြေခံ သွေးစော်နံတဲ့ သမိုင်းအမြင်နဲ့ လူမူနိုင်ငံရေး သဘောထား အကျင့်အကြံတွေဟာ ကျူပ်တို့ မဟာ ဗမာတွေနဲ့ “မဟာလူနည်းစု” ၀င်တွေကြားက ပြဿနာတင် မဟုတ်ပါဘူး။

ဗမာတွေကို မဟာဗမာတွေ ဆိုပြီး ကလော်တုတ်ပြီး ဆန့်ကျင်နေတဲ့ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ မဟာလူနည်းစုဝင် များက ၄င်းတို့ထဲမှာ ကြားညပ်နေတဲ့ လူမျိုးစု အငယ် ဘုစု ခရု မှန်သမျှကို မဟာလူနည်းစု ၀ါဒကိုင်စွဲပြီး ညစ် ကျယ်ကျယ်လုပ်ပြ ဗိုလ်ကျ လုပ်တာ မမြင်ချင် မကြားချင်လို့ မရတဲ့ အနေအထား၊ သွေးကိုပဲ အခြေခံခံ၊ ဒေသ အရ အသံထွက် ကွဲပြားတာကိုပဲ ကြည့်ကြည့် ကိုးကွယ်တဲ့ဘုရားမတူတာဘဲ အဓိကထားထား ကျုပ်တို့အားလုံး တမျိုးနဲ့ တမျိုး တဖွဲ့နဲ့ တဖွဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေမိပြီး ညစ်ပလစ်၊ ညစ်ပလီ နိုင်ငံရေး လုပ်နေကျ တာပဲဗျာ။

ရှည်ရှည်ဝေးဝေး မကြည့်ပါနဲ့၊ ရခိုင်က မဟာမေဒင် ကုလားတွေကို နှိပ်ကွပ်ဖို့ ကြံ၊ ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကြီးက အစဉ်အလာအရ ခရစ်ယာန်တွေရဲ့ KNU အဖွဲ့ဝင်တွေကို မေတ္တာရှေ့ထားပြီး လိုက်သတ်၊ ဂျိန်းဖောတွေ က လီဆူးတွေကို ဗိုလ်ကျ၊ ဒါတွေပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော သုံးထောင် ဆိုတာလိုမျိုး။

လက်ရှိ စစ်ပါတီများ ချယ်လှယ်တဲ့ န အ ဖ အစိုးရ ကြည့်ပြန်တော့ ဒီလောက်ကြီးတဲ့ “သွေး” ပြဿနာထုကြီးကို ပေါ့သေးသေး နိုင်ငံရေး သူငယ်နာရယ်လိုများ သဘောထားသလား မသိပါဘူး။ လူမျိုးရေးကိစ္စကို “နယ်ခြားစောင့် တပ်”ရဲ့ စစ်သားစုဆောင်းရေးပြဿနာ သဘောလောက်ပဲ ဒီမောင်တွေ သဘောထားပုံရတယ်။

NLD က ဒီမိုကရေစီ ထုတ်ဆေး မန်းဆေးနဲ့ လူမျိုးရေးကို ကိုင်မယ်၊ ကုမယ်။ န အ ဖ စစ်ပါတီကြီးများက M.1 M.2 M.3 ခေါ် မောင်းပြန် ဆေးကြိမ်လုံးတွေနဲ့ လူမျိုးရေး အမင်းထုတ်မဲ့ ဟန်။ ဒါကတော့ တိုင်းပြည်ကြမ္မာကို သုံးသပ်ကြည့်တာပါ။ ဖြစ်နေတာက နာတာရှည် ကင်ဆာ၊ ကုမဲ့သူတွေက စစ် ဆရာ ကြီး တွေ။ လူမျိုးစု၊ လူမျိုးကြီး ပြဿနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ၀ါဒရေးရာပြဿနာပဲ ဆိုပြီး ကန့်ကြည့်လို့ မရပါဘူး။

ဒီ အပေါ်ယံ သွေး စကားပြောတာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မယ်ဆိုရင် လူ့အလွှာတွေ၊ လူမျိုးအစုတွေ ထဲမှာ အနိုင်ကျင့်မူ၊ စီးပွားရေး ကုပ်သွေးစုတ်မူတွေ အဖုံဖုံတွေ့ရမှာပါ။

“ကမ္ဘာမကြေ”ဆိုတဲ့ အသံကြားလိုက်တာနဲ့ ဗမာတွေ အားလုံး ရုပ်ရှင်ရုံထဲ မတ်တပ်ထရပ် လောက်အောင် ခေါက် ရိုးကျိုးတဲ့ အထိ အမျိုးသားရေး မျက်မှန်ရောင်စုံတပ်ခံထားရတော့ ဗမာအချင်းချင်း၊ ရှမ်းအချင်းချင်း၊ ကရင် နဲ့ ကချင် အချင်းချင်း ဒါမှမဟုတ် ကျုပ်တို့တမြေတည်းနေ တပြည်ထောင်စုသားတွေ မုဒိတာ ပွားကြမယ်လို့ ထင်ပါ သလား။ သတိမျက်မှန်လေးကပ်ပြီး ကြည့်လိုက်ပါ။ ဟင်္သာကိုးသောင်း ဇာတ်တူသားစား ဇာတ်ခင်းနေတာ မမြင် ချင် အဆုံး။

ရခိုင်ကမ်းလွန်နဲ့ ကန်းခြေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူး၊ ရေနက်သင်္ဘောဆိပ်တွေ ဆောက်တာ ဘယ်သူ့အမိန့် နဲ့ ဘယ်သူ့အကျိုးအတွက်လဲ။ မွန်တွေရဲ့ဒေသ မုတ္တမ ပင်လယ် ကွေ့မှာ သဘာဝဓာတ်ငွေ့တူးပြီး ရလာတဲ့ ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူ့ အတွက်လဲ၊ ကရင်တွေရဲ့ ကော်သူလေးပြည်မှာ ကျွန်းနဲ့ တခြား သစ် မာတွေ ခုတ်ရောင်းတာ ဘယ်သူတွေ အမြတ်ရသလဲ။ ဒေသခံ ပြည်သူတွေလား။ ကြေးနီ၊ ကြေးဝါ၊ သံနဲ့ ယူရေ နီယမ် ထွက်တာ တူးတာက ရှမ်း၊ ကချင်၊ ကရင်နီဒေသတွေများတယ်။ ဒါတွေထုတ်ရောင်းတော့ အဲဒီနယ်တွေက ပြည်သူတွေ ဘာတွေများ အကျိုးအမြတ်ရပါသလဲ။ ဒီအမြတ်တွေ၊ သယံဇာတတွေ ဘယ်နားရောက်သွားသလဲ။ လို့ မေးကြည့်ပါဦး။

ကျုပ်တို့ နိုင်ငံမှာ လူသန်း ၅၀ ကျော်ရှိတာ ဘယ်လူတန်းစားက ဆန်စပါး၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ် ပေးပြီး အဲဒီ လူတန်းစားရော စားဝတ်နေရေး ရုံးကန်ရတဲ့ဘ၀ကလွတ်ဖို့ အနေအထား ရှိပါသလား။ တံငါသည် တွေ၊ တောင်သူလယ်သမားတွေ ထမင်းရည်ကို ပုလင်းနဲ့ ၀ယ်သောက်ရတယ်လို့ ကြားဖူးပါတယ်။ မြန်မာပြည်ကြီး ရဲ့ ပါမစ်အခြေခံတဲ့ စီးပွားရေးစနစ်ပျက်ကြီးကို ကြိုးကိုင်ပြီး ပထွေးသေလို့ အမွေရတဲ့ ကုန်စုံဆိုင်ကြီးလို လက်ဝါး ကြီးအုပ် အမြတ်ထုတ်နေတာ ဘယ်သူတွေလဲ။ ဘယ်လူတန်းစား ပါလဲ၊ တို့ တိုင်းဌာနေလို့ ဆိုတဲ့ ရွှေဝါပြည် ကြီး မှာ တို့တာဝန်ကြီး သုံးပါးဆိုတာ ဘယ်ခေါင်းဆောင်ကြီးရဲ့ ရွှေဉာဏ်တော်စူး ရောက်မှုပါလဲ။

ဒီမေးခွန်းတွေကို မေးဖို့၊ ဖြေနိုင်ဖို့ ပါရဂူဘွဲ့လည်း မလိုဘူး။ ရေပေါ်ဆီ နိုင်ငံရေးသမား၊ တိုင်းပြုပြည်ပြု သမားတွေ ဖြစ်ဖို့လည်း မလိုပါဘူး။ ဘယ်ဆုရမှ ဘွဲ့ ရမှ အဖြေမှန် ထွက်နိုင်တာလဲ မဟုတ်ပါဘူး။ ဓမ္မာစရိယလည်း အောင်စရာ မလိုပါဘူး။

သာမန်ပြည်သူ အခြေခံလူတန်းစားကအစ ရွှေကိုင်းမျက်မှန်နဲ့ ခါတော်မီ ကိုယ်တော်လေးတွေ အဆုံး ဖြေနိုင်တဲ့ နိုင်ငံရေးပဟေဠိ တွေပါ။

ဗမာတွေ အပါအ၀င် တိုင်းရင်းသား လူမျိုးစု အားလုံးပါ အသည်းနာဖို့ ကောင်းတာက လွတ်လပ်ရေးရတာ နှစ် (၆၀) ကျော်ပါပြီ။ မျက်မှောက် တို့တိုင်းဌာနီကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လူမျိုးရေး အနေအထားတွေ ဟာ ကိုလိုနီ နှစ်ထပ်ကွမ်း အနေအထားပါ။

လူမျိုးစုတွေဘက်က ကြည့်ရင် မျက်မှောက်မြန်မာပြည်ကြီးဟာ မဟာဗမာ စစ်ဝါဒီ တွေရဲ့ လူမျိုးရေး ဗိုလ်ကျမူ၊ စီးပွားရေး ကုပ်သွေးစုတ်မူနဲ့ နယ်ချဲ့သိမ်းပိုက်မူ ဘ၀မှာ နေရတယ်လို့ ပြောလာရင် မှန်တယ်လို့ပဲ ၀န်ခံရမှာပါ။

မျက်မှောက် တို့တိုင်းဌာနီကြီးက သူတို့ အတွက်တော့“လူမျိုးရေး ကိုလိုနီစနစ်”ပါပဲ။ ဗမာအရပ်သား ပြည်သူတွေ (စီးပွားရေးသမား၊ ပညာရှင်၊ အနုပညာသမား၊ လက်လုပ်လက်စားနဲ့ တောင်သူလယ်သမား၊ စက်ရုံ အလုပ်သမား၊ ပြည်သူ့ဝန်ထမ်းတွေအပါအ၀င် ဘုန်းတော်ကြီး၊ သီလရှင်တွေ အားလုံး) ဘက်က ကြည့်ပြန်တော့ သေနတ် အားကိုး နသားပါးရ အုပ်ချုပ်တဲ့ ပြည်တွင်းဖျက် ကိုလိုနီ ယန္တရားထဲမှာ ပြားနေအောင် ၀ပ်နေရတဲ့ “စစ်ကိုလိုနီ”စနစ်။

ဒါကြောင့် တို့တိုင်းဌာနေကြီးကို “ကိုလိုနီ နှစ်ထပ်ကွမ်း” လို့ တင်စားလိုက်တာပါ။ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ ဆိုပြီး လူကြားကောင်းအောင် အော်ပြီး ၂၀၁၀ ရွှေးချယ်ပွဲကနေ ဒီ ပြည်ဖျက် “ကိုလိုနီနှစ်ထပ်ကွမ်း” ကို စင်တင်မှာ ဖြစ်ပါတယ်။

အချုပ်တန်းဆရာဖေများ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် “ညစ်ပလီ”များပေပဲ ဆိုပြီး ကလောင်နဲ့ တွယ်လိုက်ဦး မယ် ထင်ပါတယ်။

ပညာရှင် တယောက်အနေနဲ့ရော ဗမာတယောက်အနေနဲ့ပါ အော့နှလုံးနာမိတာကတော့ အရပ်သား ပညာရှင် က၀ိကြီးများက ကျုပ်တို့ လူမျိုးချင်းချင်း ကိုလိုနီစနစ်မှာ အုပ်ချုပ်မယ့် စစ်ဝါဒီဝင်တွေကို မျိုးချစ်ကြီးများရယ်လို့ သတ်မှတ်ပြီး ရေးကြ၊ သုံးသပ်ကြ၊ ဟောပြောကြနဲ့ ပညာရှင် သိက္ခာမစောင့် လုပ်နေကြတာပါပဲ။

အဲဒီ က၀ိကြီးတွေ နိုင်ငံရေး ဗေဒင်ဆရာတွေ ရေး၊ ပြော၊ ဟောတာတွေက စစ်ဝါဒီ တွေရဲ့လက်အောက်မှာ နင်းပြားကျွန်နှစ်ထပ်ကွမ်း ပြည်သူလူထု တိုင်းရင်းသားအစုအားလုံးကို စော်ကားမော်ကား လုပ်တာပါပဲ။
လူလူချင်း လူပါးဝပြီး သွေးစုတ်ကြ၊ အနိုင်ကျင့် ကြနဲ့ စခဲ့တဲ့ ပဒေသရာဇ် စနစ်ဆိုးတွေရဲ့ ကြားက ဖြတ်သန်းလာ ခဲ့တဲ့ မြန်မာလက်နက်နိုင်ငံကြီးတွေကို ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်အသွင် လံကြုတ် လုပ်ကြံရေးထားတဲ့ မုသာဝါဒ အမျိုးသားသမိုင်းကို ကျုပ်တို့ ဇီဝိန်ဖြုတ်ဖို့ လိုပြီ။

“နိုင်ငံတော်သည် အမိ၊ နိုင်ငံတော်သည် အဖ” ဆိုတဲ့ နိုင်ငံတော်ဝါဒီ များ၊ မကျက်တကျက် အမျိုးသားဝါဒီ ပညာတတ်လူတန်းစားများ က၀ိကြီးများ က ကျုပ်တို့ လူထုကြီးကို ဆက်ပြီး သမိုင်းမျက်မှန်စိမ်းတပ်ပေးပြီး မြက်ကျွေးတာကို အဓိက ပြဿနာကြီး တရပ်အနေနဲ့ ရှုမြင်ဖို့ လိုပါတယ်။

ကျုပ်တို့ ပြည်သူတွေ၊ လူမျိုးစုတွေဟာ ဒီ“သွေး”၀ါဒီတွေကို ကျော်ပြီး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ချင်တယ်ဆိုရင် ဗမာလူမျိုးကြီးဝါဒ သမိုင်းအပင်းသွင်းတာကိုပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု မျက်မှန်စိမ်း တပ်တာကိုပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား လက်မခံကြဖို့ လိုပါတယ်။


--------------------------------------------------------------------------------

စာရေးသူ၏ “ ကျုပ် ” အခေါ်အဝေါ်ပေါ် ရှင်းလင်းချက်

ဒီဆောင်းပါးမှာ အညာဆန်ဆန် မိမိကိုယ်မိမိ “ကျုပ်” လို့ ရည်ညွန်း သုံးစွဲထားတာကို လူယဉ်ကျေး အရပ်က မန္တလေးသား အပြောအဆို ရိုင်းပါဘိလို့ မယူဆစေလိုပါ။ ဗမာပြည်သူတွေကို ခေတ်အဆက်ဆက်က နာမ်နှိမ်ပြီး စော်စော်ကားကား “င” နဲ့ တပ်ခေါ်၊ ကျွန်တော်မျိုး ကျေးတော်မျိုး ဆိုပြီး၊ လက်အုပ်ချီခိုင်း၊ ဒူးထောက် ခိုင်းနဲ့ အုပ်ချုပ်သူများကတော့ ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ မင်းမျိုးမင်းဆွေတွေဆိုပြီး လူပေါ်လူစော် လုပ်တဲ့ ယဉ်ကျေးမှုကို တမင်ရှုတ်ချတဲ့အနေနဲ့ ကျွန်တော်အစား “ကျုပ်”လို့ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ ရိုင်းတယ်လို့ ကောက်ချက် လိုသူများကိုတော့ မြန်မာပြည် လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့သူများမှာ “အရိုင်း”လို့ သမုတ်ခံ၊ တဇောက်ကန်းလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုအောင်ဆန်းနဲ့ လူမိုက်များသာ ဖြစ်ကြတယ် ဆိုတာ သတိမူကြ စေချင်ပါကြောင်း။


--------------------------------------------------------------------------------

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးသိပံ္ပနှင့် စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါသည်။

Monday, July 27, 2009

FOCUS:BURMESE IMMIGRANTS

Home > City & Region > Buffalo/Erie County



Smiler Greely, 36, spent 23 years in a refugee camp on the Burma-Thailand border before moving to Buffalo.
Derek Gee / Buffalo News
FOCUS:BURMESE IMMIGRANTS
Burmese refugees find home in Buffalo
Oppressed at home, refugees chase the American dream on city’s West Side




Law Eh Soe was one of only two photojournalists to chronicle the monks’ pro-democracy uprising two years ago in his native Burma.

He fled after government soldiers shot and killed a Japanese journalist.

Smiler Greely, another Burma native, spent 23 years in a refugee camp, a virtual city of 40,000 people crammed into a few square kilometers, living in bamboo houses with thatched roofs and no electricity.

He fled to give his three kids an education –and a country they could call home.

Myo Thant, a pro-democracy youth leader in Burma, spent 17 months under house arrest as a key aide to Aung San Suu Kyi, the Nobel Peace Prize recipient.

He fled because he wouldn’t compromise his beliefs and knew he’d spend much of his life under house arrest, in prison –or worse.

All three refugees –bright, educated men forced from their homeland –now live on Buffalo’s West Side.

And they’re not alone. Buffalo is home to approximately 2,000 Burmese refugees – approaching 1 percent of the city’s population.

The figure is climbing quickly, and Buffalo has become the unofficial state capital for resettling refugees from Burma and elsewhere. This year, more than 30 percent of the refugees coming to New York State have settled in Western New York.

“If it weren’t for refugees, Buffalo would be shrinking even faster,” said Molly Short, executive director of Journey’s End Refugee Services. “This is the incoming population.”

The Burmese make up more than half the roughly 1,000 refugees who resettle in the Buffalo area each year.

Most of the Burmese have fled from refugee camps along the Thailand-Burma border, where some lived for years in primitive conditions, after 3,000 of their villages were destroyed.

They’ve settled mostly on the West Side, west of Richmond Avenue and south of Lafayette Avenue. Many spend their time in all-day English classes, fishing along the Niagara River and walking through their neighborhoods.

Many passers-by think they’re either Chinese or Vietnamese. And they’re adamant that their native land is Burma, not Myanmar, the recent name favored by the military government.

They’re new Buffalonians, chasing their own version of the American dream. But not just for themselves.

“This is only the first generation,” Law said, gesturing toward an English class of Burmese adults. “The second generation will be different. They will speak fluent English and be more educated.”

But Law sounded a warning for that younger generation:

“They shouldn’t forget their roots, and why we had to come to America. Thousands of our people stayed in Burma and suffered, and they shouldn’t forget that.”

New kid in town

The Burmese refugees who have formed their own community on the West Side, as well as smaller enclaves in Black Rock and Riverside, face two major hurdles in adapting to America.

First, few come here speaking much English. Authorities estimate that only 10 to 15 percent of Burmese refugees arrive with a workable mastery of the language. That’s why newcomers spend up to eight hours on weekdays in English class, first having to crack the intricacies of our alphabet.

The Burmese also have to overcome their own diversity. Burma has eight basic ethnic groups, dozens of sub-ethnic groups and about 100 language dialects. That means many of them need interpreters just to talk with each other.

Last week, Denise Phillips Beehag, director of refugee services for the International Institute of Buffalo, asked some Burmese refugees outside English class for permission to have their photos taken for The Buffalo News. She made her pitch in English, before it was translated by one interpreter into the Burmese dialect and then by another into the Karen dialect.

The Burmese refugees also come from three religious groups: Christian, Buddhist and Muslim.

Thant, the former youth leader, dismissed the notion that the Burmese are too divided by their ethnic, language and religious differences.

“We’re all the same,” he said. “We’ve all been oppressed. It doesn’t matter what language you speak. We’re all from Burma.”

The Burmese also face the same challenges confronting any new immigrant group –including the Irish, Italian, Polish and Hispanic groups before them.

“Every new group goes through this,” Beehag said. “They’re the new kid in town, and they’re going to be picked on. But it’s easier to pick on this group. They’re timid, they’re quiet, and they’re not assertive.”

Burmese refugees work with four local resettlement agencies: the International Institute, Journey’s End, Catholic Charities and Jewish Family Service. But the Burmese won’t tell their case managers when they don’t have food or electricity, Beehag said.

“You have to ask them,” Beehag said. “They don’t want to be a burden. That’s a challenge for resettlement agencies.”

These refugees have endured a great deal just to get here.

Burma, located in Southeast Asia, bordering Thailand, China and India, has been in civil war for more than five decades.

Listen to the stories of Law, Thant and Smiler, and you hear about the burning of villages, the shooting of innocent people, the house arrests of democratic leaders, the crowded and primitive refugee camps and the physical and psychological torture of those imprisoned for their beliefs.

You also learn how much freer they feel here, how much they still miss their own rivers and mountains, and how high their hopes are for the next generation of Burmese-Americans.

No Hollywood movie

Back home, Law Eh Soe graduated from Rangoon University with a law degree. But he didn’t want to be a lawyer or judge under the long-running martial law.

So he drifted into photojournalism, working for Japanese, French and European news agencies in Rangoon.

“The government didn’t like me because I showed my people’s daily life in Burma,” he said.

On Sept. 18, 2007, thousands of monks protested peacefully in the streets against the military regime. Law and one other photojournalist captured those images, and his photos appeared on CNN, Time magazine and even Al Jazeera.

Previously, Law and others had been warned whenever government soldiers started shooting. This time, there was no warning, and a Japanese journalist was killed in downtown Rangoon.

“When they started shooting, it wasn’t like a Hollywood movie,” Law, now 38, remembered. “In a movie, the journalist can take the picture. In Burma, when they started shooting, I had to run for my life.

“It was no longer safe for me. I thought I would be in prison, or they might hunt for me.”

Two days later, Law fled to a remote area in Burma, then to Thailand. Since resettling in Buffalo in March 2008, he lives with his mother and two brothers on 14th Street and works full time with the International Institute as an interpreter.

“The two important things we have here are freedom and hope. We didn’t have them in Burma. We had to live under fear and doubt, and we didn’t have freedom of speech. Here we can discuss what we want.”

The hardest part of his adjustment to America?

“Nothing is like home. I love to live here, [but] when I close my eyes, I miss my country. I can smell the rivers and the country roads and the mountains.”

Law marvels at the adjustments other Burmese have made.

Many, before moving into the refugee camps, came from remote areas, often in the mountains, where they had no cars or buses or electricity. Now they live in a fairly large American city, with buses, shopping malls, hospitals and other modern amenities.

“It’s like they moved to another planet.”

Man without a country

Smiler Greely’s story is more typical among Burmese refugees.

The son of a teacher and a local agricultural minister, young Smiler lived along the Burma-Thailand border, where the Burmese government attacked its own residents.

“You couldn’t live there anymore,” he said. “You didn’t need to make a decision. You just ran across the river.”

Beehag, from the International Institute, described a typical scenario.

“You’re in your village minding your own business, and your village is burned down by the military government. So you run, and you run until you feel safe and meet up with people from another village.”

At about age 11, Smiler moved to a refugee camp in Thailand, into a life of bamboo houses, thatched roofs, no electricity and little water. The food was rice, fish paste, salt and chili peppers.

“Every 15 days, you have to line up, wait for your name and get your ration of rice,” he said. “Then the next day, you get your fish paste…”

There was no freedom, no choice, he said. The civil war prevented him from returning to Burma. Stateless, living in Thailand, he and other refugees were not allowed to grow their own rice or raise their own animals. He stayed 23 years, past the birth of his three children.

“I was over 30 years old, and I didn’t have citizenship in any country,” he said. “I am not an animal. But what country do I belong to? My children were born in Thailand. They didn’t have any citizenship, because they were in a refugee camp.”

A whole family without a country.

“How can your children survive for the next generation? I’ve spent my whole life in a refugee camp. Are my children going to spend their life there? My grandchildren?”

That’s why Smiler, now 36, came to Buffalo, where he lives with his wife and three young children and works in a school program with Journey’s End.

Smiler wants others to understand where he’s come from and to learn the difference between a democracy and a repressive military dictatorship, where people are shot and young girls raped by soldiers.

“Geographically, I like Burma and the weather. I love the streams and rivers and forests in Thailand and Burma, but not the [Burmese] government.

“The government just kills their own people.”

Words from a poster

Following some of his greatest accomplishments –earning two degrees from Buffalo State College and being sworn in as a U. S. citizen in 2006 – Myo Thant has felt a twinge of sadness.

“I feel like I’m selfish, because my people are still in trouble, being killed and persecuted,” he said. “I feel responsible. I’m OK, but they’re not OK. Even though physically I’m here, my mind is not here. My mind is in Burma, with my people.”

Thant was a youth leader in Burma, becoming a trusted confidante of the National League for Democracy’s Suu Kyi.

“She called me like her son, because I was so young,” he said. “She said, ‘Why don’t you stay with me, to help me plan the youth activities?’ ”

That’s what Thant did, and from May 1996 until October 1997, he was under house arrest with Suu Kyi, the 64-year-old Nobel Peace Prize winner who’s on trial in Burma.

Thant never thought about fleeing Burma. But he didn’t want to be in prison for his beliefs. He wanted to keep fighting for them. And that meant leaving.

“I would never change my beliefs,” he said. “The country must be free and democratic.”

Thant, 37, a Journey’s End case manager, wants to keep Burmese culture alive among the young refugees who settle here. Some day, he wants the Burmese to have their own festival, like the Italian Festival, to celebrate their food, their history, their culture, so the young people won’t forget.

This is a tough tightrope for local Burmese leaders to walk. They want their young people to learn English, get jobs and be self-sufficient in America. But Thant doesn’t want them to forget.

“Please speak your language in your home,” he advises his fellow Burmese. “Don’t speak English. You have to maintain your culture in your home.”

On the walls of Thant’s modest Normal Avenue flat, a poster of Suu Kyi looks down at him, with a saying that may sum up his mission:

“Please use your liberty to promote ours.”

gwarner@buffnews.com

Sunday, July 26, 2009

တက္ကသိုလ်စိန်တင် - ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (အပိုင်း - ၁)

U Thant (1)

Friday, July 24, 2009

ကရင့်ခေါင်ဆောင်အား သမိုင်းဝင်လုပ်ကြံမူ့ 

night%20scope

Sunday, July 19, 2009

ကိုမိုးသီး ဘလော့မှကူးယူဖေါပြသည်။

အာဇာနည် နေ့  ဒို့ မမေ့

နအဖ စစ်အစိုးရတက်လာကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်တွေရဲ့ သမိုင်းကို တဖြေးဖြေးနဲ့ ဖျောက်ဖျက်လာပါတယ်။ ခုဆိုအာဇာနည်နေ့ ဟာ ကလေးသူငယ်တွေ လူငယ်တွေရဲ့  နှလုံးသားထဲက နေ တစတစ ကွယ်ပျောက်စပြုလာနေပါပြီ။ ဒီ အချက်ကို ကျနော်တို့ သတိထားရပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုဖျောက်ဖျက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ငွေစက္ကူ နဲ့  ရုံးတွေ က နေထုတ်ပယ်လာတယ်။ အာဇာနည်နေ့ ကို နိင်ငံတော်က ခန်းခန်းနားနား မလုပ်တော့ပဲ -သာမန် အခန်းနားတခုလောက်ပဲ ၀တ်ကြေတန်းကြေလုပ်လာတယ်။ အာဇာနည်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့် ကိုမထုတ်လွင့်တော့ပါဘူး။ ကုန်ကုန်ပြောရရင် အာဇာနည်ကြီးတွေကို လွမ်းသု ပန်းခွေ ချတာသည်ပင်လျင် ရာဇာဝတ်မှုတခုလို သတ်မှတ်ခံလာရခြင်းဖြစ်ပါတော့တယ်။
နအဖ က အာဇာနည် တွေရဲ့ သမိုင့်း ကို ဘာကြောင့်ဖျောက်နေပါသလဲ ။
တချို့ က ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြောသလိုဖြစ်နေတယ်။ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုနေသလိုဖြစ်နေမယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း သမိုင်း ကို ဖျောက်ဖျက်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ
ကိုဖျောက်ဖျက်ခြင်းလို့ ဆိုပါတယ်။ ဒါဟာ မှန်ပါတယ်။

တကယ်အနစ်သာရက တော့ ဒီထက်ကိုပိုပြီ လေးနက်နေပါတယ်။ အာဇာနည်တွေရဲ့ သမိုင်းဟွာရဲ့ သမိုင်းဟာ လွတ်လပ်ရေးသမိုင်းဖြစ် နေတယ်။ အာဇာနည်ကြီးတွေ သမိုင်းကို ဖျောက်ဖျက်နေရတာ ဆိုတာ လွတ်လပ်မှု ကိုဖျောက်ဖျက်နေခြင်းပဲလို့ ဆိုရပါလိမ့်မယ်။
အာဇာနည်တွေရဲ့ သမိုင်းကိုဖျောက်ဖျက်နေတာဟာ အာဇာနည်ကြီးတွေမျှော်မှန်းခဲ့တဲ့
ပိုမိုကောင်းမွန်တဲ့ ကျနော်တို့  အနာဂတ်ကို ဖျောက်ဖျက်ခြင်းပဲဖြစ်ပါတယ်။
နအဖ လက်အောက်မှာ ကျနော်တို့ အနာဂတ်နဲ့ လွတ်လပ်မှု ဟာ ဖျောက်ဖျက်ခံနေရပြီမဟုတ်ပါလား။

အာဇာနည်နေ့  ရဲ့ အနစ်သာရ က ဘာလဲ

လွတ်လပ်ရေးပြန်လည် ရနိင်ဖို့ အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ အသက်ပေးပြီး ကြိုးပန်းခဲ့ကြပါတယ်။ အာဇာနည်ကြီးတွေထဲမှာ တိုင်းရင်းသားခေါင်း
ဆောင်ကြီးတွေပါပါဝင်နေခြင်းက အလွန်ထူးခြားနေပါတယ်။ လွတ်လပ်ပြီး မြန်မာ
ပြည်ကို အာဇာနည်ကြီးတွေ က ဒီမိုကရေစီရှိတဲ့၊ တိုင်းရင်းသား အခွင့်အရေး တွေရှိတဲ့  ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ဖို့ သံဓိဌာန်ရှိခဲ့ကြပါတယ်။

အချက်ကို ပင်လုံ ညီလာခံ က သဘောတူညီချက်တွေကို ကြည့်ရင်ထင်ရှားပါတယ်။
လွတ်လပ်ပြီးမြန်မာ နိင်ငံတော်ဟာ ပါလီမန် ဒီမိုကရေစီစနစ် ကို ကျင့်သုံးမှာဖြစ်ပြီး တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိကြမှာဖြစ်ပါတယ်။ ဒါဟာ အာဇာနည်ကြီးတွေရဲ့ အဓိက မျော်မှန်းချက်ဖြစ်နေပါတယ် ။

ဒါဟာ အာဇာနည်နေ့ ရဲ့  ထူးခြားချက်။
ဒါဟာ အာဇာနည်နေ့ ရဲ့  အနှစ်သာရ။
ဒါဟာအာဇာနည်နေ့ ရဲ့ သမိုင်း လို့  ပြောရမှာဖြစ်ပါတယ်။

ပင်လုံညီလာခံက ရရှိခဲ့တဲ့ သဘောတူညီချက်တွေအပေါ်မှာ ၁၉၄၇ ခုနစ်အခြေခံဥပဒေကို
ရေးဆွဲခဲ့ကြတာဖြစ်ပါတယ် ။ ၁၉၄၇ ခုနစ်အခြေခံဥပေဒေဟာ ပြီးပြည့် စုံတဲ့အခြေခံ ဥပဒေ
အကောင်းတကာ့အကောင်းဆုံး အခြေခံဥပဒေကြီတခုလို့ ကျနော်မပြောလိုပါဘူး။
ပိုပိုကောင်းမွန်လာအောင်ပြုပြင်နိင်ခွင့်ရှိနေပါတယ်။ ပြင်ဆင်ချက်- Amendment ဆိုတာက အခြေခံဥပဒေတိုင်းမှာ လို ပါဝင်ပါတယ်။ က မ္ဘာကျော်အမေရိကန် အခြေခံဥပေဒ ဟာလည်း အကြိမ်ပေါင်း နစ်ဒါဇင်ကျော် ပြင်ဆင်ခဲ့ရပါတယ်။ နစ်ပေါင်းများစွာ ကောင်းသထက်ကောင်းအောင် ပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါဟာအခြေခံဥပေဒရဲ့ သဘာဝပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ တကယ့် အနစ်သာရ
( Conceptual Foundation) ကတော့ တကယ့်ကို မြန်မာ နိင်ငံအတွက် လမ်းစဉ်မှန်
ကောင်းမြတ်မှု- ( Virtue ) ဖြစ်နေတယ်ဆိုတဲ့အချက်ကတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။
ဒီအချက်က မြန်မာ လွတ်လပ်ေ၇းကြိုးပန်းမှု ကြီးတခုလုံးရဲ့  အသက်ဖြစ်နေပါတယ်။

တနည်းအားဖြင့်ပြောရင်တော့ လွတ်လပ်ပြီးမြန်မာနိင်ငံဟာ အာဏာရှင်စနစ် ကို အခြေမခံ။
ဒီမိုကရေစီနဲ့ တရားမျှတမှုအပေါ်မှာ အခြေခံမယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  သံဓိဌာန် ၊ တနည်း အားဖြင့်ပြောရရင် သူတို့ အသက်သွေးချွေးတွေရဲ ရင်းနှီးပေးလိုက်တဲ့ ကျနော်တို့ အတွက် အဖိုးမဖြတ်နိင်တဲ့  အမွေ
အနှစ်ပဲဖြစ်ပါတော့တယ်။ ၁၉၆၂ မှာ ဦးနေ၀င်းခေါင် ဆောင်တဲ့စစ်တပ်က အာဏာ သိမ်းတယ်။ အာဇာနည်ကြီးတွေမျှော်မှန်းထားတဲ့ ဒီမိုကရေစီနဲ့  တရားမျှတမှု ပေါ်အခြေခံတဲ့ စနစ်ကိုဖျက်သိမ်း အာဏာရှင်စနစ်ကိုတည်ဆောက်ခဲ့ပါတယ်။ အာဏာ သိမ်းစဉ်က တိုင်းရင်းသားတွေ က ပြည်ထောင်စုကနေ ခွဲထွက်တော့မှာ မို့ အာ ဏာသိမ်းတာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါဟာ အကြောင်းပြချက်မျှသာဖြစ်ပါတယ်။ တကယ်ကတော့
လွတ်လပ်ရေး၊ ဒီမိုကရေစီ ရေး၊ တိုင်းရင်းသာ အခွင့်အရေး နဲ့ တရားမျှတမှုတွေကို ဖျက်သိမ်းလိုတာသာဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေအကြောင်းကို ပြောတာဟာ
လွတ်လပ်မှု ၊ ဒီမိုကရေစီအကြောင်းကိုပြောတာ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ပြောတာလို့  အဓိပါတယ်ထွက်နေပါတယ်။ တနည်းအားဖြင့်ပြောရင်ရင်တော့ အာဇာနည်ကြီးတွေအကြောင်းကိုပြောတာဟာ လူတွေက စစ်အစိုးရအုပ်ချုပ်မှုကို ဆန်ကျင်ပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအကြောင်းကို ပြော နေကြတာလို့ စစ်အစိုးရက မှတ်ယူလာခြင်းဖြစ်ပါတော့တယ်။ ဒီတော့ အာဇာနည်ကြီးတွေရဲ့ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးပန်းလာကြခြင်းဖြစ်ပါတယ်။

အမေရိကန် နိင်ငံဟာ ခေတ်မှီနိင်ငံကြီးဖြစ်နေတာတောင်မှာ နိင်ငံကိုတည်ဆောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဂျော့ဝါရှင်တန်၊ သောမတ်ဂျက်ဖါဆင်၊ လင်ကွန်းတို့ အကြောင်းတွေကိုသူတို့  ပြောနေတုံး၊ ရေးနေတုံ။ ဆွဲနေတုံး ရုတ်ထုတွေထုလုပ်နေတုံးဖြစ်ပါတယ်။ ဘာဖြစ်လို့ သူတို့ ဒီဇတ်လမ်ကို မဆုံးနိင်အောင် ပြောနေကြပါသလဲ ။ အဖြေကတော့ သူတို့ ရဲ့ သမိုင်းဟာ အမေရိကန်နိင်ငံတော်ရဲ လွတ်လပ်မှုနဲ့  ဒီမိုကရေစီသမိုင်းဟာ ဆက်စပ်နေလို့ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာပြည်မှာလည်း နအဖ က့  အာဇာနည်ကြီးတွေရဲ့ သမိုင်းကို ဖျောက်ဖျက်နေတာတွေကို ရေငုံနှုတ်ဆိတ်နေလို့ မရတော့ပါဘူး။ နအဖ က အာဇာနည်ကြီးတွေရဲ့  ဇတ်လမ်းကိုပြည် ဖုံးကာ ချနေတာကိုခွင့်မပြုသင့်ပါဘူး။ ကျနော်တို့ လုပ်သင့်တာတွေကတော့ အာဇာနည်ကြီးတွေရဲ့ သမိုင်း ။သူရဲကောင်ဆန်တဲ့သူတို့ ရဲ စွန့် လွတ်မှုတွေ၊ သူတို့ ရဲ့  မျော်မှန်းချက်တွေ၊ သူတို့ ရဲ့ စေတနာတွေကို ကျနော်တို့ ကလေးတွေကို သိအောင်ပြောနေရမယ်။ ဖေါ်ထုတ်နေရမယ်။ ပုံနိပ်ခြင်း၊ ဟောပြောချင်း။သီဆိုချင်းတွေနဲ့ မျိုးဆက်များ တဆက်ပြီးဆက် ဂုဏ်ပြု နေရမှာပဲဖြစ်ပါတယ်။

( မိုးသီးဇွန် )

Saturday, July 18, 2009

ဗမာ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များရွဲ ကရင် လူမျိုများအပေါသဘောထား

My An

Sunday, July 12, 2009

ကရင့်အမျိုးသားများ၏ ရင်ထဲမှ ပေါက်ဖွားလာသော KNU ကရင်အမျိုးသားအစည်းအရုံး

တနင်္ဂနွေနေ့ ၊ ဇူလိုင်လ ၁၂ ရက်၊ ၂၀၀၉
ဘွဲ့ သွေးနီ။

ဓါတ်ပုံ- ဘွဲ့ သွေးနီ
ဇွန်လ 18 ရက်နေ့ စွဲ့ ၊လာရီဂျေဂင် ၏ (ကရင်တပ်များ ဆုတ်ခွာနေရ ဆောင်းပါး) နှင့် ဇူလိုင်လ ၉ ရက်နေ့  စွဲ့  ဘရိုင်ယန် မက်ကာတန် ၏( ထိုင်း-မြန်မာ နယ်စပ်၌အနေ အထားသစ် တစ်ရပ်ပေါ်လာ) ဆိုသည့်  ဆောင်းပါးများ နှင့်စပ်လျဉ်း၍ ကရင်အမျိုးသားများ အမြင်ရှင်းလင်းစေ ရန် ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ဇွန်လ အတွင်း ကေအန်ယူ တပ်မဟာ ၇ အခြေခံစခန်းများကို ယာယီဆုတ်ခွာပြီး နောက် ပိုင်းတွင် ဆောင်းပါးရှင် လာရီဂျေဂင် က “မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း” ဟုဖေါ်ပြပါရှိ ခဲ့ပါသည်။
ထိုနည်းတူ မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်း ဆိုသူကလည်း မဇ္ဈိမကို ပြောရန်တွင် ''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ်နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟုဆိုထားပြန်ပါသည်။

ဇူလိုင် ၉ ရက်နေ့  စွဲ့  ဘရိုင်ယန် မက်ကာတန်၏ “ထိုင်း-မြန်မာ နယ်စပ်၌အနေ အထားသစ် တစ်ရပ်ပေါ်လာ” ဆိုသည့် ဆောင်းပါး တွင်လည်း “မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့က အနိုင်ရရှိခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရသည် နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနယ်စပ်ရှိ အဓိက အစိတ်အပိုင်းကို အခိုင်အမာ ထိန်းချုပ်နိုင်ပြီ” ဟူ၍ လည်းကောင်း

“မြန်မာစစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့တွင် အလွန်ကြီးမားသော ရည်မှန်းချက်များ ရှိကြသည်။ မြဝတီမှ ယင်း၏ မြောက်ဘက် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ နေရာအထိ ထိုင်းနယ်စပ်တလျှောက်တွင် စီးပွားရေးဇုန်များ ထူထောင်မည့် အစီအစဉ်များ ကြာမြင့်စွာကတည်းကပင် ရှိသည်။ ယင်းတို့အထဲမှတခုကို မြဝတီမြို့ပြင်တွင် တည်ဆောက်မည်ဖြစ်ပြီး၊ နောက်တခုမှာ လှိုင်းဘွဲ့မြို့တွင် တည်ဆောက်မည်ဖြစ်သည်။ ဤစီမံကိန်များအတွက် ယခင်ထိုင်းအစိုးရများက ငွေအနည်းငယ်မျှသာ စိုက်ထုတ်ခဲ့ကြသော်လည်း နှုတ်ဖြင့်မူ ထောက်ခံခဲ့ကြပြီးဖြစ်သည်” ဟူ၍လည်းကောင်း

“လှိုင်းဘွဲ့မြို့အနီးမှ နေရာတနေရာမှာ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် အသုံးပြုနိုင်သော နေရာတနေရာအဖြစ် သတ်မှတ်ထားသည်” ဟူ၍လည်းကောင်း

“နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အစီအစဉ်ကို DKBA က လက်ခံလိုက်ခြင်း အကြောင်းရင်းတရပ်မှာ DKBA အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားရှိခွင့် ရှိမည်ဖြစ်ပြီး၊ ပိုမို၍ပင် ကြီးထွားလာနိုင်စရာ ရှိသောကြောင့် ဖြစ်သည်” ဟူ၍လည်းကောင်း ပါရှိပါသည်။

ဘရိုင်ယန် မက်ကာတန်၏ ဆောင်းပါးအချက်ပါ မြ၀တီမြို့ ပြင်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့  နယ် စသည့်နယ် မြေများတွင် စက်မှုဇုံ အဖြစ် ပြောင်းလဲဖန်တီးမည် ဟုဆိုသည့် နအဖ ၏ မက်လုံး ကို ပထမဦးဆုံး အနေဖြင့် ထောက်ပြရှင်းလင်းပြလိုပါသည်။

ကရင်ပြည်နယ် သံတောင်မြို့  နယ်၌ ဖြစ်ခဲ့သော ဖြစ်ရပ်မှန် တစ်ခု နှင့်ထောက်ပြလိုပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ် ၀န်းကျင်တွင် နိုင်ငံတော် ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီး ခင်ညွန့် ကရင်ပြည်နယ် သံတောင်ကြီးမြို့ ကို လာသွားပါသည်။ ရပ်မိရပ်ဖ ဒေသခံများကိုခေါ်ယူ တွေ့ ဆုံပြီး
“မင်းတို့ သံတောင်ကြီးကို မြန်မာနိုင်ငံအောက်ပိုင်း အပန်းဖြေတောင် စခန်းမြို့ အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့  မေမြို့ တို့ လိုပြောင်းလဲပစ်ပေးမည်။ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ကမ္ဘာလည့်ခရီးသည်လုပ်ငန်းများ ဤအရပ်ဒေသ တွင် ပေါ်ပေါက်လာမှာဖြစ် တယ်၊ လျှပ်စစ်မီး ကိုလည်း ၂၄ နာရီ အချိန်ပြည့်သုံးစွဲ နိုင်ကြတော့မယ် ဖြစ်သလို သံတောင်- တောင်ငူ ကမ်းလမ်းကို နှစ်လမ်းသွား အဖြစ်ဖန်တီးပေးမယ်ဟု” ပြောပြီးပြန်သွား ပါသည်။

ဗိုလ်ခင်ည်ွန့် ပြန်သွားပြီးနောက် ဒေသခံလူအများစုက ကျွန်တော်တို့ ဒေသ ဖွံ့ ဖြိုးတိုးတက်တော့မယ် မြို့  ကြီးဖြစ်သွားတော့မယ်၊ အလုပ်အကိုင်တွေ ပေါတော့မယ် ဆိုပြီး ပီတိဖြစ်ကြပါတော့သည်။ ၂၀၀၀-၂၀၀၁ ခုနှစ်တွင် မြို့  ကို စတည်ရန် လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်ပါတော့သည်။

ပထမဦးဆုံး သံတောင်ကြီး မြို့ အရှေ့ ဖက်ခြမ်း ဒေသခံ ပြည်သူတို့ ၏ မြေ ယာ အကုန် လုံး ကို စတင် သိမ်းယူပါတော့သည်။ မြို့ မျက်နှာဖုံး ပေါက်ရောက်သော ဒေသခံ သုံးလေးဦး တို့ ၏မြေပိုင်များကို မပို့  မစို့ ငွေလေးပေး ရုံမှ လွဲ၍ ကျန်ဘယ်သူကမျှ မြေဖိုးများ မရကြပါ။ ထိုမြေများသည်လည်း ဒေသခံတို့  ၏ ဥယာဉ်ခြံ မြေများဖြစ် ကြသည်။ မြေယာအားလုံးကို ဗမာ့တပ်မတော်အား အလကား ပေးလိုက်ရပါတော့သည်။ ဥယာဉ်ခြံများဆုံးရှုံး၍ ပြည်သူများ စတင်ဒုက္ခရောက်ကြပါတော့သည်။ မည်သို့ ပင်ဖြစ်စေ ဗိုလ်ခင်ညွန့် လာပြောသွားခဲ့သလို အပန်းဖြေတောင်စခန်း မြို့ သစ်တည် ၍ မြေယာများဆုံးရှူံး ခဲ့ရ သည်ဆိုရင်လည်းပဲ ခံသာနေသာပေဦးမည်။
သို့ သော်ထို သို့ မဟုတ်ခဲ့ပါ။ ဒေသခံကရင်လူထု တရပ်လုံးကို ဗိုလ်ခင်ညွန့်  ကိုယ်တိုင် စော်ကားစွာဖြင့် လာပြီး လိမ်လည်သွားခဲ့ ပါသည်။ အကြောင်းမူကား သူတို့ လာတည်သွားသောမြို့ သည် တောင်စခန်းမြို့ မဟုတ်ပါ။ ဗမာ့စစ်ဘုရင် တဦးဖြစ် သော ဘုရင့်နောင်မင်း တရား၏ ရုပ်ထုကိုစိုက်ထူ၍ ဘုရင့်နောင် အမည်နာမကို အဓိပါယ်ရှိစွာအသုံးပြုပြီး ထိုမြို့  သစ်ကို ဘုရင့်နောင်တပ်မြို့ ဟု ခေါ်တွင် အမည်နာမပေးထားပါသည်။

ဘယ်ဗမာဘုရင်မင်းက မှ ခြေမချခဲ့ဘူးသော သံတောင်ကြီးလို နေရာ၊ ဘုရင့်နောင်တပ်မြို့ မတည်ခင် သံတောင်ကြီးဒေသတွင် ကရင်လူမျိုး စစ်စစ်များသာ နေထိုင်ခဲ့ ကြပါသည်။ သို့ သော်ယခုအခါတွင်မူ ဗမာအများစု ထက် ၀က်နေရာ ၀င်ယူလာပြီး သွေးနော စနစ်တစ်ခု ကျယ်ပြန့် စွာ တွေ့ လာရ နေပြီဖြစ်သည်။ သံတောင်ကြီး အနီးနားမှာရှိတဲ့ ဂျော့စ်ကုန်း ဆိုတဲ့ ရွာလေးက ထက်ဝက်ပိုင်း သိမ်းခံရပါသည်။ ရွာနံ့ဘေးမှာ မိုင်းထောင် ထား၍ ၂၀၀၆ ခုနှစ်တွင် ဂျောစ်ကုန်း ရွာသား ညီကို နှစ်ဦး မိုင်းထိပြီး တစ်ဦးသေ တစ်ဦခြေပြတ် ခဲ့ပါသည်။ ဂျော့စ်ကုန်းရှိ အစိုးရမူလတန်းကျောင်းတွင် ကျောင်းဆရာမ အဖြစ် တာဝန် ထမ်းဆောင် နေသော ဆရာမ နော်ကလိုမူးသည်လည်း ဘုရင့်နောင်တပ်မြို့မှ ဗမာ့တပ်မတော်သားတစ်ဦး ရက်စက်စွာ ဓါးနဲ့ ခုတ်သတ်ပြီး ကိုယ်ပေါ်မှာ ပါသောရျွှေကိုလုယူသွားပါသည်။ တရားခံကိုပြန်မိပါရက်သားနဲ့  မည်သူမျှ တရားခံကိုခုံရုံးတင် စစ်ဆေးမှုမရှိပါ။

ယခုအချိန်ဆိုလျှင် သံတောင်ကြီးတောင်စခန်းမြို့  ဆိုပြီးမြို့ အ၀င်မှာဆိုင်းဘုတ် တင်ထားရုံမှလွဲ ပြီး မြို့ တွင်းမှာ ဘာမှပြောင်းလဲမှု မရှိပါ။ ဘာစီပွားရေးလုပ်ငန်း၊ အလုပ်အကိုင်များလည်း ပေါမလာတဲ့ အပြင် နအဖ တပ်များ၏ လူအခွင့်အရေးချိုးဖေါက်မှုများကို အရင်ကထဲ ပိုခံကြရပါသည်။ လုပ်ကိုင်စားသောက်ရဒါ ပိုပြီးကြပ်တည်းလာပြီး နအဖ တပ်ကို လူထုတွေက အမြဲ ကြောက်နေ ကြရပါသည်။

ဤအခြေအနေ ကို နှိုင်းယဉ်ခြင်းဖြင့် မြ၀တီမြို့ နယ်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့  နယ် စသည့်နယ်မြေများတွင် နေထိုင်ကြသော ကရင်လူမျိုးများအဖို့ သတိထားပြီး နားမယောင်မိဖို့  လွန်စွာ အရေးကြီးပါသည်။ နအဖ စစ်အစိုးရက ကရင်လူမျိုးများကို စေတနာနဲ့ ဖွံ့ ဖြိုး တိုးတက် အောင်လုပ်ပေးမည် ဆိုဒါ အရှူး ကလူကောင်းကို ကတိပေးနေသလိုမျိုးပဲ ဆိုဒါ သံတောင်ကြီးမြို့  မှ ဖြစ်ရပ်မှန် များကို သင်ခန်းစာယူကြဘို့ လိုပါသည်။

အများပြည်သူလက်ခံပြီး ရေးဆွဲထားတဲ့ ဖွဲ့  စည်းအုပ်ချုပ်ပုံ အခြေခံစည်းမည်းဥပဒေ အောက်၌ ကျင်းပပြီး တရားမျတ တဲ့ ရွေးကောက်ပွဲ မှ ပြည်သူလူထု က ရွေးချယ်တင် မြှောက်ထားတဲ့ အစိုးတရပ် မပေါ်ပေါက်သရွေ့ ၊ ကရင်လူမျိုး များကိုယ်ပိုင် ပြဌန်းခွင့်မရှိနေသေးသရွေ့  ဘယ်လိုအစိုးရမျိုးဖြစ်ဖြစ် တက်ပြီး မြန်မာနိုင်ငံကြီး ကို အုပ်ချုပ်နေပေ့စေ ကရင်လူမျိုးများအတွက် အကျိုးမရှိနိုင်ဘူးဆိုဒါ နားလည်သဘောပေါက်ထားဖို့  လိုပေသည်။

ဒီနေရာမှာ ဒီကေဘီအေ တပ်ထဲမှ ကိုယ်ကျိုး စီပွား အတွက်ကိုသာ ကြည့်တဲ့ လူတွေ အဖို့  ရေရှည်ကို မကြည့်ပဲ နားယောင်ပြီးဝမ်းသာမိမှာပါ။ တကယ်တော့ ဒီအစီအစဉ် မက်လုံးကြီး ဟာ ကရင်လူထု အတွက် သာ မက ဒီကေဘီအေ အတွက်ပါ မကောင်းတဲ့ လည့်ကွက်တစ်ခုပါ။
သံတောင်မြို့ နယ် သံတောင်ကြီးမှာ မြန်မာပြည်အောက်ပိုင်း အပန်းဖြေ တောင်စခန်းမြို့  တည်မည်ဆို ပြီး ဘုရင့်နောင် ရုပ်ထုစိုက်ထူကာ ဘုရင့်နောင်တပ်မြို့ ကို တည်ပြီး သွားခဲ့ပြီ ဖြစ်သလို မြ၀တီမြို့ နယ်၊ သောင်းရင်း နှင့် သံလွင် မြစ်ဆုံ၊ လှိုင်းဘွဲ့ မြို့ နယ်စသည်နယ်မြေများတွင် ဗမာစစ်ဘုရင် အလောင်းဘုရားမင်း ၏ ရုပ်ထုကို နေ ရာ အနှံ့ စိုက်ထူ၍ အလောင်းဘုရားတပ် မြို့  နှင့် တပ်နယ်မြေများ ဆို ပြီး ဗမာ့ စစ်တပ် မြို့  ကို တည်ကာ အနယ်နယ် အရရ မှ တခြားသော လူမျိုးအလုပ်လက်မဲ့များကို ဆွဲသွင်းမလာ နိုင်ဘူးလို့  ဘယ်သူ က အာမခံနိုင်မှာလဲ။

နအဖ စစ်တပ်ဟာ နယ်စပ်ဒေသကို စိုးမိုးနိုင်ပြီးရင် ထိုင်းနိုင်ငံနှင့် စစ်ကစားမည်ဆိုဒါ သေချာပြီးသား ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဗမာ့တပ်မတော်အတွက် နံပါတ်တစ် ပြည်ပ ရန်သူ အဖြစ် အသိအမှတ်ပြုထားသည်။ ဒီနေရာ မှာ အဓိက အသုံးချခံရမှာ ဒီကေဘီအေဖြစ်ပါသည်။ ပြီးရင်သေစရာ ရှိရင် နှစ်နိုင်ငံ နယ်စပ် ဒေသခံ ကရင်လူမျိုးများပဲဖြစ်မည်။ ထိုင်း-ဗမာ ပြသနာ ပေါ်တိုင်း ဒီကေဘီအေ က အသုံးချ ခံ ပစ္စည်း တစ်ခုအဖြစ်ပါဝင် ခဲ့မယ်ဆိုရင် ရေရှည်မှာ ထိုင်းလူမျိုးများ က ကရင်လူမျိုးများကို အမြင်ကပ်လာပြီး မုန်းလာနိုင်ဖွယ် ရှိပေသည်။ သို့ ဖြစ်ပါ၍ ကရင်ပြည်နယ်တွင်း စက်မှုဇုန် တည်ထောင်မည် ဆိုသော နအဖ အစီစဉ်နှင့် ထိုအစီစဉ်ကို ကြံစည်သူ တွေဟာ ကရင်လူမျိုးများကို တဖက်လည့်ပြီး ထပ်ပြီးဖျက်စီးပစ်မည့် အစီစဉ်တရပ်သာ ဖြစ်သည် ဆိုဒါ ပထမ အချက်အနေဖြစ် တင်ပြလိုပါသည်။

ဒုတိယ အချက်အနေဖြင့် ထောက်ပြလိုသည်မှာ တပ်မဟာ ၇ တိုက်ပွဲအပြီး “မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း” ဟူ၍ ဆောင်းပါးရှင် လေရီဂျေဂင် ၏ သုံးသပ်ချက် ကို ထောက်ပြချင်ပါသည်။ လေရီဂျေဂင် ဆောင်းပါးရှင်သည် KNU/KNLA ကျဆုံးတော့မည် ဟု ဆောင်းပါးများ ရေးခဲ့သည်မှာ ယခုမှမဟုတ်ပါ။ ၁၉၉၅ ကေအန်ယူ ဗဟိုဌာနချူပ် ယာယီဆုတ်ခွာပြီးကတည်းက ကေအန်ယူ ပျောက်ကွယ်တော့မည်ဆို ဒါ သူ တဦးတည်းသာ မက ဗမာနိုင်ငံရေး လေ့လာသူ အတော်များများ၊ ဗမာ ဒီမိုကရေစီ နိုင်ငံရေးသမားများ၊ သတင်းမီယာများ အပါ အ၀င် ဤကဲ့သို့ သုံးသပ်ခဲ့ကြဘူးပါသည်။

သို့ သော် ၁၄ နှစ် အကြာ ကေအန်ယူ ပျောက်မသွားတဲ့အပြင် နိုင်ငံတကာ စာမျက်နှာ မှာ နိုင်ငံရေးအရ အောင်မြင်မှု ရယုံမက တခြားတိုင်းရင်းသားများနှင့်ဒီမိုကရေစီ မဟာမိတ် များအကြား မှာ အဓိက ခရာ တစ်ခု အဖြစ် မြန်မာ့နိုင်ငံရေး တစ်ခုလုံး အပြောင်းအလဲ အတွက် အတိုက်အခံများ၏ ကျောရိုးသဖွယ် အရေးပါဝင်နေတယ်ဆိုဒါ ထင်သာမြင်သာရှိပြီးဖြစ်ပါသည်။

၂၀၀၇ ခုနှစ် မှ စ၍ ကေအန်ယူအတွင်း တော်လှန်ရေးအချောင်အမားများ၊ အမျိုးသားသစ္စာဖေါက်များ၊ ပဲ့ထွက်သွားခဲ့ဒါမှ လွဲ၍ ကေအန်ယူသည် အားလုံး ပုံမှန်အတိုင်းဖြစ်နေပါသည်။

မကြာသေးမီဇွန်လ အတွင်း ကေအန်ယူ တပ်မဟာ ၇ ၏ အခြေခံစခန်းများကို မဟာဗျူဟာအရ ဆုတ်ခွာပေးခြင်းကို ကြည့်ပြီး ကေအန်ယူ ကျဆုံးတော့မည် ဟု ထင်ကြေးပေးသူများ သည် လက်တွေ့  အခြေအနေ တရပ်ကို အပေါ်ယံ ရှပ်ပြီး မှားယွင်းစွာ သုံးသပ်မှု များသာဖြစ်သည်ဟု ထောက်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့  ဆုတ်ခွာပေးထားသော နယ်မြေ များတွင် ကေအန်ယူတပ်များ က ဆက်လက် ပြီး ပြောက်ကျား စနစ်ဖြစ် ပုံမှန်လုပ်ရှားနေ၍ အတွင်းပိုင်း မြို့ တွင်းအနီးဆုံးနေရာများအထိ ထိုးဖေါက် နေပြီး ဖြစ်သည်။

ထို့ ပြင် ကေအန်ယူ ကရင် ခေါင်းဆောင် တဦး၏ အဆိုအရ “တပ်မဟာ ၇ ကိစ္စသည် မာနယ်ပလော ကိုဆုတ်ခွာပေး ခဲ့စဉ်တုံးက ကြုံတွေ့  ခဲ့ရဒါ နဲ့  စာ ရင် အသေးအမွှားလေးပဲ ရှိတယ်။ ကျွန်တော်တို့  ခေါင်း ကို အေးအေးထားပြီး အလုပ်လုပ်နေတယ်” ဟုဆိုပါသည်။ ကေအန်ယူ ခေါင်းဆောင် ကြီးများသည် ကရင့်တော်လှန်ရေး ၏ နှစ်ပေါင်း ၆၀ ကျော် စစ်ရေး၊ နိုင်ငံရေး ဖြတ်သန်းမှူ အတွေ့  ကြုံများစွာ ရှိသူများဖြစ်ကြသည်။

ယခုလက်ရှိ ကေအန်ယူ တပ်မဟာ ၆ ကိုထိုးစစ်ဆင်မှု အစတွင် KPF (သူမူးဟဲ) လက်နက်ချအုပ်စု နှင့် ဒီကေဘီအေတပ်သား အများအပြား ကေအန်ယူ တပ်မဟာ ၆ သို့ တဖွဲ့  ဖွဲ့  မိခင် ကေအန်ယူ ကရင်မျိုးသားအစည်းအရုံး သို့ ပြန်လာပူးပေါင်းနေ သည်ကို ကြည့်ခြင်းဖြင့် ကေအန်ယူ ၏ စစ်ရေးနိုင်ငံရေး သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီးလမ်းဆုံ လမ်းခွ တွင်၊ ဘက်ပေါင်းစုံ ဖိအားများကြားမှ တည်ငြိမ်စွာ ရပ်တည်ပြပြီး တဖက်တွင် ကိုယ့်ဆန့်  ကျင်ဘက် အုပ်စုတွေ ကို ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ ပေါ်မှာ အချိန် ကိုက် ဖဲ့ထုတ်စည်းရုံးနိုင်ဒါ တွေဟာ နိုင်ငံရေးနှင့် စစ်ရေး များ၌ ကျွမ်းကျင် ရင့်ကျက် နေသော ကေအန်ယူ တည်း ဟူသည် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့  နေရပါသည်။

ထို့ အပြင် ကေအန်ယူ၏ အတွင်းပိုင်းတပ်မဟာများ ဖြစ်သော တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅ ၏ ထက်ဝက်ကျော် နေရာ တို့ ၏ အနေ အထားကို မာနယ်ပလောရှိစဉ်ကာလ နှင့် ယာယီဆုတ်ခွာပေးပြီး ကာလ အခြေအနေ များကို ကြည့်ပြီး ယှဉ်ထိုးကြည့်မယ်ဆိုရင် ကေအန်ယူတပ်များ မတုန်လှုပ်ပဲ ပုံမှန် လုပ်ရှား နေသည်ဆိုဒါ တွေ့ မြင်ကြရမှာ ဖြစ်ပါသည်။ တပ်မဟာ ၃ ဆိုရင် ရန်ကုန်-မန္တလေး ကမ်းလမ်းမနှင့် ရထားလမ်း တို့ တွင် တရက်ခရီး လောက်တောင်မရှိ သွားလာလှုပ်ရှား၍ ရနေပါသည်။ တပ်မဟာ ၂ ဆိုရင် နေပြည်တော် ကို တရက်တည်း ခြေလျင်ခရီးဖြစ် သွားရောက်နိုင်သော နေရာများဖြစ်သည်။ ထိုမျှ လောက် နောက်ခံတိုင်းတပါး နယ်ခြားမရှိ အတွင်းပိုင်းကျ သော ကေအန်ယူ တပ်များသည် ကေအန်ယူ၏ နိုင်ငံရေး စစ်ရေး စည်းရုံးရေးလုပ်ငန်းများကို ပုံမှန်ုလှုပ်ရှား နေနိုင် နေကြသည် ကို တွေ့ ရမှာ ဖြစ်ပါသည်။

သည့်ပြင် ဘ၀ကပေး လာသည့် နိုင်ငံရေး၊ စစ်ရေး အတွေ့  အကြုံများဖြင့် နအဖ တပ်များကို ထိထိရောက်ရောက် တန်ပြန်တိုက်ခိုက်နိုင်ခဲ့ သည် ဆိုဒါ နအဖ ထိပ်ပိုင်းတပ်မှူးတစ်ဦး ဖြစ်သော ဗိုလ်မှူးချူပ်ကောင်းမြတ် က တပ်မဟာ ၂ တပ်စိတ်လေးတစိပ်၏ လက်ချက်ဖြင့် ကျဆုံးသွားသည်ကိုက သက်သေတစ်ခု ဖြစ်နေပါသည်။ ထို့ ပြင် ဖရီးဘားမား ရိန်းဂျားအဖွဲ့ ၏ မကြာသေးခင် က ပြောဆိုချက်အရ အတွင်းပိုင်းနှင့် ထိုင်းမြန်မာနယ်စပ် တလျှောက် နအဖ တပ်စခန်း ၁၀၀ အနက် ၃၀ ကို မကြာသေးခင်က ပိတ်ပစ်ခဲ့  သည်ဟုဆိုထားပါသည်။ အကြောင်းမဲ့ ပိတ်ပစ်ဒါတွေ မဟုတ်ပါ။ ကေအန်အယ်လ်အေ တပ်များ၏ ပြောက်ကျား ပစ်ခံရ မှုများ၊ ရိတ္ခာကြားဖြတ် ဖြတ်တောက်ခံရမှု နှင့် တူ နောက်လိုက် ရိက္ခာ ကိုဘယ်လိုမှ ရှေးတန်းသို့ မပို့  နိုင်သောကြောင့်ဖြစ်သည်။

ကေအန်ယူ တပ်မဟာ ၇ သည်လည်း မဟာဗျူဟာ အသစ်တစ်ခုသို့  အခြေအနေ ၏ တောင်းဆိုမှုနဲ့ အညီ အကွက်ရွေ့ လိုက်ပြီး ဖြစ်နေသည်။ ဤကဲ့သို့  ကေအန်ယူ၏ အခြေအနေ အချိန်အခါ နှင့် အညီ ညင်သာစွာ ပြောင်းလဲ လှုပ်ရှားနေမှု များကို ကြည့်ခြင်းဖြင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးနှင့် စစ်ရေး ၌ တည်ငြိမ် စွာ ရှိနေဆဲ ဖြစ်သည်ကို ထောက်ပြ နေပါသည်။

အနာဂါတ်တွင် ကရင်တမျိုးသားလုံး ၏ ခိုင်မာသော အမျိုးသားအကျိုးစီပွား အတွက် နှင့်အတူ မြန်မာပြည်တွင်း ဗမာအပါ အ၀င် တိုင်းရင်းသားညီကိုအားလုံး ပါဝင်ပြီး ရေရှည်မှာ အေးခြမ်းသာယာ တည်ငြိမ် သော တိုင်းပြည်တစ်ခု မြန်မာပြည် တွင်းမှာ ပုံဖေါ်နိုင်ရေးအတွက် အတိုက်အခံအားလုံးနှင့် အတူ ဟန်ချက်ညီ စွာဖြင့် ကရင်အမျိုးသားများ အသက်သွေးပေါင်းများစွာ ပေးဆပ်ပြီး အစဉ် ကြိုးစား အားထုတ်ခဲ့ပြီးဖြစ်သလို ယခုလည်း ရှေ့ တလှမ်းတိုး ဆက်လက်ချီတက်နေဆဲ ဆိုဒါ တွေ့  မြင်ကြရမှာ ဖြစ်ပါသည်။

နောက်ဆုံးအချက် အနေဖြင့် ဖေါ်ပြလိုသည်မှာ မြန်မာပြည် အုပ်စိုးသူ အစိုးရ အဆက်ဆက် သည် ကရင်အမျိုးသားထုကို ကိုယ်စားပြုသော KNU ကရင်အမျိုးသားအစည်းအရုံး နှင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဘယ်သောအခါမှ တရားမျတစွာ ပြသနာ များကို ဖြေရှင်းရန်မကြိုးစားခဲ့ပေ။ အထက်စီးမှနေပြီး ကရင်အမျိုးသားထုကို ရန်သူ သဖွယ် ဆက်ဆံ၍ အမြစ်ပြတ်ချေမုန်းရေးလမ်းစဉ် ကို တစိုက်မတ်မတ် အကောင်အထည်ဖေါ်လာ ခဲ့သည်မှာ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး ကတည်းက ဖြစ်သည်။

ဒီလိုလက်နက်အားကိုးပြီး လူမျိုးတစ်မျိုး ကိုဖြစ်စေ၊ တိုင်းသူပြည်သားအားလုံးကို ဖြစ်စေ နိုင်ထက်စီနင်း ဆက်ဆံလိုသည့် ဗမာ့တပ်မတော်၏ အတွေးအခေါ်များ ကို ပယ်ဖျက်ရန် အချိန်ကျပြီ ဖြစ်သည်။ ဗမာ့တပ်မတော်မှ ခေါင်းဆောင်ကြီးများ က သူတို့ ၏ ရှိရင်းစွဲ မဟာဝါဒီ အတွေး အခေါ်များကို ဖျောက်ဖျက်ပစ်ရန်၊ အဆုံးသတ်ရန် လိုအပ်နေပြီဖြစ်သည်။

တကယ်တော့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြီး နှင့် ကရင်အမျိုးသားတို့ ၏ ခုခံ တော်လှန် စစ်ကြီးသည် မြစ်ဝှမ်းကျွန်းပေါ်ဒေသမှ ပေါက်ဖွားလာဒါမဟုတ်သလို၊ ပဲခူးရိုးမမှ ပေါက်ဖွား လာဒါ လည်းမဟုတ်ပါ။ အရှေ့ တိုင်းမာနယ်ပလောဌာနချုပ် မှာ ပေါက်ဖွား လာဒါလည်းမဟုတ် သလို တပ်မဟာ ၇ ဌာနချုပ်မှာ ပေါက်ဖွားလာ ဒါလည်းမဟုတ်ပါ၊ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး တခုတည်းသော နှစ် ၆၀ ကျော် ကေအန်ယူမှ ဦးဆောင် သော ကရင်လူမျိုးတို့  ရဲ့  ခုခံတော်လှန်စစ်ဟာ ကရင်အမျိုးသားများ၏ ရင်ထဲမှ ပေါက်ဖွားလာခြင်း သာဖြစ်သည်ဆိုဒါ ဗမာ့တပ်မတော်အရာရှိများ သဘောပေါက် နားလည်ထားဘို့ လိုနေပြီ ဖြစ်ပါသည်။

ကရင်လူမျိုးတို့ ၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနေ သရွေ့ ၊ တန်းတူအခွင့်အရေး နှင့် ကိုယ်ပိုင် ပြဌန်းခွင့် မရှိနေသရွေ့ ကာလပတ်လုံး ကရင့်ခုခံတော်လှန်စစ်ကြီး ဟာ အစဉ်အမြဲ ရှိနေဦးမည်ဆိုဒါ ယုံမှားသံသယမရှိ ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ နားလည်ထားစေချင်သည်။

တိုင်းပြည်ကို လက်ရှိ အုပ်ချုပ်နေသော ဗမာ့တပ်မတော် ခေါင်းဆောင်ကြီးများ တိုင်းပြည်၏ ရေရှည် အကျိုးကို ကြည့်ပြီး စစ်မှန်သော၊ လွတ်လပ်၍ တရားမျှတသော၊ အပြန်အလှန်လေးစား အသိအမှတ်ပြုသော တွေ့  ဆုံဆွေးနွေးမှုများ ကို စတင် အကောင်အထည်ဖေါ်ပြီး တပ်မတော် အစိုးရ၏ ဒို့  တာဝန် အရေးသုံးပါး ထဲက တစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့ အရေး ဆိုသည့် ဆောင်ပုဒ် ကို အပြောနဲ့ အလုပ် ညီစွာ ဖြင့် မြန်မာနိုင်ငံ အတွင်း စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို လက်တွေ့ အကောင်အထည်ဖော်ဆောင် ခြင်းမှ ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ခုဆီသို့  မြန်မာပြည်တွင်းမှ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံး အတူတကွ ချီတက် လုပ်ဆောင်ရန် အချိန်ကျရေက် နေပြီ ဖြစ်ကြောင်း ရေးသားတိုက်တွန်းလိုက်ပါသည်။
Posted by Thaw Thi Kho at 9:40 PM 0 comments
http://www.thawthikho.blogspot.com မှကူးယူဖေါ်ပြသည်။

Friday, July 3, 2009

စောကွယ်ကဘော (နာမည်အရင်းမဟုတ်)
ဖားအံòမိ့
ဇွန်လ (၂၆)ရက်၊ ၂ဝဝ၉ ခုနှစ်၊
ဒီကေဘီအေ တပ်ရင်း (၇) တပ်ရင်းမှူး ဆာပြုတ်တိုက်ခိုက်ခံရသည့် သတင်း
တကယ်သတင်းဖြစ်ရပ်မှန်က ဗိုလ်ချုပ်ဌေးမောင် ဦးဆောင်သ္ဒောု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီ လက်ချက်
ဖြစ်သည်။ ဒီကိစ္စဟီာုBဗ နယ်ခြားစောင့်တပ်အဖြစ် လက်ခံလိုက်ပြီးနောက် တပ်မဟာ (၇) ဖားအံခရိုင် ထိုးစစ်ဆင်မှု
စတာနဲ့တòပိင်၌ ဗိုလ်မှူးချစ်သူ၏ အစီအစဉ်အဖြစ် သောင်ရင်းမြစ်တလျှောက် နေရာယူသိမ်းပိုက်ပြီး သူ့အာဏာကို
တည်ဆောက်ပြီး မှောင်ခိုစီးပွားရေးဈေးကွက်တွင် စတင်ဖွင့်မည်။
ဒီနယ်စပ်တလျှောက် အချက်အခြာကျသည့်နေရာတွေကို မှောင်ခိုစီးပွားရေးဖွင့်မယ်ဆိုတောု့္ဒ္က၊္ဒုဗ
ငြိမ်းချမ်းရေးကောင်စီအတွက် အခွင့်အရေးမပေးတော့ပဲ၊ စီးပွားရေးဝင်ငွေမရှိတော့သည့်အတွက် ဒီလဆန်းပိုင်း ဒုတိယ
အပါတ်မှ္ဒာု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေးခေါ်ပြီး အစီအစဉ်ရေးဆွဲခဲ့သည်။
ဇွန်လ (၂၅)ရက်နေ့မှ္ဒာု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇ဝ၅)မှူး မောင်စိန်ကျော်ဦးစီးပြီး အခြားတပ်ရင်း
အဖွဲ့များနှင့်ပူးပေါင်းပြီး အရင်ဗိုလ်ချုပ်ဌေးမောင် နေတဲ့နေရာဟောင်းအထက်မှာ ဝင်ရောက်နေရာယူထားသည်ဟု
သတင်းရရှိသည်။
္ဒု္က၊္ဒုဗ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း(၇ဝ၉)မှူး စောနေစေးကဦးစီးပြီး တပ်မဟာ(၆)နယ်မြေ
ကော့ကရိတ်òမိ့နယ်မှာ လှုပ်ရှားရန်တာဝန်ပေးလိုက်သည်။ သူတို့ကီုBဗ အဖွဲ့တွေ လှုပ်ရှားမှုအခြေအနေကို
စောင့်ကြည့်ပြီး အခြေအနေပေးသလို တိုက်ခိုက်သွားမည့်အစီအစဉ်လည်းရှိသည်။
ဒီအစီအစဉ်ကို ဦးစီးကိုင်တွယ်သူဟာ ဆရာတီမသေဖြစ်သည်။
ဒီကိစ္စဟာ တကယ့် နအဖ မဟာဗျူဟာနည်းပရိယာအောင်မြင်မှုကြီးဖြစ်ပြီး ငါးကျဉ်းဆီငါးကျဉ်းပြန်ကြော်သလို
ဖြစ်နေသည်၊ ဒါကို မခံမရနိုင်လွန်းလို့ ကိုယ့်ကရင်တွေ အုပ်စိုးသူစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို မြင်ပြီး အမှားအမှန်ကို
ခွဲခြားပြီး နအဖ စစ်အာဏာရှင်ကို ပြန်တိုက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါသည်။
ဒီသတင်းဟာ မှန်ကန်သည့် သတင်းဖြစ်ပါသည်။

Thursday, July 2, 2009

ဒီကေဘီအေ ရဲဘော်များသို့  ပေးစာ
ဒီကေဘီအေ ရဲဘော်များသို့  ပေးစာ

ဒီကေဘီအေ ရဲဘော်များသို့ 
ကရင်အမျိုးသားအချင်းချင်း သတ်ဖြတ်နေကြရတဲ့အခြေအနေကို မကြည့်နိုင်တော့လို့ ရဲဘော်များကို ဒီကေဘီအေ နှင့်ပါတ်သက်ပြီး လက်ရှိအခြေအနေမှန် သိရှိနိုင်ဖို့ အတွက် အသိပေးချင်ပါတယ်။ အဓိက အချက်(၂)ချက်ကို တင်ပြချင်ပါတယ်။

(၁)ဒီကေဘီအေ ဟာ အမျိးဘာသာ သာသနာတော် ထွန်းကားစေဖို့ ဆောင်ရွက်ရမဲ့အဖွဲ့ ဖြစ်တယ်၊ ဘာတွေဆောင်ရွက်နိုင်ခဲ့လဲ၊ ဘာတွေဖြစ်မြောက်ခဲ့လဲ။
(၂)ဒီကေဘီအေ ရဲ့ ဆောင်ရွက်မှု ဖြစ်ထွန်းမှု အကျိုးစီးပွားတွေဟာ အဖွဲ့ အစည်းအတွက်လား တဦးတယောက်ထဲအတွက်လား။ ဆိုတာတွေကိုဘဲ။

ဒီကေဘီအေ စတင်ဖြစ်ပေါ်ခဲ့တာက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို အပြုတ်တိုက်ဖို့  ကေအဲန်ယူ့ ဌာနချုပ်မာနယ်ပလော ကို စစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီတုန်းက န၀တ လို့  ခေါ်ဆိုနေကြတဲ့ ဗမာစစ်အုပ်စုတွေက ပိုးကရင် စကောကရင် ၊ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဆိုပြီး သတ်လျှိုခွဲခဲ့လို့ ဒီကေဘီအေ ဖြစ်လာရတာဖြစ်တယ်။

ဒီကေဘီအေ စဖြစ်ဖြစ်ခြင်း အမျိုးဘာသာ သာသာနာ အတွက် ရည်ရွယ်ပြီး ဖွဲ့ စည်းပေးတယ်လို့  သိရတယ်။ ဆရာတော် ဦးသုဇန ကိုယ်တိုင် သစ္စာရေ တိုက်ကျွေးခဲ့ပါတယ်။ အမျိုးဘာသာ သာသနာ ထွန်းကားရေးအတွက် ကမ္ဘာ မှာ တခုထဲသော လက်နက်ကိုင်ဆောင်ခွင့်ရတဲ့ ဘာသာရေးတပ်မတော် ဖြစ်တယ်။

ဒါပေမဲ့ ဒီကေဘီအေ ဆိုတာစတင်ဖြစ်ဖြစ်ခြင်းမှာဘဲ န၀တ စီစဉ်ဖန်တီးထားတဲ့ န၀တ ရဲ့ စစ်တပ် လက်ကိုင်တုတ် အဖွဲ့ အစည်း တခု ဖြစ်လာတယ်။ ကေအဲန်ယူ ရဲ့ မာနယ်ပလော ဌာနချုပ်ကို ဗမာ စစ်သားတွေ ရဲ့ရှေ့ ဆုံးကနေပြီး တက်တိုက်ခဲ့ရတာ အဓိကသက်သေတခုပါဘဲ။

အဲဒီနောက်ပိုင်း ဒီကေဘီအေ ထဲမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ (ခိုင်းစားလို့ ရမဲ့သူ) ကို စစ်အုပ်စုက စီးပွားရေး အခွင့်အရေးတွေ တချို့ ပေး ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု တွေကို မသိကျိုးကျွန်ပြု မျက်စိမှိတ်နေခဲ့ကြတာကို တွေ့ ရတယ်၊ ဒါတွေဟာ တကယ်အဖြစ်မှန်ပါ၊

ဒီအေဘီအေ တပ်ဖွဲ့ အထဲကိုလည်း တပ်သားအင်အားများလာစေဖို့  ရဲဘော်သစ်တွေ စုဆောင်းရာမှာ သေသေချာချာ စီစစ်ခြင်းမရှိဘဲ အရေအတွက်များလာရင်ပြီးရောဆိုပြီးတော့ ပေါက်တတ်ကရ လူတွေ လက်ခံခဲ့လို့  မြန်မာပြည်အတွင်းမှာ လုပ်စားကိုင်စား မရတဲ့ အလုပ်မရှိ အကိုင်မရှိ ကလေကချေတွေ၊ ပေါက်လွတ်ပဲစားတွေ နဲ့  ကရင်လူမျိုး မဟုတ်တဲ့ ကုလားဒိန်တွေ ၊ အညာသားဗမာတွေ ၀င်ရောက်လာ တဲ့အတွက် ဒီကေဘီအေ ဆိုတဲ့ အမျိုးဘာသာ သာသနာတော်ကို ပြန့် ပွားစေမဲ့ တပ်မတော်သားတွေ ထဲမှာ စစ်အုပ်စုရဲ့ သူလျှိုဒလန်တွေဟာ ဒုနဲ့ဒေး ဖြစ်လာကုန်တယ်၊ဒီကေဘီအေ ကို အနီးကပ်ထိန်းချုပ်တဲ့သဘောပေါ့၊ ဘာဘဲလုပ်လုပ် ဘာတခုမှ ဖုံးလို့ ဖိလို့ မရတော့ဘူး။

အဲဒီနောက် ဒီကေဘီအေ တွေဟာ အမျိုးဘာသာ သာသနာတွေ ထွန်းကားဖို့ ကိစ္စ ကို ဘာတခုမှ မယ်မယ်ရရ မလုပ်နိုင်တော့ဘဲ၊ အာဝါဒေးတွေ၊လောင်းကစားတာတွေ၊ မူးယစ်ဆေးဝါးသုံးတာတွေ၊ အပျော်အပါးလိုက်စားတာတွေနဲ့ အချိန်တွေ ကုန်ခဲ့တဲ့အတွက် ဆရာတော် ဦးသုဇန ကိုယ်တိုင် ဒီကေဘီအေ ကို မထိန်းနိုင်တော့ဘူး ဆိုပြီး ကေအဲန်ယူကို ပြန်အပ်မယ်လို့ ၂၀၀၆ ခုနှစ် အစောပိုင်းမှာ ကေအဲန်ယူ ကိုအဆက်အသွယ်လုပ်တွေ့ ဆုံခဲ့ရတဲ့အထိဖြစ်လာတယ်။ ဒါဟာ ဒီကေဘီအေ က အမျိုးဘာသာ သာသနာ ကို ထိထိရောက်ရောက် ဘာမှမလုပ်ပေးနိုင်တာကို အသိပေးရခြင်းဖြစ်တယ်။

နောက်တခုက
န၀တ ဟာ ငါးကြင်းဆီနဲ့  ငါးကြင်းကိုကြော်စားတဲ့နည်းအားသုံးပြီး ဒီကေဘီအေ ကို ရှေ့တန်းအဖြစ် မောင်းတင် တိုက်ခိုက်ခဲ့လို့  ကေအဲန်ယူ ဌာနချုပ် မာနယ်ပလောဌာနချုပ်ကို အကျအဆုံး နည်းပါးစွာနဲ့ ရလိုက်ပါတယ်။ အဲဒီအတွက် စစ်အုပ်စုဟာ သူတို့ ရဲ့လက်ကိုင်တုတ်ဖြစ်မဲ့သူတွေ (ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်တချို့)ကို စီးပွားရေး အပိုင်စားတွေပေးပြီး သိမ်းသွင်းခဲ့တယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ဒီကေဘီအေထဲမှာ စီးပွားရေး ဦးနှောက်သမားတွေ မရှိလို့  မိမိအကျိုးကိုဘဲ ကြည့်တတ်လုပ်တတ်တဲ့ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ဟာ ဒီကေဘီအေ တို့ဖက်ကို ဘက်ပြောင်းပြီး ၀င်ရောက်လာချိန်မှာတော့ ဒီကေဘီအေဟာ ပုံစံတမျိုးပြောင်းလဲလာခဲ့တယ်။ အမျိုးဘာသာ သာသနာအတွက်မဟုတ်တော့ဘဲ လူတစု (သို့ ) လူတဦးတယောက်အတွက်သာ ဖြစ်လာခဲ့တာတွေ့ ရပါတယ်။

မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ ဟာ ဒီကေဘီအေ ဗဟိုအတွက် လိုအပ်တဲ့ ငွေကြေးတွေကို နအဖ မသိကျိုးကျွန်ပြုထားတဲ့ မသမာတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို အသုံးချပြီး ငွေတွေကိုရှာခဲ့ကြတယ်။ ရတဲ့ငွေတွေထဲက မစို့ မပို့ လောက်ကို ဒီကေဘီအေ ဗဟို ရပ်တည်နေနိုင်ရေးအတွက် ပေးပို့ ခဲ့တယ်။ ကျန်တာတွေကိုတော့ သူတို့ ရဲ့ တဦးပိုင်ကိုယ်ကျိုးဖြစ်လာခဲ့တယ်။ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး တို့ နဲ့  အတူ လုပ်ပိုင်ခွင့် ပေးထားတဲ့ သူတချို့ လဲ သူတို့ ရဲ့ကိုယ်ကျိုး အစွန်းအမြတ်တွေ ရရှိလာပါတယ်။

ဒီကေဘီအေ ရဲဘော်တွေမှာတော့ ဘာမှထူးခြား ကြီးပွားချမ်းသာလာတာ မတွေ့ ရဘူး၊ အားလုံးရဲ့ အကျိုးအမြတ်ဟာ တဦးတယောက် အတွက်ဘဲဖြစ်လာတာကို တွေ့ ရပါတယ်။

လက်ရှိ ဇွန်လဆန်းပိုင်းမှာ လုပ်ခဲ့တဲ့ တပ်မဟာ(၇) ရှင်းလင်းရေး စစ်ဆင်ရေးမှာ ဒီကေဘီအေ ထဲက သဘောတူတဲ့သူ သိပ်မရှိဘူး၊ မောင်ချစ်သူ လုပ်စာကို ဘဲထိုင်စားရတဲ့အတွက် ဘာမှပြန်မပြောရဲဘဲ မောင်ချစ်သူ ရဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ရတာဖြစ်တယ်၊
နယ်ခြားစောင့်တပ်ဖြစ်ဖို့ အရေး တပ်မဟာ(၆)နဲ့ တပ်မဟာ(၇) ကို ရှင်းလင်းဖို့ တာဝန်ယူရမဲ့သူတွေ ကတော့ မောင်ချစ်သူနဲ့နှုတ်ခမ်မွှေး ဖြစ်တယ်၊ နအဖနဲ့ လက်မှတ်ထိုးပြီး စာချုပ်ရတဲ့အထိ နအဖ မှ ကိုင်တွယ်နိုင်ခဲ့တာတွေ့ ရတယ်။
တပ်မဟာ(၆)ကို နှုတ်ခမ်မွှေး က အခုနှစ် ဧပြီလမှာစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ဇွန်လမှာ တပ်မဟာ(၇)ကို မောင်ချစ်သူ က စစ်ဆင်ရေးစခဲ့တယ်၊ နှုတ်ခမ်မွှေး လုပ်ခဲ့တဲ့ တပ်မဟာ(၆) စစ်ဆင်ရေး ကို ဒီကေဘီအေ အထဲမှာ မကြိုက်မှန်း မပြောခဲ့ပေမဲ့ မောင်ချစ်သူ လုပ်ခဲ့တဲ့ တပ်မဟာ(၇) စစ်ဆင်ရေး ကို
ဒီကေဘီအေ ထဲမှာ လုံးဝလက်မခံတဲ့အကြောင်း သိသိသာသာပြောလာတာတွေ့ ရတယ်။

ဒီကေဘီအေ ရဲ့ဗဟိုပိုင်းမှာလဲ တဖက်နဲ့တဖက် လွန်ဆွဲလာတာတွေ တွေ့ ရပါတယ်၊ ဘာဖြစ်လို့ လဲ တော့ တပ်မဟာ(၇) ကို ပြုလုပ်တဲ့စစ်ဆင်ရေးဟာ ကေအဲန်ယူဖက်က အကျအဆုံးဆိုလို့ (၉) ယောက် လောက်ဘဲ ရှိတယ်၊ ဒီကေဘီအေဖက်မှာတော့ အကျအဆုံးအသေအပျောက်(၂၀၀) ကျော်လောက်ရှိ ခဲ့တယ်ဆိုတော့ ပေးဆပ်ရမှုက မတန်တဆဘဲ၊ နောက်ပြီးသေဆုံးဒဏ်ရာရသူတွေဟာ ဘာအတွက် သူတို့ တိုက်နေတာလဲ သူတို့ တွေ ပေးဆပ်ခဲ့လို့  ဒီကေဘီအေ (သို့ ) ကရင်အမျိုးသားတွေ အတွက် ဘာအကျိုးအမြတ်တွေ ရလာမှာလဲ ဆိုတာတွေကို သူတို့ ရဲ့ မိဘတွေ သူတို့ ရဲ့မိသားစုတွေ စဉ်းစား လာကြပြီးဖြစ်တယ်၊ သေဆုံးသွားတဲ့သူတွေအတွက် နစ်နာကြေး၊ ဒဏ်ရာ ရသူတွေအတွက် ဘ၀ အာမခံရေး ဘယ်လောက်ရှိလဲ၊ ဘာတွေရရှိခံစားရလို့ လဲ ဆိုတာတွေ တွေ့ မြင်သိရှိလာရတယ်။

တကယ်အကျိုးအမြတ် ထွက်သွားတာက မောင်ချစ်သူ ဟာ နယ်ခြားစောင့်တပ် ဗိုလ်ချုပ်ဖြစ်ဖို့ နဲ့ နအဖရဲ့နယ်ခြားကို စောင့်ပေးမဲ့ ဒီကေဘီအေ အဖြစ်သာ ရောက်ရှိနေတာကိုသာ တွေ့ ရတယ်၊ သေဆုံး သွားခဲ့သူတွေဟာ ဘယ်သူလဲ၊ ဒဏ်ရာ ရရှိခဲ့သူတွေဟာ ဘယ်သူလဲ၊ သေချာစဉ်းစားပြီး တည့်တည့်ကြည့်ရင် ကိုယ်တို့ ကရင်အမျိုးသားတွေဘဲဖြစ်တယ်၊ အဲဒီလိုဖြစ်အောင် ဘယ်သူက လုပ်တာလဲ၊ တပ်မဟာ(၇)ဟာ သူဘာသာသူ အေးအေးဆေးဆေး နဲ့ ကရင်အမျိုးသားတွေ အတွက် လုပ်နေတာဘဲ၊ ဒီကေဘီအေ စခန်းတခုခုကို ကေအဲန်ယူက သွားတိုက်တာလား မကြားမိပါဘူး၊ ကိုယ်တို့ ဒီကေဘီအေက ဘဲ ကေအဲန်ယူစခန်းကို သွားတိုက်တာ၊ ကေအဲန်ယူ ဟာ ဘယ်သူတွေလဲ၊ ကရင်တွေဘဲ၊ ဒီကေဘီအေ ဘယ်သူတွေလဲ၊ ကရင်တွေဘဲ၊ သူတို့ တွေဟာ ဘာတွေလုပ်ဖို့  ကြွေးကြော်ထားလဲ၊ ကရင်အမျိုးသားတွေအတွက် လုပ်မယ်လို့ ပြောတဲ့ အဖွဲ့ တွေချည်းဘဲ၊ ကရင် အမျိုးသားတွေအတွက် လုပ်မဲ့သူတွေအချင်းချင်း တိုက်ပွဲတွေဖြစ်နေတယ်၊ သေနေတယ်၊ ဒဏ်ရာ တွေ ရနေတယ်၊ ဘယ်သူဝမ်းသာလဲ၊ ဒီကေဘီအေ ၀မ်းသာလား၊ ကေအဲန်ယူ ၀မ်းသာလား၊ သေချာ စဉ်းစားကြည့်ပေါ့၊

အဲဒါကို ၀မ်းသာနေတဲ့ သူတစု ရှိနေတယ်ဆိုတာ သေချာတယ်၊ သူတို့ ကတော့ ဒီကေဘီအေ ကို ဖြစ်ပေါ်အောင် ဖန်တီးပေးခဲ့တဲ့ နအဖ ဆိုတဲ့ ဗမာ စစ်အုပ်စု ဘဲဆိုတာ မြေကြီးလက်ခတ်ရင်လွဲမယ်၊ နအဖ စစ်ခေါင်းဆောင်တွေဟာ စိတ်ထဲမှာကြိတ်ရီပြီးတော့ ၀မ်းသာလို့ ဆို့ နေတယ်ဆိုတာဘဲ။

အဲဒီလောက်အခြေအနေဆိုရင်တော့ ရဲဘော်တို့ အခြေအနေမှန်ကို သိလောက်ပြီးပေါ့၊ အခုစစ်ဆင်ရေး မှာ ကိုယ်တို့ ကရင်တွေအတွက် ဘာမှအကျိုးမရှိတဲ့အပြင် အောင်ပွဲခံ့ပြန်မဲ့ ကိုယ်တို့  ဒီကေဘီအေ က တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှူး စောဆန်ပြုတ် တောင် အမည်မသိတဲ့ သေနတ်သမား တစု ပစ်ခတ်လို့ ဖူးမော်ကလာက သူ့ နဲ့ သက်တော်စောင့်အဖြစ်ထားဖို့ ခေါ်သွားခဲ့ပြီးမဟုတ်လား။

ကိုယ်တောင်မှ ပထမအသုတ်မှာပါသွားလို့ ကံကောင်းလို့ လွတ်လာတာ၊နို့ မဟုတ်ရင်တော့ အခုချိန်ဆို ကိုယ်လဲရဲဘော်တို့ ဆီကို အဖြစ်မှန် စာလဲ ရေးနိုင်တော့မှာမဟုတ်ဘူ။

ကိုယ်တို့  ဒီအတိုင်းဘဲဆက်လုပ်နေရင်တော့ နအဖ စစ်တပ်လုံးလုံး ဖြစ်သွားရမဲ့ ဒီကေဘီအေ အဖြစ် ကိုယ်တို့ ကို ကရင်အမျိုးသားတွေအနေနဲ့  တမျိုးသားလုံးရဲ့ သစ္စာ ဖေါက်အဖြစ် သတ်မှတ်လိုက်ပြီး ဆိုရင်တော့ ကိုယ်တို့ အတွက် နေစရာမြေမရှိတော့ဘူးလို့ ထင်မြင်မိတယ်။

ဒါကြောင့် အခုကိစ္စ ကို ဖြစ်ပေါ်အောင်ဖန်တီး ခဲ့တဲ့ မောင်ချစ်သူနဲ့ အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေကို ရဲဘော်တွေ ခုအချိန်က စပြီး ဆန့် ကျင်ဖို့ အချန်တန်ပြီး၊ ဒါမှသာ ကိုယ့်တို့ တွေဟာ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်ပေးမဲ့၊ ကိုယ်တို့ ကရင်အမျိုးသားရေး ကို တကယ် လုပ်ဆောင်ပေးမဲ့ သူတွေဖြစ်တယ်ဆိုတာကို ရရှိမှာဖြစ်တယ်။ ကိုယ်တို့ ဒီကေဘီအေ တွေလဲ နအဖရဲ့ လက်အောက်ခံ စစ်တပ် အဖြစ်ကနေ လွတ်ကျွတ်မှာဖြစ်တယ်၊ ကိုယ်တို့ ဒီကေဘီအေ လည်း ကိုင်စွဲခဲ့တဲ့ စောဘဦးကြီး ရဲ့ မူ ဟာလည်း တကယ့်ကို စစ်မှန်ကြောင်း ပြသဖို့ လိုပြီးရဲဘော်တို့ ။

ဒီကေဘီအေ ရဲဘော်များ အားလုံး ကရင်အမျိုးသားအကျိုးအတွက် အမှန်တကယ်ထမ်းဆောင်ပေးမဲ့  သူတွေဖြစ်လာကြပါစေ။

(စစ်ဆင်ရေးကာလ တလျှောက် သေဆုံး ဒဏ်ရာ ရသွားသော ဒီကေဘီအေ ရဲဘော်များ အတွက် ၀မ်းနည်းလျှက်၊ နစ်နာကြေးများနှင့် ကျန်ရှိနေသည့် ဒဏ်ရာ ရ ရဲဘော်များအတွက် ဘာမှ အကူအညီ မပေးနိုင်သည်ကို တောင်းပန်လျှက်)

ဇွန်လအတွင်း ဒီကေဘီအေမှ ကေအဲန်ယူ တပ်မဟာ(၇) သို့  ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ သည့် တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှ တပ်မှူးငယ်တဦး။

နေ့ စွဲ၊ ဇွန်လ(၂၈)ရက်နေ့ 
Posted by Thaw Thi Kho at 2:45 AM 0 comments
Labels: ပြည်တွင်းအီးမေးတစ်စောင်မှလက်ခံရရှိသည်

Sunday, June 21, 2009

Dkba Cry Out

Friday, May 15, 2009

KNU leadership cracks down on maverick

http://jegsburma.blogspot.com/2009/05/knu-leadership-cracks-down-on-maverick.html
Tuesday, May 12, 2009

KNU leadership cracks down on maverick
.fullpost{display:inline;}
By Daniel PedersenHtaw told ‘this is the last time’Karen National Union executive committee member David Htaw is treading on thin ice after an executive meeting called him to task last week in Karen State’s north.A wide-ranging interview he gave to The Irrawaddy in March was at the base of complaints, but it is understood concerns about his behaviour run much deeper.Htaw was told he had broken ranks in the March interview and was not a Karen National Union spokesman.The interview raised eyebrows and gave birth to wild rumours among KNU watchers, with many believing his antagonistic stance towards the current leadership was steeped in bitterness at his standing among his peers.The KNU executive committee yesterday said Htaw had deliberately misled The Irrawaddy, the public and systematically gone about attempting to destroy the KNU’s public image and had interfered with its political structure.Some went as far to suggest he was playing power games to undermine stability.He was given a “last warning” and will now be further isolated from the main body of the central executive, where he has always been considered something of an outsider.He criticised the KNU leadership, newly-elected in October last year, for operating from Thailand.Htaw said KNU leaders should live with their commanders or face dissipating morale among the KNU rank and file.Htaw lives in Chiang Mai and has done so for years.He also singled out the Karen National Liberation Army’s Special Battalions for criticism, saying because they were led only by the late General Bo Mya’s sons, it gave the appearance of a “family army”.He said this did not sit well with soldiers and commanders alike.A senior member of one of the special battalions was left perplexed by Htaw’s statements, saying: “So where does that leave the special battalions, are we outlaws now?”While a senior KNU figure said Htaw was “not a strong man [in the KNU]” and he did not have the support to wreak havoc, any suggestion of yet another split would be damaging at a time the KNU could ill-afford.But the new administration’s mistrust of Htaw runs far deeper.An office-holder of the central executive was furious about the March interview, saying Htaw “had to be expelled” before last week’s meeting, which ended on May 4.He said Htaw was currently building three houses in Chiang Mai and had been taking spurious advice and money from a non-governmental organisation with open political affiliations.“I told him not to listen to them, but he did not take may advice,” said the KNU heavyweight.Others said Htaw had been a problem ever since the KNU jungle stronghold of Mannerplaw fell in 1995.Htaw also said the KNLA had no more than 3,000 soldiers, a figure hotly disputed by the KNU.The new leadership of the KNU, elected after the death of former chairman Pado Ba Thin Sein last year, is considered by some in the Karen rank and file to be hard line.But others say they have been elected because they will not compromise on principles and, at a time when serious rifts and defections have weakened the KNU and its image, such leadership is much needed.Said one EC member: “You can compromise on many things, and I believe in compromise, but you cannot compromise on a principle.”It is understood only the KNU’s constitution saved Htaw from immediate expulsion.Printed by Permission: Daniel Pedersen Organisation

Sunday, May 10, 2009

၇ မေ ၂၀၀၉

တခြား အပစ်ရပ်အဖွဲ့တွေနဲ့ မတူဘဲ သမိုင်းကြောင်းကြီးမားတဲ့ KNU ကို စည်းရုံးဖို့ ခက်ခဲနိုင်လို့ နအဖရဲ့  သတင်းစာတွေမှာ စိတ်ဓာတ်စစ် ဆင်ရေး နည်းဗျူဟာအရ ယခင်က ဆောင်းပါးများတွင် “ငမြ” လို့ ရေးသားခဲ့ရာမှ ဗိုလ်ချုပ် “မြ” လို့ ပြောင်းလဲခေါ်ကာ “ဖား” လာခဲ့ရပြန်ပါတယ်။ ဗိုလ်ခင်ညွန့်ကိုယ်တိုင် “ဖထီး”လို့ ရိုရိုသေသေ ခေါ်လာရပြီး မွေးနေ့ပွဲ ကျင်းပပေးတဲ့အထိ ဖြစ်လာပါတယ်။KNU နဲ့ နအဖရဲ့  တွေ့ဆုံဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မြဟာ နှစ်ဖက်စလုံး ရိုးသားဖို့ လိုကြောင်း၊ ဒီဆွေးနွေးပွဲဟာ ဗိုလ်ချုပ်ခင်ညွန့်အပြင် ထိပ်ပိုင်းက နှစ်ဦးကပါ သိရှိသဘောတူညီဖို့ လိုကြောင်း၊ DKBA အပါအ၀င် နအဖနဲ့ ပူးပေါင်းထားတဲ့ KNU ခွဲထွက်များကို KNU လက်အောက်သို့ ထည့်သွင်းရန် ရှိ မရှိ ဗိုလ်ခင်ညွန့် အား မေးမြန်း ပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်ခင်ညွန့်က ဒီဆွေးနွေးပွဲဟာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ နှစ်ဦးစလုံး သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းကို တတ်နိုင်သမျှ သင်ပုန်းချေဖို့ လိုကြောင်း၊ သူ့အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေ တော်တော်များများကို စည်းရုံးသိမ်းသွင်းနိုင်တဲ့အချိန်မှာ တခုတည်းသာ ကျန်ရှိတဲ့ KNU ကို ငြိမ်းချမ်းရေး အတွက် ပါဝင်ဖို့ ဆန္ဒပြင်းပြလျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မြရဲ့  ဇာတိချက်မြေ ထီးမူးခီးရှိတဲ့ တပ်မဟာ (၅) နယ်မြေ၊ တပ်မဟာ (၇) နယ်မြေ၊ တပ်မဟာ (၆) နယ်မြေ အချို့ကို KNU အား ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် အကြမ်းဖျင်းပေးရန် လျာထား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရွာရှောင် လူထုများ မိမိတို့ နေရပ်သို့ ပြန်လည်အခြေချခွင့်ပြုရေးကို ဆွေးနွေးခဲ့ကြပါတယ်။ဒီနေရာမှာ ဗိုလ်သန်းရွှေရဲ့  တင်းမာတဲ့ မူဝါဒတွေအတိုင်း ဆက်လက်ဆွေးနွေးမယ်ဆိုရင် ရိုးသားမှုနဲ့ ယုံကြည်မှု မရှိသရွေ့ KNU နဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်သလို အပစ်ရပ်အဖွဲ့တွေရဲ့  လုံခြုံရေး၊ ရပ်တည်ရေးအရ အချိန်အတိုင်းအတာ တခုအထိ လက်နက်ကိုင်ဆောင်ခွင့် ဆက်လက်ပြုပေးရမှာဖြစ်ကြောင်း၊ နိုင်ငံရေးအရ နာမ်နှိမ် ဦးချိုးတဲ့ အကျင့်ဆိုးကို KNU အား လုပ်လို့မရကြောင်း ဗိုလ်ခင်ညွန့်အနေနဲ့ ကောင်းစွာ နားလည်သဘော ပေါက်ခဲ့ပါတယ်။ဒါကြောင့်လည်း ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်ကို မတင်ပြသေးဘဲ ဗိုလ်ခင်ညွန့်ဟာ ဗိုလ်သန်းရွှေရဲ့  စိတ်လက်ကြည်လင်မှု အခြေအနေအား စောင့်ဆိုင်းပြီး နောက်ကျမှ နိုင်ငံရေး အမြတ်ရရှိမှု အကျိုးရလဒ်တွေနဲ့ နှိုင်းယှဉ်ရှင်းလင်းကာ KNU လိုလားချက်ကို လိုက်လျောအောင် ဖျောင်းဖျ ပြောဆိုမည်ဟု ကြံရွယ်ထားပြီး လောလောဆယ် ငြိမ်းချမ်းရေး အမြန်ရယူ risk ယူဖို့သာ “ဇော” ကပ်နေခဲ့ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ခင်ညွန့် ဖမ်းဆီးခံသွားရချိန်မှာ ဗိုလ်ရွှေမန်းတို့က KNU နဲ့ ဗိုလ်ခင်ညွန့်တို့ ညှိနှိုင်း ဆွေးနွေးချက်တွေဟာ လျှို့ ဝှက်လွန်းပြီး ထိပ်ပိုင်းကို အသိမပေးခဲ့ဘူးလို့ မတရား စွပ်စွဲခဲ့ပါသေးတယ်။ နအဖရဲ့  ကမ်းလှမ်းချက်အရ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူးကို ကော့ကရိတ်မြို့သို့ ထပ်မံခေါ်ယူ ဆွေးနွေးခဲ့ပါသော်လည်း ဗိုလ်ခင်ညွန့် ဖမ်းဆီးခံလိုက်ရလို့ ဆွေးနွေးပွဲ ရေချိန်ကျသွားခဲ့ပါတယ်။အဲဒီ ဆွေးနွေးပွဲသို့ သွားရမယ့် ခရီးစဉ်မှာ ဗိုလ်ချုပ်မူတူးနဲ့ ဗိုလ်ချုပ်မန်းကျော့ဖေ တို့အား တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ကရင်ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုလက်ခံကာ ကော့ကရိတ်မြို့သို့ ခြေကျင် လိုက်ပါပို့ဆောင်ဖို့ ကြိုးစားကြတဲ့အတွက် နအဖက စိုးရိမ်တကြီး တားဆီးကာ ဗိုလ်ချုပ်မူတူးတို့အား မူလ လာမယ့်လမ်းကို ခွင့်မပြုတော့ဘဲ မြ၀တီမှတဆင့်သာ ပြန်ဝင်ခိုင်းခဲ့ပါတယ်။ဗိုလ်ခင်ညွန့် မရှိတော့တဲ့နောက်ပိုင်းမှာတော့ နအဖ ဗိုလ်ချုပ်များက ဗိုလ်သန်းရွှေကို ပြန်လှန်မပြောရဲကြလို့ Gentlemen agreement ဟာလည်း ပျက်ပြယ်သွားပြီ ဖြစ်ကြောင်းကိုသာ မျက်နှာပြောင်တိုက်ကာ KNU ကို ပြောကြားခဲ့ပါတယ်။နအဖဟာ KNU ကို နယ်မြေပေးမည်ဆိုရာတွင် ဘုရားသုံးဆူ မြောက်ခြမ်း တပ်မဟာ (၆) နယ်မြေဟု ကြားသိရသော်လည်း အဲဒီနယ်မြေမှာ DKBA နဲ့ NMSP တပ်ဖွဲ့များရှိနေရာ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းရုံ စိတ်ထား မူမမှန်တာကြောင့် နအဖရဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်သာ ဖြစ်ကြောင်း တွေ့ရပါတယ်။ ကရင်ခွဲထွက်တွေနဲ့ တွေ့ဆုံပွဲ တခုမှာ စရဖ အကြီးအကဲ ဗိုလ်ရဲမြင့်က အပစ်ရပ်တွေ ကိုင်ထားတဲ့ လက်နက်တွေဟာ သူတို့လက်နက်တွေ လောက် အစွမ်းမထက်ကြောင်း ခြိမ်းခြောက်တဲ့ လေသံမျိုး ပြောခဲ့ပါ တယ်။နအဖရဲ့  သဘောထား မူမမှန်ကြောင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်မြ သိရှိသွားပြီးတဲ့နောက် သူ့ကျန်းမာရေး မကောင်းလို့ ဆေးရုံတက် နေချိန်မှာ နအဖက ဆေးကုသခွင့် စရိတ်ပေးပြီး ရန်ကုန်မှာ ဆေးကုဖို့် မြူဆွယ်စည်းရုံးမှုအား ပြတ်သားစွာ ငြင်းပယ် ခဲ့ပါတယ်။DKBA အား နယ်ခြားစောင့်တပ်အဖြစ် တာဝန်ပေးမယ်လို့ သိရလို့ KNU အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီး ၀င်သွားခဲ့ရင်တောင် DKBA လို အခွင့်အရေး တန်းတူ နအဖက ပေးမှာမဟုတ်သလို DKBA ကိုယ်နှိုက်ကလည်း KNU နဲ့ ပေါင်းစပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ကြောင်း ပြောကြားလာနေပြီ ဖြစ်ပါတယ်။DKBA ဟာ KNU ၀င်ရောက်လာပါက ရရှိထားတဲ့ အခွင့်အရေးများ လက်လွတ်ဆုံးရှုံးသွားမှာ စိုးရိမ်ကာ နအဖအား မျက်စိမှိတ်ထောက်ခံခဲ့ပြီး ယခုအခါ နယ်မြေ ဧရိယာချဲ့ထွင်တဲ့ အနေနဲ့ သမိုင်းကြောင်းအရ ခြေမချခဲ့ဖူးတဲ့ တပ်မဟာ (၆) နယ်မြေ ဝေါလေခီးစခန်းကိုတောင် ရအောင် နအဖဘက်က ကူညီတိုက်ခိုက်ခဲ့ပါတယ်။အခုနောက်ပိုင်းမှာ နိုင်ငံတကာအနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားပေးမှု မပြုတော့တာလည်း နအဖအတွက် အားတက်စရာ ဖြစ်ခဲ့ပြီး KNU နဲ့ အစစ်အမှန် ငြိမ်းချမ်းရေးအတွက် မကြိုးစားတော့တာ တွေ့ရပါတယ်။သို့သော်လည်း နိုင်ငံတကာနဲ့ ပြည်သူလူထုက ထောက်ပြစရာ ဖြစ်မှာမို့ နအဖဟာ KNU ကို တိုက်ရိုက် ဆွေးနွေးရင် ရရက်သားနဲ့ ထိုင်းနိုင်ငံမှတဆင့် KNU အား ဖိအားပေးစေကာ ဟန်ပြ ငြိမ်းချမ်းရေး စကားပြောနေပါတယ်။ ဆွေးနွေးပွဲ ပျက်ရင်တောင် နအဖက သူ့ကြောင့် မဟုတ်ဘဲ ထိုင်းနိုင်ငံနဲ့ KNU ကိုသာ လက်ညှိးထိုးဖို့ ကြံရွယ်ပြီး ဖြစ်ပါတယ်။ တဖက်ကလည်း နအဖဟာ KNU ကို ထိုးစစ်ဆင်နေပြန်ပါတယ်။KNU နဲ့ ငြိမ်းချမ်းရေး ရသွားရင် စစ်အာဏာရှင်တွေအနေနဲ့ စစ်ရေးအကြောင်းပြပြီး နိုင်ငံရေးမှာ စစ်တပ်ကြီးစိုးဖို့ အခွင့်အလမ်း မရှိတော့မှာကို အထူးစိုးရိမ်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်လို့ရလျက်သားနဲ့ မလုပ်ဘဲထားတာဟာ စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံတကာအား မြန်မာနိုင်ငံဟာ “မငြိမ်းချမ်းသေး” ဆိုတဲ့ အကြောင်းပြချက် ကောင်းအောင် KNU ကို မွေးထားခြင်းသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ

ဒီအပိုင်းမှာတော့ မြန်မာ့နိုင်ငံရေး၊ စစ်ရေးသမိုင်းကြောင်းတွေမှာ တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိဖို့ တစိုက်မတ်မတ် အရှည်ကြာဆုံး တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပေါ် ထားရှိသော နအဖရဲ့  မူဝါဒတွေနဲ့ အတွင်းရေး ဇာတ်လမ်းတွေ၊ ပြုမူဆောင်ရွက်ခဲ့ပုံတွေ၊ ထိပ်ပိုင်း သဘောထား ကွဲလွဲခဲ့ပုံတွေကို ဆက်လက် ဖော်ထုတ်တင်ပြသွားပါ့မယ်။ကေအန်ယူရဲ့ တော်လှန်ရေး သမိုင်းတလျှောက်ကို ကြည့်ရင် စစ်အာဏာရှင်များအား စစ်မြေပြင်တွင်သာမက အစိုးရရုံးစိုက်ရာ ရန်ကုန်မြို့ တော်အထိ တိုက်ရိုက်ခြိမ်းခြောက်နိုင်ခဲ့တဲ့ စစ်ရေးစွမ်းရည် စွမ်းဆောင်မှုတွေ ရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ဦးနေ၀င်းလက်ထက်တွင် ရန်ကုန်မြို့တော်ရှိ မြန်မာ့အသံလွှင့်ဌာန အဆောက်အဦကို ကေအန်ယူ တပ်မဟာ (၇) မှ ကွန်မန်ဒိုများက ပစ်ခတ်နိုင်ခဲ့ပြီး “စိန်ခေါ်နေတဲ့ ဧရာဝတီ” ဆိုတဲ့ ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးတပုဒ်တွင် တင်ပြပြီးခဲ့သလို ဧရာဝတီတိုင်းလိုမျိုး အဖြူရောင်နယ်မြေကိုတောင် ကေအန်ယူက ထိုးဖောက် တိုက်ခိုက် နိုင်သည်အထိ ထက်မြက်ခဲ့ပါတယ်။တပ်မတော်ရဲ့  တိုက်ပွဲကြီးများနဲ့ ပတ်သက်ပြီး စစ်ရုံးရှိ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးရဲ့ သင်ခန်းစာ ဖော်ထုတ် လေ့လာသုံးသပ်ချက်များအရ အခက်အခဲဆုံး စံချိန်တင်ထိုက်တဲ့ တိုက်ပွဲတွေထဲမှာ ကေအန်ယူနဲ့ တိုက်ခဲ့တဲ့ မဲသဝေါ၊ ၀မ်ခ (အသစ်၊ အဟောင်း) တိုက်ပွဲကြီးများဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ဗကပဟာ သမားရိုးကျ စစ်ကို ကျွမ်းကျင်သော်လည်း စစ်တပ်ရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာကြောင့် ကျဆုံးခဲ့ရပါ တယ်။ ကေအန်ယူအနေနဲ့တော့ မဆုတ်တမ်း ခံစစ်နည်းဗျူဟာကဲ့သို့ သမားရိုးကျ စစ်ရော မိုင်းစစ်ဆင်ရေး အပါအ၀င် ပြောက်ကျားစစ်ပါ ရောမွှေသုံး တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ကရင်ပြည်သူလူထုကပါ ထောက်ခံခဲ့တဲ့အတွက် နအဖရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာ မအောင်မြင်ခဲ့ဘဲ ယနေ့အထိ ရှင်သန်ရပ်တည်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ကေအန်ယူဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်စပ်ကာ လက်လှမ်းမီ ပေါက်ရောက်ခဲ့သလို ပညာတတ် ပုဂ္ဂိုလ်များစွာလည်း ပါရှိနေပြီး ထိုင်းနိုင်ငံကို အကျိုးကျေးဇူး များစွာ လုပ်ပေးခဲ့ပါတယ်။ ကေအန်ယူအနေနဲ့ အတိုက်အခံအဖွဲ့အစည်းများ အားလုံးရဲ့ မှီခိုရာအရိပ်ဖြစ်ခဲ့ပြီး တော်လှန်ရေးရဲ့  ဗဟိုဟန်ချက်အဖြစ်လည်း ရပ်တည် ပေးခဲ့ပါတယ်။ဒါ့အပြင် အာရှလမ်းမကြီး ဖောက်လုပ်မှု စီမံကိန်းနဲ့ ဟတ်ကြီး (သံလွင်) ရေအားလျှပ်စစ်စီမံကိန်းအပေါ် ကေအန်ယူရဲ့  ကန့်ကွက်ချက်၊ မဲသရောထ ကြေညာချက်တွေကြောင့် နအဖက ရန်သူ့စာရင်း ပစ်မှတ်အမျိုးအစားထဲမှာ ကေအန်ယူအား ထိပ်ဆုံးနားမှာ သတ်မှတ်ထားခဲ့ပါတယ်။ပထမတော့ အမျိုးသားညီလာခံ ကျင်းပခါနီးမှာ စစ်အာဏာရှင်တွေဟာ မဟာဗျူဟာ (Strategy) အရ ကေအန်ယူ အနေနဲ့ နအဖလက်အောက်သို့ ၀င်လာပါက အပစ်ရပ် တိုင်းရင်းသားတွေ အားလုံးရဲ့  legitimacy ထောက်ခံအား ဖြင့် ပြည်တွင်းထောက်ခံမှု ရနေတဲ့ အန်အယ်လ်ဒီကို နိုင်ငံရေး အပေါ်စီးရယူကာ အပြုတ်“ချ” ဖို့ ကြံရွယ်ခဲ့ပါတယ်။ဒါ့အပြင် မဟာဗျူဟာ ဒုတိယရည်မှန်းချက်ကတော့ နအဖဟာ ကြည့်လို့မရဖြစ်နေတဲ့ နယ်စပ်က အတိုက်အခံ အဖွဲ့အစည်းတွေရဲ့  လှုပ်ရှားမှုကို သေသွားအောင်၊ အထီးကျန် ဖြစ်သွားအောင် ကေအန်ယူကို ဆွဲခေါ်ဖို့ဖြစ်ပါတယ်။အရင်ကနဦး နအဖအနေနဲ့ မာနယ်ပလောဌာနချုပ်အား သိမ်းလိုက်နိုင်ပြီဖြစ်လို့ ကေအန်ယူကို အလွယ်တကူ စည်းရုံးလို့ရမယ်လို့ ထင်ခဲ့ပါတယ်။ တကယ်တမ်းဆွေးနွေးကြည့်တော့ ကေအန်ယူဟာ နိုင်ငံရေးရင့်ကျက်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေရှိနေပြီး စကားလုံး အသုံးအနှုန်း သုံးစွဲပုံ၊ စာလုံးအကျအနက အစ စိစစ်ခဲ့တာကြောင့် နအဖအနေနဲ့ အံ့သြခဲ့ရပါတယ်။၁၉၉၆ ခုနှစ် ကေအန်ယူနဲ့ နအဖတို့ တတိယအကြိမ်ဆွေးနွေးပွဲ လုပ်ပြီးချိန်မှာ တရားဝင် သတင်းထုတ်ပြန်ရမယ့် ခေါင်းစဉ်ဖြစ်တဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးစကားလုံး အထူးသဖြင့် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ပြီး တရားဥပဒေ ဘောင်ထဲ ၀င်ရောက်လာတယ်ဆိုတဲ့ စကားလုံးအား ပြန်လည် စဉ်းစားပါရစေအုံးလို့ဆိုကာ ကေအန်ယူက အချိန်တောင်းဆိုခဲ့ပါတယ်။လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ခြင်းဟာ ကရင့်ခေါင်းဆောင် စောဘဦးကြီး မူနဲ့ ဆန့်ကျင်နေပြီး တရား ဥပဒေဘောင်ထဲ ၀င်တယ်ဆိုတာကလည်း နအဖရဲ့  တရားဥပဒေတွေဟာ မတရားတာကြောင့် အဲဒီလို စဉ်းစားခဲ့တာ မှန်တယ်လို့ ယူဆမိပါတယ်။အဲဒီနောက် နအဖရဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးခွန်မြတ်တို့ဟာ ကေအန်ယူနဲ့ နှစ်ဖက်ငြိမ်းချမ်းရေး ပြန်လည်ရစေလိုတဲ့ဆန္ဒနဲ့ နယ်စပ်သို့ ထွက်လာခဲ့ရာ အတိုက်အခံအဖွဲ့အစည်း တချို့ က နအဖရဲ့ လှည့်ဖြားမှုကို သိနေလို့ ထောက်ပြကြတဲ့အတွက် အောင်မြင်မှုမရဘဲ ပြန်သွားခဲ့ရပါတယ်။အဲဒီအချိန်မှာ ဗိုလ်သန်းရွှေဟာ ကကလှမ်းမှ ဗိုလ်ကျော်ဝင်း၊ ဗိုလ်ကျော်သိန်းနဲ့ အဖွဲ့ကို ထပ်မံခေါ်ယူပြီး ကေအန်ယူ အား မရိုးမသား လှည့်ဖြားလိုကာ တင်းမာတဲ့သဘောထား မူဝါဒတွေနဲ့ ပြင်ဆင်ချက်တွေ ပေးခဲ့ပြန်ပါတယ်။ အဲဒါကတော့ “ဒီတခါ ကေအန်ယူပြန်လာရင် ယခင်ကလို ကေအိုင်အေ၊ ယူဒဗလျူအက်စ်အေ “၀”နဲ့ ကိုးကန့်တွေလိုမျိုး အဆင့်အတန်းမျိုး မပေးနိုင်တော့ကြောင်း၊ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့ တပ်မဟာ အလိုက် ခွဲထုတ်ဖို့ စည်းရုံးဖဲ့ထုတ်ဖို့ လိုကြောင်း၊ ကေအန်ယူကို လက်ခံခဲ့ရင်တောင် စောသမူဟဲလိုမျိုး လက်နက်ချခိုင်းတဲ့ အခမ်းအနား ပုံစံမျိုး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အဆင့်မျိုးလုပ်ရန် လိုကြောင်း” ညွှန်ကြားခဲ့ပါတယ်။အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို နင်းချေပြီး ဦးကျိုးသွားအောင် လုပ်ခြင်းဖြင့် နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ စောသမူဟဲအား နိုင်ငံရေး သေသွားအောင် ရိုက်ချိုးပြီးမှ ၀င်ခွင့်ပြုခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီကေဘီအေနဲ့ ဖဒိုအောင်ဆန်း၊ စောသမူဟဲအဖွဲ့တွေကိုလည်း ကေအန်ယူရဲ့ လက်အောက်ခံအဖြစ် ထားခွင့်ပြုမှာ မဟုတ်တော့ကြောင်း ထည့်သွင်းပြောကြားရာ ဗိုလ်သန်းရွှေ ပြင်ဆင်ညွှန်ကြားလိုက်တဲ့ အဲဒီလို စည်းကမ်းသတ်မှတ်ချက်မျိုးတွေဟာ တင်းမာပြင်းထန်တဲ့ စည်းကမ်းချက်တွေ ဖြစ်နေပါတယ်။ဗိုလ်သန်းရွှေရဲ့  ညွှန်ကြားချက်အရ ကကလှမ်းဟာ တပ်မဟာ (၄) မှူး ဗိုလ်အော်လီဗာနဲ့ တပ်မဟာ (၆) မှူး ဗိုလ်ရွှေဆိုင်းတို့ကို တိုက်ရိုက်ချဉ်းကပ် စည်းရုံးဖဲ့ထုတ်ဖို့ ကြိုးစားခဲ့ပြန်ပါတော့တယ်။ ဒါပေမယ့် အဲဒီ တပ်မဟာမှူးတွေ ကတော့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြအပေါ် သစ္စာရှိကြပြီး ပြတ်သားစွာ ငြင်းဆန်လိုက်တဲ့အတွက် နအဖဟာ ဗိုလ်ချုပ်ကြီးမြကိုပဲ ထပ်မံ စည်းရုံးဖို့ ကြိုးစားရပြန်ပါတယ်။ မီးစတဖက်၊ ရေမှုတ်တဖက် နအဖရဲ့  စီမံချက် (အပိုင်း-၂)

Friday, May 8, 2009

ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များ
Thursday, October 11, 2007
ကျမတို့ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော ရွှေဝါရောင်တော်လှန်ရေး ကို အရုပ် အသံ များနှင့် တွေ့မြင် သိရှိခဲ့ရပါသည်။ အသက်စွန့်လွှတ်သွားခဲ့သူ ရဟန်းသံဃာ ကျောင်းသားပြည်သူအပေါင်းကို လေးစားစွာ ဦးညွှတ်ရင်း၊ မိမိအတ္တတွေကို တော်လှန်ရင်း အနိုင်ယူကာ၊ စိတ်ဓါတ်စစ်ဆင်ခြင်းဖြင့် ရန်သူ နအဖကို တုန်လှုပ်စေသည့် သူရဲကောင်းများအဖြစ် သတ်မှတ်ဂုဏ်ယူမိပါသည်။ ကျောင်းသားတပ်မတော် ရဲဘော်တဦးရဲ့ ပရင့်ထုတ်ထားသော ဒီဆောင်းပါးကို ဖတ်ရှုမိပြီး ရရှိခံစားလိုက်ရမှုကို မျှဝေပေးချင်စိတ်ဖြင့် ပြန်လည် တင်ပြလိုက်ခြင်း ဖြစ်ပြီး စကားလုံးတိုင်း စာကြောင်းတိုင်းကို သေချာခံစား နားလည်ပေးနိုင်ခဲ့လျှင် ဝေမျှရကျိုးနပ်ပါသည် ဟု ဆိုချင်ပါသည်။
ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များမကြာမီက အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုအတွင်းမှ တိုက်ဖော်တိုက်ဖက်ဟောင်း တဦးနှင့် ကျနော် စကားလက်ဆုံကျ ဖြစ်ခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် အတူပါလာသော ခေတ်ပျက်ဇောတိကများက အာဇာနည်တို့၏ အရိုးပုံပေါ်တွင် အတ္တနိဗ္ဗာန်ဘုံ တည်ဆောက်နေကြကြောင်း သူက ကြေကွဲဝမ်းနည်းစွာ ညည်းတွား ပြောဆိုခဲ့ပါသည်။ကျနော်သည် သူ၏နာကျင်မှုဝေဒနာကို နားလည်မျှဝေ ခံစားခဲ့ပါသည်။ တချိန်တည်းမှာပင် အာဇာနည်များထဲမှ ကျနော်လေ့လာ သင်ယူခဲ့ဖူးသော လောကသစ္စာ စိန်မှုန်ပွင့်များကိုလည်း ဆင်ခြင် အောက်မေ့မိပါသည်။အထက်တန်းကျောင်းသား အရွယ်လောက်မှစ၍ ‘ဘ၀အနက်အဓိပ္ပာယ်’ အမှန်တရားကို သိနားလည်လိုသော အာသာဆန္ဒ ကျနော့်ရင်မှာ ကိန်းအောင်နေခဲ့ပါသည်။ အဖြေတွေ့နိုးနိုးနှင့် လက်လှမ်းမီသမျှစာအုပ်များ၊ လူပုဂ္ဂိုလ် ဆရာသမားများထံ ကျနော်ဆည်းကပ်ခဲ့ပါသည်။ ရိုးသား စွာဝန်ခံရလျင် ရလာသမျှအဖြေများက ကျနော်၏ဆာလောင်မှုကို မပြေပျောက်စေခဲ့ပါ။ ရင်သည် အလိုမပြည့်မှုဖြင့် လစ်ဟာနေခဲ့ပါသည်။နောင်အခါကျမှသာ ‘ဘ၀ဆိုသည် တရားမျှတမှုကို ထိန်းသိမ်းခြင်းနှင့် မတရားဖိနှိပ်စော်ကားမှုကို ပုန်ကန် တော်လှန်ခြင်း’ ဖြစ်ကြောင်း ကျေနပ်စွာ လက်ခံယုံကြည်နိုင်ခဲ့ပါသည်။ ထိုယုံကြည်မှုကပင် ကျနော့်အား သူပုန် တပ်သား ဘ၀သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။လက်တွေ့ တိုက်ပွဲစစ်မြေပြင်တွင် အဖိနှိပ်ခံပြည်သူအပေါင်း၏ မျက်ရည်များ၊ သွေး၊ ချွေး၊ အသက်များ အဆမတန် စတေးခဲ့ရသည်ကို မြင်တွေ့ လိုက်ရသောအခါ အမှန်တရားအတွက် ပေးဆပ်ရသည့်တန်ဖိုးကား ကြီးမားလွန်းလေစွဟူသော အသိတခု ဖြစ်ပေါ်လာပါသည်။ ထိုအသိက ကျနော့်အား ပုစ္ဆာသစ်တခု ပေးလာ ပါသည်။‘အမှန်တရားအတွက် အသက်စွန့်ဖို့ အသင့်ဖြစ်ရဲ့လား။’ ထိုမေးခွန်းသည် ကျနော့်အတွက် ထိုစဉ်က တုန်လှုပ် ချောက်ချားဖွယ် အမှန်တရားတခု ဖြစ်ခဲ့ပါသည်။ သေခြင်းတရား၏ ရက်စက်မှုဖြင့် စိုထိုင်းအေးစက်နေသော လက်ချောင်းများက ကျနော်၏လည်ပင်းကို ပွတ်သပ်ကျီစယ် လိုက်သလို ခံစားခဲ့ရပါသည်။‘အသင့်ရှိသူ အသက်စွန့်၍ အသင့်မရှိသူ ကြောက်ဒူးတုန်၏။’ ‘ကိုယ်ကျိုးစွန့်သူအနိုင်ရ၍ ကိုယ်ကျိုးကြည့်သူ အညံ့ခံ၏။’ ဤသည်မှာ လက်တွေ့တိုက်ပွဲအတွင်းမှ အငြင်းမထွက်သော အမှန်တရားဖြစ်ပါသည်။ကျနော်သည် ဖိနှိပ်မှုကို ကြောက်ဒူးတုန်အရှုံးပေးသူ မဖြစ်ချင်ခဲ့ပါ။ အသက်စွန့်ရန် အသင့်ရှိပြီး အနိုင်ရသူသာ ဖြစ်ချင်ခဲ့ပါသည်။ ဤတွင် ကျနော့်ကိုယ်တွင်း၌ ပဋိပက္ခတိုက်ပွဲပေါ်ပါသည်။ ကျနော့် အသိဉာဏ်က ကိုယ်ကျိုးစွန့်ဖို့ တောင်းဆိုပြီး ကျနော့်အတ္တက ငြင်းဆန်ပါသည်။မတရားမှုမှန်သမျှကို တိုက်ရသောတိုက်ပွဲသည် မိမိကိုယ်တွင်းမှ အတ္တစိတ်ကို တိုက်ရသော တိုက်ပွဲနှင့် ခွဲမရကြောင်း ထင်ရှားလာပါသည်။ အတ္တစိတ်ကို အနိုင်မတိုက်နိုင်လျှင် မတရားမှု ဆန့်ကျင်ရေးတိုက်ပွဲကိုလည်း ဆုံးခန်းတိုင်ပါဝင်ရေးမှာ မဖြစ်နိုင်ပါ။ မတရားမှု ဆန့်ကျင်ရေး တိုက်ပွဲတွင် မပါဝင်ဘဲ မိမိအတ္တစိတ်ကိုလည်း အနိုင်တိုက်နိုင်မည် မဟုတ်ပါ။ ထိုနှစ်ခုသည် အသက်နှင့် ခန္ဓာလို နှစ်ခုပေါင်းမှ တခုဖြစ်ပါသည်။ ကျနော်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဆင်ရင်း မိမိကိုယ်တွင်းမှ အတ္တစိတ်ကို ချေမှုန်းရန် ပြင်ဆင်ရပါတော့သည်။အတ္တချေမှုန်းရေးတိုက်ပွဲသည် ပုပ္ပါးတောင်ကို ဖြိုရသလို ဖြစ်လေမလား။ကျနော့်အာရုံတွင် အာဇာနည်များ၏ပုံရိပ် ဖျတ်ခနဲ လင်းလက်လာပါသည်။ ကျနော်တို့တိုင်းပြည်သည် အာဇာနည်များ မွေ့လျော်ရာ တိုင်းပြည်ဖြစ်ပါသည်။ ပြာလဲ့ကြည်လင်သော တိမ်စင်နွေည မိုးကောင်းကင်တွင် သူတို့ကို အစဉ်မြင်တွေ့နိုင်ပါသည်။ သူတို့သည် သမိုင်းခေတ်အဆက်ဆက် မတရားဖိနှိပ်စော်ကားမှု မှန်သမျှကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသော သူရဲကောင်းများ ဖြစ်ကြပါသည်။ ကျနော်တို့ကသာ အမှန်တရားအပေါ် သစ္စာစောင့်သိပါက ကျနော်တို့ရင်ထဲမှ သူတို့၏ သစ္စာစကားသံကို အမြဲတစေကြားနေနိုင်သည်သာ ဖြစ်ပါသည်။ သူတို့အကူအညီကို ရယူနိုင်သည်သာ ဖြစ်ပါသည်။သူပုန်တယောက်ဖြစ်သော ကျနော်သည် ဓမ္မတာပင် တကျွန်းနှင့် အကျဉ်းထောင်အုတ်ရိုး အတွင်း နှစ်ကာလအတန်ကြာ နေခဲ့ရပါသည်။ တောပန်းတောင်ပန်းတို့ ဝေနေအောင်ပန်ထားလေ့ ရှိသည့် ရှမ်းရိုးမ တောင်တန်းပေါ်တွင် ပြောက်ကျားစစ်သည်တဦးအဖြစ် ဆယ်စုနှစ်တခုကျော်ကြာ လှည့်ပတ်လှုပ်ရှား တိုက်ခိုက်ခဲ့ဖူးပါသည်။အကျဉ်းထောင်၌ဖြစ်စေ ပြောက်ကျားစစ်မြေ၌ဖြစ်စေ သေအံ့မူးမူး တိုက်ဖော်တိုက်ဖက်များကို ကျနော်ကြိမ်ဖန် များစွာ တွေ့ခဲ့ဖူးပါသည်။ အချို့ ကျနော့်ရင်ခွင်ထက်မှာပင် နောက်ဆုံးထွက်သက်ကို ရှူထုတ်သွားခဲ့ကြပါသည်။ ထိုအတွေ့အကြုံများက ကျနော့်အား သင်ကြားပေးခဲ့သည်မှာ သေခြင်း တရားသည် ကျနော်တို့ ထင်ထားသည်ထက် ပိုမိုရိုးစင်းသည် ဆိုသောအချက်နှင့် အတ္တကင်းစင် ကြည်လင်နေသော သူတို့၏ စိတ်ဓာတ်က ကျနော်တို့ကို အစဉ်နိုးကြား နေနိုင်စေစွမ်းရှိသည်ဆိုသော အချက်ဖြစ်ပါသည်။ကျနော်တို့ကိုချန်ထားရစ်ကာ အမည်မသိ ဝေးလံရာတနေရာသို့ ထွက်ခွာသွားကြသယောင် ထင်ရသော်လည်း ကျနော်တို့ နှလုံးသားထဲတွင် ဆက်လက်ရှင်သန်နေသူများ ဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။သူတို့သည် အဖိနှိပ်ခံလူထုကြီး၏ တရားသောတိုက်ပွဲတွင် ပါဝင်ရင်း သူတို့ကိုယ်သူတို့ မှန်ကန်စွာ ရှာဖွေ တွေ့ရှိသွားသူများ ဖြစ်ပါသည်။ သူတို့ကိုယ်သူတို့ အသိရှိစွာ အသစ်တဖန် ပြန် လည် တည်ဆောက် ခဲ့ကြပါသည်။ သူတို့၏ ခန္ဓာကလာပ်စည်းများ၊ သွေးကြောခက်မြွှာများအတွင်း လှည့်ပတ်ပုန်းခိုနေသော အတ္တစိတ်ကို နောက်ဆုံးထွက်သက်အထိ သတိရှိရှိ တိုက်ပွဲဆင်ခဲ့ကြပါသည်။တိုက်လိုက်ရှုံးလိုက်၊ ထပ်တိုက်လိုက်ထပ်ရှုံးလိုက်နှင့် နောက်ဆုံးတွင်သူတို့ အောင်ပွဲရသွားခဲ့ကြပါသည်။ သူတို့သည် လူ့အဖွဲ့အစည်း ဟောင်းကို ပုန်ကန်ပြောင်းလဲရင်း သူတို့ကိုယ်သူတို့ ပြောင်းလဲပစ်နိုင်စွမ်းရှိသူများ ဖြစ်ပါသည်။ သူတို့သည် အဖိနှိပ်ခံလူသားထုကြီး ချစ်သောအရာကို ချစ်ပြီး မုန်းသောအရာကို မုန်းတတ်ခဲ့ကြပါသည်။ လူထုကြီး ငိုကြွေးသောအခါ သူတို့ ငိုကြွေးကြပီး ရယ်မောပျော်ရွှင်သော အခါသူတို့လည်း ပျော်ရွှင်ရယ်မော ခဲ့ကြပါသည်။သူတို့နှင့်လူထုကြီးအကြား ခြားနားထားသော ဟင်းလင်းပြင်သည် တစတစ ပါးလျား ပျောက်ကွယ် သွားကာ အဆုံး၌ သူတို့သည် လူထုကြီးအဖြစ် လူထုကြီးသည် သူတို့အဖြစ် အပြန်အလှန် ပျော်ဝင်ပေါင်းစည်း သွားကြပါသည်။ လူထုကြီး၏ တန်ခိုးအင်အားမှန်သမျှ သူတို့တဦးချင်းစီ၏ အင်အားအဖြစ် ခုန်ကူးပြောင်း လဲကာ ထိုတန်ခိုးအင်အားမှန်သမျှကို လူထုကြီး၏ တရားသောတိုက်ပွဲအတွက် ပေးဆပ်ခဲ့ကြပါ သည်။အဖိနှိပ်ခံလူထုကြီး၏ တရားသောတိုက်ပွဲနှင့်ကင်း၍ ကျနော်တို့ ကိုယ့်ကိုယ်ကို မှန်ကန်စွာ ရှာဖွေတွေ့ရှိရန်၊ အသစ်တဖန် ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ကျနော်တို့အား သိမြင်လာစေပါသည်။သူတို့သည် အခြားသူများနည်းတူ ဘ၀ကို ချစ်ခင်တွယ်တာတတ်သော မွေးရာပါဗီဇစိတ် ရှိကြသည်သာ ဖြစ်ပါသည်။ အတ္တမြူမှုန်တို့ဖြင့် ဖုံးအုပ်ညစ်ထေးနေသော ထိုဗီဇစိတ်ကို ကိုယ်ပိုင် နိုးကြားမှုအသိစိတ်ဖြင့် တိုက်ပွဲဆင်ဆေးကြောရန် လိုအပ်ကြောင်းကိုလည်း သူတို့ သိမြင်ခဲ့ကြပါ သည်။ ဤသည်မှာ တိုက်ပွဲအတွင်းမှ ရရှိထားသော သူတို့၏ ကိုယ်ပိုင်အသိပညာ ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တဦးချင်း၏ အသိဆိုင်ရာ အတိမ်အနက်ကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အတ္တဗီဇစိတ် ကို တိုက်ချွတ်သန့်စင်နိုင်သည်နှင့်အမျှ ဘ၀အပေါ် သစ္စာရှိစွာ ခင်တွယ်တတ်သလို သစ္စာရှိစွာပင် စွန့်ခွာနိုင်စွမ်းရှိကြောင်း ကျနော်တို့အား နားလည်လာစေပါသည်။မိမိဘ၀ကို ချစ်ခင်တွယ်တာခြင်းသည် လူ့အဖွဲ့အစည်းကြီးအပေါ် ချစ်ခင်တွယ်တာခြင်းနှင့် ခွဲခြားမရကြောင်း၊ လူ့အဖွဲ့အစည်းသည် ပန်းတရုံဖြစ်လျှင် လူသားသည် ပန်းတပွင့်ဖြစ်ပြီး၊ ပန်းရုံ မရှိဘဲ ပန်းမပွင့်နိုင်သလို ပန်းများ မပွင့်သော ပန်းရုံသည် မတင့်တယ်နိုင်ကြောင်း သူတို့၏ လက်တွေ့ လုပ်ဟန်များဖြင့် ကျနော်တို့၏ အသိတရားကို လေးနက်စေပါသည်။ သူတို့သည် လူ့အဖွဲ့အစည်းကြီး၏ ကောင်းကျိုးချမ်းသာအတွက် အသက်ရှင်နေထိုင်ခဲ့ကြပြီး ထိုအတွက်ပင် အသိရှိစွာ သေဆုံး ခဲ့ကြပါသည်။ သူတို့၏ ချစ်သူဇနီးမယားများ၊ မိဘမောင်ဖွား အဆွေခင်ပွန်းများ၊ ရဲဘော် ရဲဘက်များ စသည့် ချိုမြစွာနှောင်ဖွဲ့ထားသော ရွှေရောင် သံယောဇဉ်ပိုးကြိုးများကို ညင်သာစွာ ဖြေလျော့သိမ်းဆည်းကာ တရားမျှတမှုအတွက် သေခြင်းတရားနှင့် စီးချင်းထိုးခဲ့ ကြပါသည်။ သူတို့သည် အသက်ရှင်နေစဉ်မှာပင် ရိုးစင်းသော သေခြင်းတရား၏ လျို့ဝှက်ချက်ကို သိမြင်ကာ ကြောက်ရွံ့ခြင်း ကင်းခဲ့ ကြပါသည်။ အတ္တအညစ်အကြေး စင်ကြယ်သောစိတ်သည် သေခြင်းတရား၏ ရိုးစင်းမှုနှင့် လျို့ဝှက်ချက်ကို နားလည်စေနိုင်ကြောင်း၊ အတ္တနှင့်ကင်းလေ အမှန်တရားနှင့် ပိုနီးလေဖြစ်ကြောင်း သူတို့ ၏ စွန့်လွှတ်မှု အတိုင်းအတာ အမျိုးမျိုးဖြင့် ပြသခဲ့ကြပါသည်။လူအတော်များများအတွက် အနာဂတ်သည် ရောက်မလာသေးသော မရေမရာ အာရုံရိပ်တခု ဖြစ်နေတတ်ပါသည်။ သို့မဟုတ် ဝေးလံသီခေါင်သော မိုးကုပ်စက်ဝိုင်းတံစက်မြိတ်မှေ၀၀ါးဝါး အလင်းတစ ဖြစ်နေတတ်ပါသည်။ သူတို့အဖို့မူ အနာဂတ်သည် သူတို့နှလုံးသားထဲမှ ရှိနေနှင့်ပြီး ထွန်းသစ်စနေတစင်း ဖြစ်ပါသည်။ သူတို့၏ ထက်သန်သော အနာဂတ်အပေါ် ယုံကြည်မှုက အနာဂတ်ကာလတွင်မှ ရရှိမည့် ဆုလာဘ်ကို ပစ္စုပ္ပန်မှာပင် သူတို့အား ချီးမြှင့်အပ်နှင်းလိုက်ပါသည်။ ထိုဆုလာဘ်မှာ တော်လှန်သော သူရဲကောင်းတို့၏ အောင်ပွဲခံစိတ်ဓာတ် ဖြစ်ပါသည်။ အနာဂတ် အောင်ပွဲအပေါ် သံသယရှိသူများ နားမလည်နိုင်သော အရာပင်ဖြစ်ပါသည်။သူတို့သည် ‘အမှောင်တွင်း၌ ကျိန်စာသင့်ပြီး အသက်ရှင်ရခြင်းထက် အလင်းရောင်ကို ရှာဖွေရင်း သေရသည် ကမှ မြတ်သေးသည်’ ဟူသော အမှန်တရားကို သစ္စာရှိစွာ ယုံကြည်နိုင်စွမ်းရှိသူများ ဖြစ်ပါသည်။ သူတို့သည် အလင်းရောင်ကို ရှာဖွေရင်း သူတို့ကိုယ်တိုင်ပင် အလင်းအဖြစ် အဆန်း တကြယ် ပြောင်းလဲသွားခဲ့ကြပါသည်။ အမှန်တရားကို ရှာဖွေရင်း သူတို့ကိုယ်တိုင်ပင် အမှန်တရား ဖြစ်သွားကြပါသည်။အလင်းသည် သူကိုယ်တိုင်က အလင်းဖြစ်မှသာ အခြားအရာများအတွက် အလင်းရောင်ဖြန့် ဝေပေးနိုင်ပါသည်။ အမှန်တရားသည် သူကိုယ်တိုင်က မှန်နေမှသာ အခြားအရာများကို အမှန်မြင် လာအောင် သင်ကြား ပေးနိုင်ပါသည်။ အာဇာနည်များသည် သူတို့၏ကိုယ်ပိုင်အလင်း၊ ကိုယ်ပိုင် အမှန်တရားများဖြင့် လူသားတို့၏ အနာဂတ်ခရီးကို လမ်းပြနိုင်ကြပါသည်။အဓိပ္ပာယ်တခုအရ အာဇာနည်ဆိုသည်မှာ ပုဂ္ဂိုလ်မဟုတ်ပါ၊ အစုအပေါင်းဖြစ်ပါသည်။ မပြည့်စုံမှု မဟုတ်ပါ၊ ပြည့်စုံမှုဖြစ်ပါသည်။ မှားယွင်းမှုမဟုတ်ပါ၊ မှန်ကန်မှုဖြစ်ပါသည်။ အမှောင်ထဲက မမြင်ရသောအရာ မဟုတ်ပါ၊ ကိုယ်ပိုင်အလင်းဆောင် ကြယ်တာရာဖြစ်ပါသည်။ နှိုင်းယှဉ်ချက် မဟုတ်ပါ၊ အကြွင်းမဲ့ဖြစ်ပါသည်။ သေဆုံးမှု မဟုတ်ပါ၊ ထာဝရရှင်သန်ခြင်း ဖြစ်ပါသည်။အခြားအဓိပ္ပာယ်တခုအရဆိုလျှင် သက်ရှိထင်ရှား တိုက်ပွဲကာလ၌ သူတို့သည် လူပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ အမည်နာမကိုယ်စီ ရှိကြပါသည်။ လူမျိုးအသားအရောင် ခြားနားကြပါသည်။ ကျား၊ မလိင်ကွဲပြားပါသည်။ စရိုက်သဘာဝကိုယ်စီ ထွေပြားပါသည်။ အမှန်အမှား ဒွန်တွဲပါသည်။ မွေးဖွားခြင်း သေဆုံးခြင်းမကင်းပါ။ အကြွင်းမဲ့မဟုတ်၊ နှိုင်းယှဉ်ချက်ဖြစ်ပါသည်။ သို့ရာတွင် အဖိနှိပ်ခံလူသားအပေါင်း၏ တရားသောတိုက်ပွဲ ‘လုံ’ အတွင်းထည့်ကာ ဖိုကျင်ထိုး မီးပြင်းပေးလိုက်ပြီးနောက် အပေါ်ယံအကာ ချေးညှော်မှန်သမျှ ကွာကျ သန့်စင်သွားပါသည်။ ငရဲမီးအတင်ခံသော ဇမ္ဗူရာဇ်ရွှေစင်အဖြစ် ဘ၀ကူးသွားပါသည်။ ထိုအရာသည် ကြီးမြတ် သော မဟာအာဇာနည် ဖြစ်ပါသည်။အာဇာနည်ကို ပုဂ္ဂိုလ်နှင့် ယှဉ်တွဲရှုမြင်ခြင်းဖြင့် အမည်နာမရှိသူ သူရဲကောင်းကို တွေ့နိုင်ပါသည်။ ကျနော်တို့ အတွက် အတုယူစရာ စံပြနမူနာပုဂ္ဂိုလ်များ ရရှိစေပါသည်။ သူတို့ကိုယ်သူတို့ ဘယ်လိုပြုပြင် တည်ဆောက်ခဲကြသည်၊ အမှားကိုဘယ်လိုမြင်ပြီး ဘယ်လိုပြင်ခဲ့ကြသည်၊ အခက်အခဲကို ဘယ်လို ကျော်နင်းခဲ့ကြသည် ဆိုသည့် ရပ်တည်မှု၊ အမြင်၊ နည်းနာများကို လေ့လာနားလည် လာစေနိုင်ပါသည်။အာဇာနည်ကို လူပုဂ္ဂိုလ်နှင့် ခွဲခြားရှုမြင်ခြင်းဖြင့် အကောင်အထည်မဲ့သဘော ဖြစ်တည်လာပါသည်။ ကျနော်တို့၏ အခိုင်အမာ လက်တွေ့တိုက်ပွဲတွင်းမှ စုဆောင်းရရှိခဲ့သော တလောကလုံးဆိုင်ရာ အကောင်အထည်မဲ့ အမှန်တရားကို ပိုမိုကြည်လင် ပြတ်သားစွာ နားလည်လာစေနိုင်ပါသည်။ ရေရှည်သဘော၊ တခုလုံးသဘော၊ မုချသဘောတို့၏ ရှေ့နောက်ကြောင်းကျိုးဆီလျော်မှု တသီတတန်းကြီးအပေါ် ယုံကြည်စိတ်ချ နိုင်စွမ်း အားကောင်းလာစေပါသည်။သူတို့သည် လက်တွေ့တိုက်ပွဲတွင်းမှ စုဆောင်းရရှိထားသော အမှန်တရားတို့ကို စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အာဝဇန်းရွှင်စွာ ပြန်လည်သင်ကြား ပြသနိုင်သူများ ဟုတ်ကောင်းမှ ဟုတ်မည်ဖြစ် သော်လည်း သူတို့၏ လက်တွေ့လုပ်ငန်းများဖြင့် အကောင်းဆုံး သင်ကြားပေးနိုင်သည့် ဆရာမြတ် များဖြစ်ပါသည်။ ကျနော်တို့ကသာ ကျိုးနွံစွာ သင်ယူလေ့လာဖို့ လိုပါသည်။သူတို့သည် သူတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သော တိုက်ပွဲရလဒ်များ ခံစားခွင့်မရမီ ကျဆုံးသွားနိုင်သည့်အဖြစ်ကို ကြိုတင်သိမြင်ထားကြသူများ ဖြစ်ပါသည်။ တိုက်ပွဲလမ်းခုလတ်၌ သူတို့၏ အရိုးပုံပေါ်တွင် အတ္တ၀ါဒီများ၊ သစ္စာဖောက် အချောင်သမားများက ခေါင်းပေါင်းစတလူလူဖြင့် အတ္တ နိဗ္ဗာန်ဘုံ တည်ဆောက်နိုင်စရာ ရှိမှုကိုလည်း သိမြင်နားလည်ခဲ့ကြသည်သာ ဖြစ်ပါသည်။ ထိုအဖြစ်မျိုးသည် ကြေကွဲဖွယ်ရာ အထောင်၊ အသောင်းအနက် ကြေကွဲဖွယ်အကောင်းဆုံး၊ နာကြည်း ဖွယ်ရာ အထောင်၊ အသောင်းအနက် နာကြဉ်းဖွယ် အကောင်းဆုံးဖြစ်သည့်တိုင် အောင်ပွဲအတွက် အသက်စွန့်ပေးလှူရန် နောက်ဆုံးပိတ် အာဇာနည်တဦး လိုအပ်နေသည် ဆိုလျှင် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေသူများ ဖြစ်ပါသည်။ရုရှားစာရေးဆရာကြီး မက်ဇင်းဂေါ်ကီ၏ အမေကြီး အိုအီဇာဂျယ်ပုံပြင်ထဲမှ အာဇာနည် ဒန်ကို ၏ တိုက်ပွဲဝင် အောင်ပွဲခံ စိတ်ဓာတ်ဖြင့် သက်ဝင်လှုပ်ရှားနေသော ပုံရိပ်ကို အာရုံပိတ်ကားပေါ်မှာ ထင်မြင်ကြည့် လိုက်ကြစမ်းပါ ဒုက္ခနွံအိုင်ထဲက ဘ၀တူလူသားတို့ အပေါ်ထားရှိသည့် ဟင်းလင်းပြင်လို ကျယ်ပြောနက်ရှိုင်းသော မေတ္တာစိတ်ကြောင့် ကြယ်တစင်းလို လင်းနေသော နှလုံးသားရှိသူ၊ ရင်ကိုခွဲ၍ နှလုံးသား မီးအိမ်နီကို ဆွဲထုတ်ကိုင်မြှောက်ကာ ပူပန်ငိုကြွေးနေသော လူသားအပေါင်းအား လမ်းပြရှေ့ဆောင် ခဲ့သူ၊ ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်ပြီးနောက် ပန်းတိုင်အရောက် လဲကျသေဆုံးချိန်၌ သူ့နှလုံးသား မီးအိမ်ကို ငြိမ်းသတ်ရန် ခြေဖြင့်နင်းချေခဲ့သော စက်ဆုပ်ရွံရှာဖွယ် အမည်မသိလူတယောက်။ သို့တိုင် နှလုံးသားအလင်းသည် ငြိမ်းသေမသွားရုံမက စတက်မြက်ခင်းပြင်ကြီးအနှံ့ ပြန့်သွားခဲ့သည့် အဖြစ်။ ပုံပြင်နိဂုံးသည် နိဂုံးနှင့်မတူဘဲ ဂုဏ်ယူလေးနက်ဖွယ်ရာ၊ တက်ကြွဖွယ်ရာ၊ စက်ဆုပ်နာ ကြည်းဖွယ်ရာတို့ဖြင့် ကမ္ဘာကုန်ကျယ်သရွေ့ ကဆုန်စိုင်းပြေးလွှား စီးဆင်းနေတော့မည့် တောင်ကျ ရေတံခွန်တခု၏ နိဒါန်းအစလို။အောင်ပွဲဥယျာဉ်မုခ်ဦးသို့ ရောက်သည်နှင့် အရေးတော်ပုံအတွက် ရက်ရောစွာ အသက်ပေး လှူခဲ့ကြသူ အာဇာနည် အပေါင်းအား မေ့လျော့ပစ်လိုက်ကြသူများ၊ မေ့လျော့ပစ်လိုသူများ၊ အာဇာနည်တို့၏ အရိုးပုံပေါ်တွင် အတ္တနိဗ္ဗန်ဘုံတည်ဆောက်ကြသူ ကိုယ်ကျိုးရှာသမားများ၊ သစ္စာဖောက် အချောင်သမားများ ဤကမ္ဘာ မြေပြင်ပေါ်တွင် အမှန်တကယ်ပင် ရှိကြပါသည်။ထိခိုက်နာကျင်ဖွယ်ရာ ထိုဖြစ်ရပ်မျိုးအတွက် လေးနက်ပြည့်စုံ၍ ထိုက်တန်တည်ကြည်သော စကားလုံးတလုံး၊ ၀ါကျတကြောင်း ရေးပြရန်မှာ လွန်စွာခက်ခဲလှပါသည်။သို့သော်..ကိစ္စမရှိပါ။ကိုယ်ကျိုးရှာသမားတို့သည် သူတို့၏ ပစ္စုပ္ပန်ခဏအတွက် မအောင်မြင်သော ခိုးယူခြင်းဖြင့် အနာဂတ်ကို ခိုးယူရန် ကြံစည်ကြရင်း အတိတ်၏ အညစ်အကြေးနွံအိုင်ထဲ၌ လဲကျသေဆုံး ရမြဲဖြစ်ပါသည်။ကိုယ်ကျိုးစွန့်သူများကမူ သူတို့၏ကိုယ်ပေါ်မှာ အတိတ်၏ဖုံမှုန့်များကို ပုတ်ခါသန့်စင်လျက် တောက်ပသော အနာဂတ်အတွက် ပစ္စုပ္ပန်၌ မွေ့လျှော်ရှင်သန် တော်လှန်နိုင်စွမ်း ရှိကြသူများ ဖြစ်ပါသည်။မြတ်နိုး(၁၄၊ ၁၂ ၊၂၀၀၅ ခေတ်ပြိုင် အွန်လိုင်းမဂ္ဂဇင်းမှ)

Tuesday, April 21, 2009

ဧပြီလ(၂၀) ရက်၊ ၂၀၀၉

နအဖဟာ ၁၉၉၆-၉၇ ခုနှစ်များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီးနဲ့ တပ်မတော် (ကြည်း၊ လေ) (ခြေလျင်၊ တင့်) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီးတွေကို ထိပ်တန်းလျှို့ဝှက်ချက်အဆင့်နဲ့ ဆင်နွှဲခဲ့ပြီးတဲ့နောက် တပ်မ (၂၂/ ၄၄/ ၅၅/ ၇၇/ ၈၈) တပ်မ ငါးခုစလုံးအား နောက်တန်းဌာနချုပ်များသို့ မပြန်ခိုင်းတော့ဘဲ ကရင်ပြည်နယ် စစ်ဆင်ရေးသို့ ထိုးသွင်းကာ တောက်လျှောက် ထိုးစစ်ဆင်ခဲ့ပါတယ်။အဲဒီနောက် ကြာအင်းဆိပ်ကြီး နယ်မြေတ၀ိုက် စစ်ဆင်ရေး တာဝန်ယူရတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်သိန်းထံ ကေအန်ယူမှ တိုက်ခိုက်ရေး ထူးချွန်တဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲက လက်နက်ချလိုကြောင်း ဆက်သွယ်သတင်းပို့လာပါတယ်။ ဗိုလ်သန်းရွှေက ဒီနေရာမှာ ကေအန်ယူကို စိတ်ဓာတ်ရေးရာ ထိခိုက်ကျဆင်းအောင် လုပ်ရမယ်ဆိုကာ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာ အပါအ၀င် အောက်လမ်းနည်းကိုပါ ရောမွှေစီစဉ်ခိုင်းပါတော့တယ်။ဗိုလ်သန်းရွှေဟာ သဘောထားတင်းမာတဲ့ ဗိုလ်မောင်အေး အပါအ၀င် ဗိုလ်မြင့်အောင်နဲ့ ဝန်ကြီးများအပြင် အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်ကိုပါ စောသမူဟဲအား သွားရောက်တွေ့ဆုံ လက်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ နှစ်ဦးဟာ စစ်သက်တမ်းတလျှောက်မှာ မတွဲစဖူး အတွဲထူးပြီးတော့ စောသမူဟဲရဲ့ လက်နက်ချ အခမ်းအနားကို လုပ်ခဲ့ကြရပါတယ်။အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို မြေမှာ ဗိုလ်မောင်အေးရဲ့  ဖိနပ်နဲ့ ချနင်းဖို့ အောက်လမ်း အစီအမံ တွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လုပ်ခိုင်းရာမှာ နာမည်ကြီး စစ်ဗိုလ် သီချင်းရေး ဆရာ ဗိုလ်မှူးမြသန်းစံ (ကကပြည်) အား ငြိမ်းချမ်းရေးပန်းခင်းသီချင်းအား အမြန်ရေးသား စပ်ဆိုခိုင်းကာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ခိုင်းခဲ့ပါတယ်။ဒီနေရာမှာ စစ်အစိုးရဲ့ ပျင်းရိဖွယ်ကောင်းလှပြီး လက်တွေ့မရှိတဲ့ မူဝါဒတွေ ဦးတည်ချက်တွေကို ပြည်သူတွေ နားဝင်ချိုအောင် ဆွဲဆောင်နိုင်အောင် အနုပညာပီသစွာ စပ်ဆိုပေးနိုင်တဲ့ စစ်သားတပိုင်း၊ အနုပညာရှင်တပိုင်း ပါရမီရှင် ဗိုလ်မှူးမြသန်းစံဟာ တပ်က ထွက်လိုက်ရတာမို့ နှမြောစရာ ကောင်းလှပါတယ်။ တပ်က ထွက်လိုက်ရတဲ့ အကြောင်းရင်းကလည်း သူ့အား အမိန့်အာဏာတွေနဲ့ ဇွတ်တရွတ် လုပ်ခိုင်းနေတာမို့ အနုပညာဟာ အာဏာနဲ့ အမိန့်ပေးပြီး ချက်ချင်းရေးခိုင်းလို့ ရတာမျိုး မဟုတ်ဘဲ ဈာန်ဝင်မှ လုပ်ရတာဖြစ်ကြောင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးကာ သံစဉ်နဲ့စာသား ချောမွေ့အောင်ထည့်ပြီးမှ လုပ်ပေးနိုင်မယ်လို့ အာဏာရှင်တွေကို ပြန်ပြောခဲ့တဲ့အတွက် အချေအတင်ဖြစ်ခဲ့ရာက ပြန်လည်တုံ့ပြန်ခဲ့ကာ တပ်မှ ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာ ရှင်တွေဟာ သူတို့ လိုချင်ပြီဆိုရင် ပြည်သူကို မဆိုထားနဲ့ မိမိလက်အောက်ခံ အရာရှိတွေကိုတောင် နိုင်ထက် စီးနင်း အမိန့်နဲ့ အာဏာသုံးကာ နှိပ်ကွပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲဒီတုန်းက လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လွှတ်လိုက်တဲ့ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်အောင်ကလည်း ကြာအင်းဆိပ်ကြီးမြို့က ရှေ့တန်းနယ်မြေ ကျိုက်ဒုံစခန်းမှာ ဖင်ပူအောင် မနေနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးကို ပြီးစလွယ် လုပ်ပေးကာ ပြန်ပြေးသွားခဲ့ပါတယ်။ သူဟာ တပ်မ (၄၄) တပ်မမှူးဘ၀နဲ့ ကရင်ပြည်နယ်ရဲ့  အကျိုးကျေးဇူးကြောင့် ရာထူးတက်သွားခဲ့တာကိုတောင် ဘ၀မေ့သွားကာ ကရင်ဒေသရဲ့ ဖွံ့ဖြိုးရေးကို ဂရုမစိုက်တာကတော့ တရားကျစရာ ကောင်းလှပါတယ်။နအဖဟာ သမူဟဲလို လက်နက်ချပြီး ၀င်ရောက်လာတာမျိုးကိုလည်း စနစ်တကျ လုံခြုံရေး စီမံမှုနဲ့ ကာကွယ် စောင့်ရှောက်မှု မပေးဘဲ ပစ်ထားတာကြောင့် သူ့ရဲ့မိသားစု ပစ်သတ်ခံရတာမျိုး ဖြစ်ပွားခဲ့တာမို့ တိုင်းရင်းသား တွေအနေနဲ့ အထူးသတိထားသင့်လှပါတယ်။ နအဖအပေါ် အားကိုးတကြီး လက်နက်ချပြီး ၀င်ရောက်လာတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက်မရှိရင် အနိုင်ကျင့်ခံရမယ့်အပြင် လုပ်ကြံပစ်သတ်ခံရတဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ မလွဲမသွေ တနေ့ ကြုံတွေ့ရမှာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ကေအန်ယူက သစ်တောရေးရာဝန်ကြီး ဖဒိုအောင်ဆန်းကတော့ သစ်ကိစ္စပြဿနာ တက်လာလို့ ဘားအံမှာရှိတဲ့ ထောက်လှမ်းရေး တပ် (၂၅) က တပ်မှူး ဗိုလ်မှူးခင်မောင်ကြည်မှ တဆင့် လက်နက်ချဖို့ ဆက်သွယ်ကာ နအဖထံ ၀င်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖဒိုအောင်ဆန်းဟာ နအဖရဲ့ အရိုးအရင်း ချကျွေးထားတဲ့ ပါမစ်တွေကို လောဘဇောတက်ပြီး ဈေးကစားရာ ပွဲစားပေါင်းစုံ ရှုပ်ထွေးလာပြီး ပွဲစားတချို့က မကျေနပ်ဘဲ တိုင်ကြားလာ တာကြောင့် သူကိုယ်တိုင်လာမှ ပစ္စည်းထုတ်ပေးမယ်လို့ သက်ဆိုင်ရာက ခေါ်ပြောရတဲ့အထိ ရှုပ်ထွေးမှု ဖြစ်ခဲ့ ပါတယ်။ ပွဲစားကုလားတဦးဆိုရင် စရန်ငွေပေးထားလျက်နဲ့ ဖဒိုအောင်ဆန်းဟာ တခြားမှာ ဒီထက်ဈေးကောင်းရလို့ ကတိဖျက်ပြီး ပါမစ် မပေးတော့တာမို့ သွားရောက်တောင်းဆိုခဲ့ရာ ဖဒိုအောင်ဆန်းက သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့ ကြောင်း သိရှိရပါတယ်။ဖဒိုအောင်ဆန်းဟာ အမျိုးသားညီလာခံ တက်နေစဉ်မှာလည်း နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု လုံးဝမရှိသူ ဖြစ်ပါ တယ်။ ဒါ့အပြင် သွားချင်ရာသွားကာ ညီလာခံမှ ရုတ်တရက် နေအိမ်သို့ ပြန်သွားသလို၊ တည်းခိုဆောင်ကို ထောက်ပံ့စရိတ်လာပေးတဲ့ လွှတ်တော်ရုံးက မိန်းမပျို နှစ်ဦးအား သူ့အပြော “အားဆေး” ခေါ် တိုင်းရင်းဆေးတွေကို ပါးစပ်ထဲ အတင်းခွံ့ကျွေးလို ကျွေးပြီး ပေါက်တတ်ကရ နေသူဖြစ်ကြောင်း သိရပါတယ်။နအဖဟာ နိုင်ငံရေးအရ အသုံးချလိုတဲ့အခါမှာတော့ ဖဒိုအောင်ဆန်းကို သတင်းထောက်တွေနဲ့ သတင်းဌာနတွေ ရှေ့မှာ နအဖကောင်းကြောင်း ရှင်းလင်းပြောဆိုခိုင်းတာမို့ လူတတ်ကြီးလုပ်ပြီး နိုင်ငံရေး ပါရဂူသဖွယ် ကင်မရာရှေ့မှာ နအဖအလိုကျ ကားရားကားရား လုပ်ပြပုံကဖြင့် သနားစရာ ကောင်းလှပါတယ်။ တကယ်တော့ ဖဒိုအောင်ဆန်းဟာ နအဖရဲ့  ကြိုးဆွဲရာကို ကနေရရှာတဲ့ မျောက်ကြီးသဖွယ် အသုံးတော် ခံနေရတဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်နေသူသာ ဖြစ်ပါတယ်။ နအဖဟာ သမူဟဲနဲ့ ဖဒိုအောင်ဆန်းကို ကြည့်ပြီး တိုင်းရင်းသားတွေ အပေါ်မှာ အထင်သေး နှိမ့်ချဆက်ဆံမှုတွေနဲ့ အကြွင်းမဲ့ လက်နက်ချခိုင်းရေးကိုသာ အားသန်နေပါတယ်။နအဖဟာ ကေအန်ယူကို အင်အားချည့်နဲ့စေဖို့သာ ကြံရွယ်ပြီး ကေအန်ယူဗဟိုနဲ့ တိုက်ရိုက် မဆွေးနွေးသေးဘဲ တပ်မဟာမှူးတွေကို တိုက်ရိုက် Deal လုပ်ကာ ဖဲ့ထုတ်ခဲ့ပါတယ်။ ကေအန်ယူအင်အားချည့်နဲ့ပြီး ဘေးကျပ်နံကျပ်ဖြစ်အောင် ဖန်တီးပြီးမှ ကေအန်ယူဗဟိုကို အထက်စီးနဲ့ ဆွေးနွေးမယ်လို့ နအဖက ကြံစည်ထားခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ မှူးတွေ ဖြစ်ကြတဲ့ ဗိုလ်အော်လီဗါနဲ့ ဗိုလ်ရွှေဆိုင်းတို့က သစ္စာရှိကြလို့ နအဖရဲ့  သွေးခွဲမှုအား ငြင်းဆန်ခဲ့ကြပြီး တပ်မဟာ (၇) မှူး ဗိုလ်ထိန်မောင်ကိုတော့ နအဖ ဗိုလ်မြတ်ထွန်းဦးက ထပ်မံ ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဗိုလ်ထိန်မောင် နအဖကို အညံ့ခံပူးပေါင်းရာမှာ တပ်မဟာတခုလုံး မပါဘဲ အင်အားအနည်းငယ်သာရှိလို့ နအဖက ဘ၀င်မကျကာ ပစ်ထားရာ လိုက်ပါသွားသူ တချို့တောင် နောင်တရပြီး ပြန်ပြေးခဲ့ကြပါတယ်။ ဗိုလ်ထိန်မောင်လည်း မထူးဇာတ်ခင်းပြီး နအဖ အလိုကျ ကနေရပါတယ်။တကယ်တော့ နအဖဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တန်းတူအခွင့်အရေးမျိုး ပေးဖို့ နေနေသာသာ ဘာတခုမှ တင်ပြပိုင်ခွင့် မရှိတဲ့ ညီလာခံအတုအယောင်က တဖက်သတ် ဥပဒေနဲ့အတူ ဗြောင်ကျကျ အနိုင်ကျင့် ယူထားတဲ့ စစ်ဗိုလ်တမတ်သားရယ်၊ ကြံ့ဖွံ့ရယ်၊ စစ်အစိုးရ လက်ဝေခံ ကုန်သည်စီးပွားရေး လုပ်ငန်းရှင်ရယ်၊ ဌာနဆိုင်ရာ အသွင်ပြောင်း စစ်ဗိုလ်လူထွက်ရယ် စတဲ့ ကိုယ်စားလှယ်အတုတွေနဲ့သာ လူထုကိုလိမ်ညာကာ မျက်လှည့်ပွဲကြီးကို ကျင်းပပါတော့မယ်။ဒါကြောင့် လူနည်းစု ကောင်းစားရေးသာရှိပြီး တတိုင်းပြည်လုံး ကျွန်ဖြစ်တာထက် ဆိုးဝါးအုံးမယ့် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုင်းရင်းသားတွေအားလုံးမှာ လုံးဝ တာဝန်ရှိပါတယ်။ အာဏာသိမ်းထားတဲ့ ဒီစစ်အာဏာရှင် လက်ထက်မှာတောင် ဒီလောက် နွံနစ်နေရင် ရွေးကောက်ပွဲ ပြီးရင်တော့ ပေးထားတဲ့ မရှိမဲ့ ရှိမဲ့ အခွင့်အရေးလေးကို ပြန်သိမ်းလိုက်မှာ သေချာသလောက်ရှိတယ်ဆိုတာ ယနေ့ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးသိထားဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျား။